အာဆင္နယ္ အသင္းရဲ႕ ေနာက္ခံ ကစားသမားသစ္ ပါဘလုိ မာရီကေတာ့ လီဗာပူးလ္အသင္းရဲ႕ ၾကယ္ပြင့္ ကစားသမားေတြ ျဖစ္တဲ့ ဆာလတ္ နဲ႔ မာေနးတုိ႔ဟာ သူလုိ ငါလုိ သာမန္လူေတြပါလုိ႔ ေျပာသြားခဲ့တာ ျဖစ္ပါတယ္။ ပါဘလုိ မာရီဟာ ဖလာမင္ဂုိအသင္းကေန အာဆင္နယ္အသင္းကုိ ေျပာင္းေရႊ႕လာၿပီး ဖလာမင္ဂုိအသင္းမွာ ကစားခဲ့စဥ္က ကလပ္ကမၻာ့ဖလား ၿပိဳင္ပဲြမွာ လီဗာပူးလ္ အသင္းနဲ႔ ကစားခဲ့ရတာေၾကာင့္ ဆာလတ္ နဲ႔ မာေနးတုိ႔ကုိ ေနာက္တန္းမွာ ရင္ဆုိင္ခဲ့ဖူးပါတယ္။

Photo Credit: Football London

အာဆင္နယ္အသင္းဟာ ပါဘလုိ မာရီကုိ ရာသီကုန္အထိ အငွားနဲ႔ ေခၚယူခဲ့ၿပီး သေဘာက်ပါက အျပီးသတ္ ေခၚယူႏုိင္ခြင့္လည္း ရွိတာေၾကာင့္ ေျခစြမ္းသာ တိုးတတ္လာမယ္ဆုိရင္ အၿပီးသတ္ ေခၚယူမွာ ေသခ်ာပါတယ္။ ပါဘလုိ မာရီကေတာ့ ကလပ္ကမၻာ့ဖလား ဗုိလ္လုပဲြမွာ လီဗာပူးလ္ အသင္းနဲ႔ ကစားခဲ့ရတဲ့ အေတြ႔အႀကံဳကုိ ျပန္လည္ ေျပာျပခဲ့ၿပီး လီဗာပူးလ္ ၾကယ္ပြင့္ေတြ ျဖစ္တဲ့ ဆာလတ္ နဲ႔ မားေနက အျခား လူေတြလုိပဲ သာမန္လူေတြပါပဲလုိ႔ စိန္ေခၚသြားတာ ျဖစ္ပါတယ္။

Photo Credit: Football London

ေနာက္ခံလူ ပါဘလုိ မာရီက “ဆာလတ္ နဲ႔ မာေနးတုိ႔ကုိ ရင္ဆုိင္ရတာက အလြန္ ေကာင္းမြန္တဲ့ အေတြ႔အႀကံုပါပဲ။ အသင္းႀကီးေတြနဲ႔ ကစားရတာက တကယ္ စိတ္လႈပ္ရွားဖုိ႔ ေကာင္းလွပါတယ္။ ကြ်န္ေတာ္ ေျခစြမ္းျပခဲ့တယ္လု႔ိ ကြ်န္ေတာ္ ထင္ပါတယ္။ ေနာက္ဆုံးေတာ့လည္း ဆာလတ္ေရာ မာေနးေရာ အျခားလူေတြလုိ သာမန္လူေတြပါပဲ။ သိသာတာ တစ္ခ်က္က အခုအခ်ိန္မွာ သူတုိ႔ ပုံစံေကာင္း ရရွိထားၾကတယ္။ သူတုိ႔ ကမၻာ့ အေကာင္းဆုံးေတြမွာပါပါတယ္”လုိ႔ ေျပာခဲ့ပါတယ္။

{Unicode}

အာဆင်နယ် အသင်းရဲ့ နောက်ခံ ကစားသမားသစ် ပါဘလို မာရီကတော့ လီဗာပူးလ်အသင်းရဲ့ ကြယ်ပွင့် ကစားသမားတွေ ဖြစ်တဲ့ ဆာလတ် နဲ့ မာနေးတို့ဟာ သူလို ငါလို သာမန်လူတွေပါလို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။ ပါဘလို မာရီဟာ ဖလာမင်ဂိုအသင်းကနေ အာဆင်နယ်အသင်းကို ပြောင်းရွှေ့လာပြီး ဖလာမင်ဂိုအသင်းမှာ ကစားခဲ့စဉ်က ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ လီဗာပူးလ် အသင်းနဲ့ ကစားခဲ့ရတာကြောင့် ဆာလတ် နဲ့ မာနေးတို့ကို နောက်တန်းမှာ ရင်ဆိုင်ခဲ့ဖူးပါတယ်။

Photo Credit: Football London

အာဆင်နယ်အသင်းဟာ ပါဘလို မာရီကို ရာသီကုန်အထိ အငှားနဲ့ ခေါ်ယူခဲ့ပြီး သဘောကျပါက အပြီးသတ် ခေါ်ယူနိုင်ခွင့်လည်း ရှိတာကြောင့် ခြေစွမ်းသာ တိုးတတ်လာမယ်ဆိုရင် အပြီးသတ် ခေါ်ယူမှာ သေချာပါတယ်။ ပါဘလို မာရီကတော့ ကလပ်ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ လီဗာပူးလ် အသင်းနဲ့ ကစားခဲ့ရတဲ့ အတွေ့အကြုံကို ပြန်လည် ပြောပြခဲ့ပြီး လီဗာပူးလ် ကြယ်ပွင့်တွေ ဖြစ်တဲ့ ဆာလတ် နဲ့ မားနေက အခြား လူတွေလိုပဲ သာမန်လူတွေပါပဲလို့ စိန်ခေါ်သွားတာ ဖြစ်ပါတယ်။

Photo Credit: Football London

နောက်ခံလူ ပါဘလို မာရီက “ဆာလတ် နဲ့ မာနေးတို့ကို ရင်ဆိုင်ရတာက အလွန် ကောင်းမွန်တဲ့ အတွေ့အကြုံပါပဲ။ အသင်းကြီးတွေနဲ့ ကစားရတာက တကယ် စိတ်လှုပ်ရှားဖို့ ကောင်းလှပါတယ်။ ကျွန်တော် ခြေစွမ်းပြခဲ့တယ်လု့ိ ကျွန်တော် ထင်ပါတယ်။ နောက်ဆုံးတော့လည်း ဆာလတ်ရော မာနေးရော အခြားလူတွေလို သာမန်လူတွေပါပဲ။ သိသာတာ တစ်ချက်က အခုအချိန်မှာ သူတို့ ပုံစံကောင်း ရရှိထားကြတယ်။ သူတို့ ကမ္ဘာ့ အကောင်းဆုံးတွေမှာပါပါတယ်”လို့ ပြောခဲ့ပါတယ်။