ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ အာဆင်နယ် အသင်းရဲ့ လုပ်ခလစာ အများဆုံး ကစားသမား တစ်ဦးဖြစ်တဲ့ ဂျာမန် ကွင်းလယ် တိုက်စစ် ကစားသမား အိုဇေးလ်ဟာ အီတလီ စီးရီးအေရဲ့ နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ ဂျူဗင်တပ် အသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်မှုတွေ ရှိနေကြောင်း အီတလီ အခြေစိုက် နာမည်ကြီး သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ အသက် ၃၂နှစ် အရွယ် ကွင်းလယ် တိုက်စစ် ကစားသမား မီဆွတ် အိုဇေးလ်ဟာ အာဆင်နယ် အသင်းမှာ တစ်ပတ်လုပ်ခ ပေါင် ၃သိန်းခွဲ အထိ ရရှိနေတဲ့ ကစားသမား တစ်ဦးဖြစ်ပေမယ့် တရုတ်နိုင်ငံရဲ့ အရေးကိစ္စမှာ ပါဝင်မိခဲ့တာကြောင့် အသင်းရဲ့ လူစာရင်း ကနေ ဖယ်ရှား ခံခဲ့ရသူလည်း ဖြစ်ပါတယ်။

Photo Credit: Standard

ဒါ့အပြင် အာဆင်နယ် အသင်းဟာ အိုဇေးလ်ကို အသင်းမှာ ဆက်လက် သုံးစွဲဖို့ ဆန္ဒ မရှိတော့သလို အိုဇေးလ်ရဲ့ မြင့်မားတဲ့ လုပ်ခလစာကိုလည်း ဆက်လက် ပေးချေလိုခြင်း မရှိတာကြောင့် လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာလိုက ထွက်ခွာနိုင်ကြောင်း ခွင့်ပြု ပေးထားပါတယ်။ အီတလီ နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ Tutto Sports သတင်းဌာနရဲ့ ဖော်ပြချက် အရတော့ အာဆင်နယ် အသင်းဟာ အိုဇေးလ်ကို ကြိုက်နှစ်သက်ရာ အသင်းဆီ ပြောင်းရွှေ့ခွင့် ပေးထားပြီး အိုဇေးလ်ရဲ့ အေးဂျင့်ဖြစ်သူ သူ့ရဲ့ ကစားသမား ဖြစ်သူကို စီးရီးအေ အင်အားကြီး အသင်း တစ်သင်း ဖြစ်တဲ့ ဂျူဗင်တပ် အသင်းထံ ပြောင်းရွှေ့ စေချင်နေကာ သူ့ရဲ့ ကစားသမားကို ခေါ်ယူလိုက ခေါ်ယူနိုင်ကြောင်း ဂျူဗင်တပ် အသင်းထံ ကမ်းလှမ်းထားကြောင်း သိရပါတယ်။

Photo Credit: Standard

အိုဇေးလ်ဟာ အာဆင်နယ် အသင်းနဲ့ စာချုပ်သက်တမ်း ၆လသာ ကျန်ရှိတော့တဲ့ ကစားသမား တစ်ဦး ဖြစ်တာကြောင့် ယခုနှစ် ဘောလုံးရာသီ အကုန်မှာ အသင်းကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ နိုင်မယ့် ကစားသမား တစ်ဦးဖြစ်သလို လက်ရှိမှာလည်း သူ့ကို ခေါ်ယူဖို့အတွက် တူရကီကလပ် ဖီနာဘာချီ အသင်းက ဆွေးနွေးမှုတွေ ပြုလုပ် နေပါတယ်။ ဒါပေမယ့် အိုဇေးလ်ဟာ ဖီနာဘာချီ အသင်းထံ မပြောင်းရွှေ့မီမှာ သူ့ရဲ့ ခြေစွမ်းပိုင်းနဲ့ ပတ်သတ်ပြီး သက်သေပြမှု တချို့ကို ပြုလုပ်ချင် နေတာကြောင့် သူ့ရဲ့ အသင်းဖော်ဟောင်း ဖြစ်သူ ရိုနယ်ဒို ရှိနေတဲ့ ဂျူဗင်တပ် အသင်းထံ ကာလတို အငှားနဲ့ သွားရောက် ကစားချင်နေကာ ဂျူဗင်တပ် အသင်းကတော့ အိုဇေးလ်ရဲ့ လုပ်ခလစာကို ပေါင် ၁သိန်း ဝန်းကျင်သာ ပေးချေ ပေးရမယ် ဆိုပါက ခေါ်ယူချင်နေကြောင်း နီးစပ်သူတွေက ဆိုထားပါတယ်။