၂၀၂၁ ခုနှစ်ရဲ့ ပထမဆုံးသော ပရီးမီးယားလိဂ် ပွဲစဉ်တွေကို ဒီတစ်ပတ် ပိတ်ရက်မှာ ကစားသွားမှာ ဖြစ်ပြီးတော့ စောင့်ကြည့်ချင်စရာ အကောင်းဆုံး ပွဲစဉ် အဖြစ် ချယ်လ်ဆီး အသင်း နဲ့ မန်ချက်စတာ စီးတီး အသင်း တို့ရဲ့ ပွဲစဉ်က စောင့်ကြိုနေပါတယ်။ နည်းပြ လမ်းပတ် ရဲ့ ချယ်လ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ ငါးပွဲမှာ သုံးပွဲအထိ ရှုံးနိမ့်ထားခဲ့ပြီးတော့ အမှတ်ပေးဇယား ရဲ့ အဆင့် ၆ နေရာကို ရောက်ရှိနေခဲ့ပါတယ်။ ဂွာဒီယိုလာရဲ့ မန်စီးတီး အသင်းဟာလည်း ပွဲမစမီမှာ ရောဂါရှိမရှိထပ်မံစစ်ဆေးသွားဖို့ ရှိနေပြီးတော့ အကယ်၍သာ နောက်ထပ် ရောဂါပိုးကူးစက်ခံရတဲ့ ကစားသမားတွေ ရှိနေရင် ထိုပွဲစဉ်ကို ကစားသမား အများအပြား လွဲချော်သွားရဖို့ ရှိနေပါတယ်။ နာမည်ကြီး ပွဲကြိုခန့်မှန်းသူ တစ်ဦးဖြစ်တဲ့ မိုက်ကယ် အိုဝင် ကတော့ ချယ်လ်ဆီး အသင်း နဲ့ မန်စီးတီး အသင်း ပွဲစဉ်အတွက် အခုလိုပဲ ခန့်မှန်းပြောဆိုထားပါတယ်။ “ ဒီလိုပွဲစဉ်မျိုးတွေမှာ ချယ်လ်ဆီး အသင်းက ပုံစံကောင်းပြသလေ့ရှိပါတယ်။ မန်စီးတီး အသင်းအနေနဲ့ကလည်း အပြည့်အဝ ကြံ့ခိုင်နေတဲ့ အနေအထားမှာ ရှိမနေပါဘူး။ ဒီပွဲစဉ်က ဖျော်‌ဖြေမှု အပြည့်အဝ ပေးနိုင်တဲ့ ပွဲစဉ်တစ်ပွဲဖြစ်လာလိမ့်မယ်လို့ ကျွန်တော် ပြောနိုင်ပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။ ချယ်လ်ဆီး အသင်းနဲ့ မန်စီးတီး အသင်းအတွက် အိုဝင် ရဲ့ ခန့်မှန်းချက်ကတော့ ချယ်လ်ဆီး ၂-၁ မန်စီးတီး ဖြစ်ပါတယ်။

Photo Credit: Express

မန်ချက်စတာယူနိုက်တက် နဲ့ အက်စတွန်ဗီလာ ပွဲစဉ်အတွက်တော့ အိုဝင်က “ မန်ချက်စတာယူနိုက်တက် အသင်း ပရိသတ်တွေ အတွက်တော့ အမှတ်ရစရာ ကောင်းတဲ့ ခရစ်စမတ် ဖြစ်ခဲ့ပါတယ်။ ဆိုးလ်ရှား ရဲ့ အသင်းဟာ အဆင့် ၂ နေရာကို ရောက်ရှိခဲ့သလို အကယ်၍သာ ဒီပွဲစဉ်မှာသာ အနိုင်ရရှိရင် အမှတ်ပေးဇယားထိပ်ကို ရောက်ရှိနိုင်ပါလိမ့်မယ်။ ဒါဟာ မန်ယူအသင်း အတွက်တော့ အလှည့်အပြောင်း ဖြစ်ခဲ့ပြီး အခုဆိုရင် နောက်ဆုံး ကစားထားတဲ့ ၉ ပွဲမှာ ရှုံးပွဲလုံးဝ မရှိခဲ့ပါဘူး။ ယူနိုက်တက် တို့ လက်ခံကစားရမယ့် အက်စတွန်ဗီလာ အသင်းကလည်း ပုံစံကောင်းမှာ ရှိနေပါတယ်။ နောက်ဆုံး ကစားထားတဲ့ ပရီးမီးယားလိဂ် ၅ ပွဲမှာ ရှုံးပွဲကြုံတွေ့ခြင်း မရှိထားပြီးတော့ ဗီလာ က တန်ပြန်တိုက်စစ် နဲ့ မန်ယူ အသင်းကို အကောင်းဆုံး တုံ့ပြန်ကစားလိမ့်မယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။ ဘယ်လိုပဲ ဖြစ်နေပါစေ၊ ဒင်းစမစ် အနေနဲ့ သူ့အသင်းကို လူအပြောင်းအလဲ လုပ်ဖို့အတွက် ကစားသမား အလုံအလောက် ရှိမနေပါဘူး။ အကယ်၍သာ ပွဲပန်း တာက ပြဿနာတစ်ခု ဖြစ်နေမယ်ဆိုရင် မန်ချက်စတာ ယူနိုက်တက်ကပဲ ရမှတ်တွေ ရယူသွားနိုင်မယ်လို့ မြင်ပါတယ် ” လို့ ဆွေးနွေးခဲ့ပါတယ်။ မန်ယူ အသင်းနဲ့ ဗီလာ အသင်းရဲ့ ပွဲစဉ်အတွက် အိုဝင် ရဲ့ ခန့်မှန်းချက်ကတော့ မန်ယူ ၂-၀ ဗီလာ ဖြစ်ပါတယ်။

