ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး ကစားသမားဟောင်း တစ်ဦးဖြစ်သလို လတ်တလောမှာလည်း သူ့ရဲ့ ပွဲကြို ခန့်မှန်း သုံးသပ်မှုတွေကြောင့် ပရိသတ်တွေကြားမှာ ရေပန်းစား နေတဲ့ မိုက်ကယ်အိုဝင်ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၆အတွက် ပွဲကြို ခန့်မှန်း သုံးသပ်ချက်များကို တင်ဆက်ပေးဖို့ အချိန်ကျလာပါပြီ။ ကဲ ဒီတစ်ခါမှာရော မိုက်ကယ်အိုဝင်ရဲ့ ခန့်မှန်း သုံးသပ်ချက်တွေက ဘယ်လိုရှိလဲဆိုတာ အတူတူ ဖတ်ရှုလိုက်ရအောင်…။

Photo Credit: Sky Sports

ချယ်လ်ဆီးနဲ့ ဗီလာ (တနင်္လာနေ့ ည ၁၂နာရီ)

ချယ်လ်ဆီးအသင်းက အက်စ်တွန်ဗီလာအသင်းကို စိုးရိမ်ရမယ့် အနေအထားမှာ ရှိနေပါတယ်။ ဒါပေမယ့် ဒီပွဲမှာ ချယ်လ်ဆီးအသင်းက အစွမ်းကုန် တိုက်စစ်ဆင် ကစားမယ်လို့ ကျွန်တော် ထင်ပါတယ်။ ပြီးတော့ သူတို့တွေက ဒီပွဲစဉ်ရဲ့ ၃မှတ်ကို အရယူသွားပါလိမ့်မယ်။

ခန့်မှန်းရလဒ် – ချယ်လ်ဆီး ၃-၁ ဗီလာ

Photo Credit: Sky Sports

မန်ယူနဲ့ ဝုဗ် (ဗုဒ္ဓဟူးနေ့ မနက် ၂နာရီခွဲ)

မန်ချက်စတာ ယူနိုက်တက် အသင်းက အတော်လေးကို ယုံကြည်မှုတွေ ပြည့်နှက်နေတဲ့ အသင်း ဖြစ်နေပါပြီ။ သူတို့အသင်းရဲ့ အိမ်ကွင်းမှာ ဆိုရင် အဝေးကွင်းမှာထက် ပိုမို ရုန်းကန်ရတဲ့ အချိန်တွေက ပြီးခဲ့တဲ့ တစ်ပတ်မှာ ကစားခဲ့တဲ့ လိဒ်နဲ့ ပွဲစဉ်မှာ ပြီးဆုံးသွားပါပြီ။ သူတို့က တိုက်စစ်ဆင် ကစား တတ်ပေမယ့် ဂိုးပေါက်ရှေ့မှာ ရုန်းကန်ရတတ်တဲ့ ဝုဗ်အသင်းနဲ့ ရင်ဆိုင်ရမှာပါ။ ကျွန်တော် ကတော့ ဝုဗ်အသင်းဟာ သရေတစ်မှတ် အတွက် ခံစစ်ပိုင်းကို ပိုမို အာရုံစိုက် ကစားလာမယ် လို့ ထင်ပါတယ်။ ဒါပေမယ့် အဲ့ဒီလို လုပ်လာရင်လည်း မန်ချက်စတာ ယူနိုက်တက် အသင်းမှာ သူတို့ကို ဖျက်ဆီးနိုင်မယ့် အင်အား ရှိပါတယ်။
ခန့်မှန်းရလဒ် – မန်ယူ ၁-၀ ဝုဗ်

Photo Credit: Sky Sports

ဘရိုက်တန်နဲ့ အာဆင်နယ် (ဗုဒ္ဓဟူးနေ့ မနက် ၁၂နာရီခွဲ)

အာဆင်နယ် အသင်းဟာ ရုန်းကန် နေရတာကို ကျွန်တော်တို့ အားလုံး သိကြပါတယ်။ ဒါပေမယ့် ဘရိုက်တန် အသင်းကလည်း သူတို့အသင်းထက် မသာပါဘူး။ အသင်းနှစ်သင်းလုံးက လက်ရှိမှာ စွမ်းဆောင်ရည် ညံ့ဖျင်းနေပေမယ့် ဒီပွဲမှာတော့ နှစ်သင်းစလုံးရဲ့ နည်းပြတွေဟာ အနိုင်ရလဒ်ကို ဦးတည်ပြီး ကစားလာမယ် လို့ မြင်ပါတယ်။ ဒါ့ကြောင့် ဘယ်အသင်းက အသာစီး ရသွားမလဲ ဆိုတာ ခန့်မှန်းရခက်ပြီး ဒီပွဲဟာ သရေကျသွားမယ် ဆိုရင် ကျွန်တော် အံ့ဩမိမှာ မဟုတ်ပါဘူး။

ခန့်မှန်းရလဒ် – ဘရိုက်တန် ၁-၁ အာဆင်နယ်

Photo Credit: Sky Sports

အခြားပွဲစဉ်များ အတွက် အိုဝင်ရဲ့ သုံးသပ်မှုများ

အဲဗာတန် ၁-၂ မန်စီးတီး
ပဲလေ့စ် ၁-၂ လက်စတာ
ဘန်လေ ၁-၀ ရှက်ဖီးလ်
ဆောက်သမ်တန် ၂-၁ ဝက်စ်ဟမ်း
ဝက်စ်ဘရွန်း ၁-၂ လိဒ်
စပါး ၂-၀ ဖူလ်ဟမ်
နယူးကာဆယ် ၁-၂ လီဗာပူး