ကဲ အပတ်စဉ် တင်ဆက်ပေးနေကြ ဂုရုကြီး မိုက်ကယ် အိုဝင်ရဲ့ ထူးရှယ် ခန့်မှန်းသုံးသပ်ချက်တွေကို တင်ဆက်ပေးဖို့ အချိန်အခါ ကျရောက်လာပြန်ပါပြီ။ ပြီးခဲ့တဲ့ တပတ်မှာ အလွဲများခဲ့တဲ့ မိုက်ကယ် အိုဝင် တယောက် ဒီတပတ်မှာရော အမှန်များမလား ၊ အလွဲများမလား ဆိုတာ ဆက်လက် စောင့်ကြည့်ရအောင်ဗျာ။

Photo Credit: Metro

ချယ်လ်ဆီးက ဘရန့်ဖို့ဒ်နဲ့ ပွဲစဉ်မှာ အတော်လေး ကံကောင်းခဲ့ပြီး မန်ဒီရဲ့ လက်စွမ်းက အထင်ကြီးစရာ ကောင်းပါတယ်။ ဘယ်အသင်းမှတော့ အမြဲတမ်း ကစားပုံ မကောင်းနိုင်ပါဘူး။ ချယ်လ်ဆီး ကတော့ ကစားပုံ မကောင်းခဲ့ပေမယ့် သူတို့မှာ အနိုင်ရနိုင်စွမ်း ရှိကြောင်းကို သက်သေပြထားပါတယ်။ နောဝှစ်ချ် ကတော့ ဒီရာသီမှာ သွင်းဂိုး ၂ဂိုးသာ ရထားပါတယ်။ ဒါက ဒီလိဂ်မှာ ရှင်သန်ဖို့ လုံလောက်တဲ့ စွမ်းဆောင်ရည် မဟုတ်ပါဘူး။ အစကတော့ ဒီရာသီမှာ သူတို့တွေက သွင်းဂိုးတွေ အများကြီး သွင်းယူနိုင်သလို ပေးဂိုးတွေလည်း အများကြီး ရှိလိမ့်မယ်လို့ ထင်ခဲ့ပေမယ့် သူတို့က သွင်းဂိုးတွေတောင် မသွင်းနိုင်သေးပါဘူး။

ဒါကြောင့် ဒီပွဲမှာတော့ ချယ်လ်ဆီးအသင်းက သက်တောင့်သက်သာပဲ ၃-၀ ဆိုတဲ့ ရလဒ်နဲ့ နိုင်သွားမယ်လို့ ထင်ပါတယ်။

ခန့်မှန်းရလဒ် – ချယ်လ်ဆီး ၃-၀ နောဝှစ်ချ်

Photo Credit: Metro

မန်ယူနဲ့ လီဗာပူး (တနင်္ဂနွေနေ့ည ၁၀နာရီ)

ကျွန်တော်ကတော့ ဒီပွဲကို ကြည့်ဖို့ မစောင့်နိုင်တော့ပါဘူး။ ပြီးခဲ့တဲ့ လက်စတာမြို့မှာတော့ မန်ယူအသင်းရဲ့ ခြေစွမ်းက စိတ်ပျက်စရာ ကောင်းခဲ့ပါတယ်။ သူတို့က အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပေမယ့် ခံစစ်ပိုင်းက အတော်လေး လျော့ရဲခဲ့ပါတယ်။ ဒါကြောင့်လည်း လက်စတာအသင်းက အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပြီး မန်ယူအသင်းရဲ့ ဖိအားပေး ကစားမှုကို ကျော်ဖြတ်နိုင်ခဲ့တာပါ။ သူတို့က အရမ်းကို ထိုးဖောက်ရ လွယ်ကူတဲ့ အသင်းတသင်း ဖြစ်နေပါတယ်။ ဆိုးလ်ရှားအနေနဲ့ ဒါကို ပြင်ဆင်နိုင်ဖို့ လိုပါမယ်။

လီဗာပူးအသင်း အကြောင်းကို ပြောရမယ် ဆိုရင် ပထမဦးဆုံး ပြောရမယ့် ကစားသမားက ဆာလာပါ။ အခုချိန်မှာ သူက ကမ္ဘာ့အကောင်းဆုံး ကစားသမား ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါတယ်။ ပြီးခဲ့တဲ့ တပတ်မှာ သူ သွင်းခဲ့တဲ့ သွင်းဂိုးက အတော်လေး အဆင့်မြင့်ပါတယ်။ အခုချိန်မှာ သူက တားဆီးရခက်တဲ့ ကစားသမား ဖြစ်နေပြီး မန်ယူအသင်းရဲ့ နောက်တန်းက သူ့ကို ထိန်းချုပ်နိုင်ဖို့ အတော်လေး ကြိုးစားရမယ် ထင်ပါတယ်။

မန်ယူအသင်းက ပြီးခဲ့တဲ့ တပတ်ကထက် ပိုပြီး ကောင်းတဲ့ ခြေစွမ်းမျိုးကို ပြသနိုင်မယ်လို့ ထင်ပါတယ်။ ဒါပေမယ့် လီဗာပူးအသင်းကပဲ ဒီပွဲကို နိုင်သွားပါလိမ့်မယ်။ ကျွန်တော့်ရဲ့ ခန့်မှန်းချက် ကတော့ ၂-၁ပါ။

ခန့်မှန်းရလဒ် – လီဗာပူး ၂-၁ မန်ယူ

Photo Credit: Metro

အခြားပွဲများ အတွက် ခန့်မှန်းရလဒ်များ

အာဆင်နယ် ၁-၁ ဗီလာ (ပွဲပြီးရလဒ် အာဆင်နယ် ၃-၁ ဗီလာ)
ပဲလေ့စ် ၂-၁ နယူးကာဆယ်
လိဒ် ၁-၁ ဝုဗ်
အဲဗာတန် ၃-၁ ဝက်ဖို့ဒ်
ဆောက်သမ်တန် ၀-၁ ဘန်လေ
ဘရိုက်တန် ၀-၂ မန်စီးတီး
ဝက်စ်ဟမ်း ၂-၁ စပါး
ဘရန့်ဖို့ဒ် ၁-၂ လက်စတာ