Photo Credit: Express

အာဆင်နယ် အသင်းနဲ့ ပတ်သက်ပြီးတော့ အိုဝင်က “ အာဆင်နယ် အသင်းအနေနဲ့ ၂ ပွဲဆက် နိုင်ပွဲနဲ့ ဝက်စ်ဘရွန်းကို သွားရောက်မှာပါ။ အာဆင်နယ် အသင်း အနေနဲ့ ဝက်စ်ဘရွန်းအိမ်ကွင်းမှာ နောက်ဆုံး ကစားထားတဲ့ ၃ ပွဲမှာ အနိုင်ရရှိထားခြင်း မရှိပါဘူး။ အကယ်၍သာ ဒီပွဲစဉ်မှာ ရမှတ် ၃ မှတ် မရရှိခဲ့ဘူးဆိုရင် အာတီတာ အတွက်တော့ စိတ်ပျက်စရာ ဖြစ်မှာ သေချာပါတယ်။ ဝက်စ်ဘရွန်းကလည်း အန်ဖီးလ်မှာ သရေရလဒ် ထွက်ပေါ်အောင်ကစားထားနိုင်တဲ့ အသင်းပါ။ ဒါပေမယ့် ဒီရာသီ အိမ်ကွင်းပွဲစဉ်တွေ မှာတော့ ရုန်းကန်ရလေ့ရှိပါတယ်။ ကျွန်တော်ကတော့ အာဆင်နယ် အနေနဲ့ နိုင်ပွဲဆက်ပြီး ရမှတ်ပြည့်ရယူသွားနိုင်မယ်လို့ ထင်ပါတယ် ” လို့ပြောဆိုခဲ့ပါတယ်။ အိုဝင် ရဲ့ ခန့်မှန်းချက်ကတော့ ဝက်စဘရွန်း ၂-၁ အာဆင်နယ် ဖြစ်ပါတယ်။ ဆက်လက်ပြီး အိုဝင်က လီဗာပူး ပွဲစဉ်နဲ့ ပတ်သက်ပြီး “ လီဗာပူး အသင်းဟာ နောက်ဆုံး ကစားထားတဲ့ ၂ ပွဲမှာ ၄ မှတ်အထိ ရှုံးနိမ့်ထားပါတယ်။ သီယာဂို နယူးကာဆယ်နဲ့ ပွဲမှာ ပြန်ပါလာတာကို မြင်ရတာ အတော်ကောင်းပါတယ်။ ဆောက်တမ်တန် အသင်းအနေနဲ့ ဂိုးပေါက်ပျောက်ဆုံးနေတာကြောင့် လီဗာပူးတို့ ဒီပွဲကို အသာအယာပဲ အနိုင်ရသွားပါလိမ့်မယ် ” လို့ ပြောဆိုခဲ့ပါတယ်။ ခန့်မှန်းချက်ကတော့ ဆောက်တမ်တန် ၁-၃ လီဗာပူး ဖြစ်ပါတယ်။ အခြားသော ပွဲစဉ်တွေ အတွက် အိုဝင် ရဲ့ ခန့်မှန်းချက်ကတော့ အယ်ဗာတန် ၂-၁ ဝက်စ်ဟန်း၊ တော့တင်ဟန် ၃-၁ လိဒ်စ်၊ ခရစ္စတယ်ပဲလေ့စ် ၁-၁ ရှက်ဖီး၊ ဘရိုက်တန် ၁-၁ ဝုလ်ဗ်၊ ဘန်လေ ၁-၀ ဖူလ်ဟန်၊ နယူးကာဆယ် ၁-၁ လက်စတာ တို့ပဲ ဖြစ်ကြပါတယ်။