အာဆင်နယ်အသင်းရဲ့ ကွင်းလယ်မှာ တစ်ထောင့်တစ်နေရာကနေ ပါဝင်အားဖြည့်ခဲ့ဖူးတဲ့ အီဂျစ်ကွင်းလယ်လူ အယ်နီနီကတော့ လက်ရှိ သူကစားနေတဲ့ တူရကီလိဂ်ရဲ့ အသင်းတစ်သင်းဖြစ်တဲ့ ဖီနာဘာချီအသင်းထံကို သူ့ရဲ့ အသင်းဖော်ဟောင်းဖြစ်သူ မီဆွတ်အိုဇေးလ်က ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေတယ်လို့ အင်တာဗျူးတစ်ခုမှာ ဖွင့်ဟပြောဆိုလာခဲ့ပါတယ်။ အယ်နီနီနဲ့ အိုဇေးလ်တို့ဟာ အာဆင်နယ်ရဲ့ ကွင်းလယ်ပိုင်းမှာ အတူတွဲဖက် ကစားခဲ့ဖူးသူတွေဖြစ်ပြီး လက်ရှိမှာတော့ အယ်နီနီဟာ တူရကီကလပ် ဘီဆစ်တပ်အသင်းမှာ ကစားနေသူပဲ ဖြစ်ပါတယ်။

Photo Credit: Express.com

အသက်၃၁နှစ်အရွယ် အိုဇေးလ်ဟာ လက်ရှိ ဘောလုံးရာသီမှာ အာဆင်နယ်အသင်းအတွက် ခြေစွမ်းကောင်းတွေကို တသမတ်ထဲ ပြသထားနိုင်ခြင်းမရှိခဲ့တာကြောင့် ဘောလုံးကျွမ်းကျင်သူတွေရဲ့ ဝေဖန်မှုတွေကို ခံနေရပြီး ယခုနှစ် ဘောလုံးရာသီကုန်ဆုံးချိန်မှာ အာဆင်နယ်အသင်းမှ ထွက်ခွာသွားဖို့ နီးစပ်နေသူပါ။ လက်ရှိမှာတော့ အိုဇေးလ်ကို ခေါ်ယူဖို့ တူရကီကလပ် ဖီနာဘာချီအသင်းက စိတ်ဝင်စားနေပြီး အိုဇေးလ်ကလည်း တူရကီသမ္မတနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိသလို တူရကီနိုင်ငံမှာ အခြေချလိုစိတ်ရှိတာကြောင့် အဆိုပါ အပြောင်းအရွှေ့ဟာ ဖြစ်ပေါ်လာဖို့ လမ်းစများနေပါတယ်။

Photo Credit: Express.com

ဖီနာဘာချီအသင်းထံ ပြောင်းရွှေ့လာနိုင်တဲ့ အိုဇေးလ်ရဲ့အကြောင်းကို အယ်နီနီက ” မီဆွတ် က ဖီနာဘာချီအသင်းကို တကယ်ချစ်ပါတယ်။ သူက အသင်းနဲ့ပရိသတ်တွေရဲ့ အကြောင်းကို အမြဲတမ်းမေးလေ့ရှိတဲ့သူလည်း ဖြစ်ပါတယ်။ ကျွန်တော်ကတော့ သူဟာ ဖီနာဘာချီအသင်းကို ပြောင်းရွှေ့လာမယ်လို့ ထင်နေပါတယ်။ သူက အမြဲတမ်း ဖီနာဘာချီအသင်းရဲ့ သီချင်းတွေကို ဆိုပြီး ကျွန်တော့်ကို စနောက်လေ့ရှိပါတယ် ” လို့ ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ အိုဇေးလ် ဟာ လက်ရှိပရီးမီးယားလိဂ်ဘောလုံးရာသီမှာ အသင်းအတွက် ၁၇ပွဲပါဝင်ကစားပေးထားချိန် မှာ ၁ဂိုးသွင်းယူ ၁ဂိုးဖန်တီးပေးထားနိုင်သူပါ။