မနက်ဖြန်ည ၁၁နာရီ အချိန်မှာတော့ ကမ္ဘာပေါ်မှာ သက်တမ်းအရင့်ဆုံး ပြိုင်ပွဲတွေထဲက တစ်ခု ဖြစ်တဲ့ အက်ဖ်အေဖလားပြိုင်ပွဲရဲ့ ၂၀၁၉ – ၂၀၂၀ ဘောလုံးရာသီ ဗိုလ်လုပွဲကို ကျင်းပမှာပဲ ဖြစ်ပါတယ်။ အက်ဖ်အေဖလား ဗိုလ်လုပွဲကို ဝင်ဘလေကွင်းထဲမှာ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပြီး ယခုနှစ် အက်ဖ်အေဖလား ဗိုလ်လုပွဲမှာတော့ လန်ဒန်အခြေစိုက် မြို့ခံအသင်းတွေ ဖြစ်ကြတဲ့ ချယ်လ်ဆီးအသင်းနဲ့ အာဆင်နယ် အသင်းတို့က ထိပ်တိုက် တွေ့ဆုံနေကြပါတယ်။

Photo Credit: Opera News

အာဆင်နယ်အသင်းဟာ လက်ရှိ ဘောလုံးရာသီမှာ ခြေစွမ်းတည်ငြိမ်မှု အားနည်းနေပေမယ့် အက်ဖ်အေဖလားရဲ့ အအောင်မြင်ဆုံးအသင်း ဆိုတဲ့ ဂုဏ်ပုဒ်ကို ရရှိထားတာနဲ့ အညီ မန်စီးတီးအသင်းကို ကျော်ဖြတ်ကာ ဗိုလ်လုပွဲဆီ ရောက်ရှိ လာခဲ့တဲ့ အသင်း ဖြစ်ပါတယ်။ တစ်ဖက်မှာ လည်း ချယ်လ်ဆီးအသင်းဟာ မန်ယူအသင်းကို ကျော်ဖြတ်ကာ ဗိုလ်လုပွဲဆီ တက်ရောက် နိုင်ခဲ့တာကြောင့် နှစ်သင်းစလုံးဟာ အင်အားကောင်းတဲ့ ပြိုင်ဘက်တွေကို ကျော်ဖြတ်ခဲ့ပြီး ဗိုလ်လုပွဲနဲ့ ထိုက်တန်တဲ့ အသင်းတွေဆိုတာ ပြသခဲ့ပါတယ်။

Photo Credit: Opera News

လက်ရှိမှာတော့ အဆိုပါ ဗိုလ်လုပွဲမှာ ဘယ်လို ရလဒ်တွေ ထွက်ပေါ်လာမလဲဆိုတာ စိတ်ဝင်စားနေသူတွေ အများအပြား ရှိနေပြီး ဒီတစ်ခါမှာတော့ ကျွန်တော်က လီဗာပူးအသင်းနဲ့ မန်ယူအသင်းတို့ရဲ့ ကစားခဲ့ဖူးသလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူအဖြစ် လုပ်ကိုင် နေတဲ့ အိုဝင်ရဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲ အတွက် သုံးသပ်ခန့်မှန်းထားမှုကို တင်ဆက် ပေးသွားချင်ပါတယ်။

Photo Credit: Opera News

အင်္ဂလန် တိုက်စစ်မှူးဟောင်း ဖြစ်တဲ့ အိုဝင် ကတော့ အာဆင်နယ်အသင်းနဲ့ ချယ်လ်ဆီး အသင်းတို့ တွေ့ဆုံနေတဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲစဉ်မှာ ချယ်လ်ဆီးအသင်းဟာ အနိုင်ရရှိသွားကာ ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ် ဟာ နည်းပြဘဝ ပထမဦးဆုံး အောင်မြင်မှုကို ရယူသွားလိမ့်မယ်လို့ ခန့်မှန်း သုံးသပ်သွားခဲ့ပါတယ်။

Photo Credit: Opera News

” ဒီတစ်ကြိမ် တွေ့ဆုံမှုကို ကြည့်လိုက်မယ် ဆိုရင် ချယ်လ်ဆီးအသင်းဟာ ပိုမို ကောင်းမွန် တဲ့ ကစားသမားတွေ ပိုင်ဆိုင်နေတဲ့ အချက်ကို မြင်တွေ့ကြရမှာပါ။ ဒါ့အပြင် ပရီးမီးယားလိဂ် ရပ်တည်မှုနဲ့ ထိပ်တိုက် တွေ့ဆုံမှုတွေအရ ကြည့်ရင်လည်း ချယ်လ်ဆီးအသင်းက ပိုပြီး အလေးသာနေပါတယ်။ ဒီပွဲမှာ ချယ်လ်ဆီး အသင်းဟာ ၂-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရပြီး လမ်းပတ်ဟာ နည်းပြဘဝ ပထမဦးဆုံး ဆုဖလားကို ရရှိသွားမယ်လို့ ကျွန်တော် ထင်ပါတယ် ”

အိုဝင်ရဲ့ ခန့်မှန်းသုံးသပ်မှု ရလဒ်

ချယ်လ်ဆီး ၂ – ၁ အာဆင်နယ်