မန်ယူ နဲ့ လီဗာပူးလ် တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်ကတော့ ယနေ့ည (၂း ၃၀) အချိန်မှာ ကစားမယ့် အာဆင်နယ်အသင်း နဲ့ မန်ယူအသင်းတို့ရဲ့ ပွဲရလဒ်ကို ခန့်မှန်းသွားတာ ဖြစ်ပါတယ်။ မိုက်ကယ် အိုဝင်က အာဆင်နယ်အသင်းဟာ နည်းပြသစ် အာတီတာရဲ့ လက်အောက်မှာ နိုင်ပွဲ မရထားသေးပေမဲ့ မန်ယူအသင်းနဲ့ ပွဲစဉ်မှာ ပြောင်းလဲသွားနိုင်တယ်လို့ အခိုင်အမာ ပြောပါတယ်။ အာဆင်နယ်အသင်းဟာ ယာယီ နည်းပြ ယွန်းဘတ်ကို ထုတ်ပြီး အသင်း ကစားသမားဟောင်း အာတီတာကို အမြဲတမ်း နည်းပြ ခန့်ခဲ့ပေမဲ့ အရင်က အတိုင်း နိုင်ပွဲ မရသေးတာ ဖြစ်ပါတယ်။

Photo Credit: Football.London

အာဆင်နယ်အသင်း နဲ့ မန်ယူအသင်းတို့ဆိုတာက စဉ်အလာရ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပြိုင်ဘက်ဖြစ်ကြပြီး ယနေ့ညမှာတော့ သမိုင်း ပြိုင်ဘက် မန်ယူအသင်းနဲ့ ပြန်တွေ့ရတော့မှာပဲ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ အဆင့် (၅) နေရာက မန်ယူအသင်းနဲ့ ရမှတ် (၆) မှတ်အကွာနဲ့ အဆင့် (၁၂) နေရာမှာ ရပ်တည်နေပေမဲ့ အိုဝင်ကတော့ အာဆင်နယ် အသာရမယ်လို့ ပြောသွားပါတယ်။ အိုဝင်က အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ချဲလ်ဆီးအသင်းကို (၁-၂) နဲ့ ရှုံးခဲ့တဲ့ ပထမပိုင်းမှာ ချဲလ်ဆီးအသင်းကို အသာစီးနေခဲ့တယ်လို့ ထပ်လောင်း ချီးကျူးခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Football.London

မိုက်ကယ် အိုဝင်က “အာဆင်နယ်အသင်းဟာ နည်းပြသစ် လက်အောက်မှာ နိုင်ပွဲ မရသေးပေမဲ့ မန်ယူအသင်းနဲ့ ကစားတဲ့ အချိန်မှာ ပြောင်းလဲသွားမယ်လို့ ကျွန်တော် ထင်ပါတယ်။ အဆင်နယ် အသင်းက ချဲလ်ဆီးအသင်းနဲ့ ကစားခဲ့တဲ့ (၄၅) မိနစ်မှာ အသာစီးရခဲ့ပေမဲ့ ဒုတိယပိုင်းမှာ မှေးမိန် သွားခဲ့ပါတယ်။ သူတို့ မန်ယူအသင်းနဲ့ ကစားမယ့် ပွဲစဉ်မှာ သူတို့ရဲ့ တိုးတတ်လာတဲ့ ကစားပုံကို ပြသနိုင်ဖို့ မျှော်လင့်ပါတယ်။ ဒီပွဲမျိုး ပွဲစဉ်ကတော့ စိတ်ပျက်စရာ ကောင်းတဲ့ ပွဲစဉ် ဖြစ်ခဲပါတယ်။ ကျွန်တော်ကတော့ အိမ်ရှင်အသင်း ရမှတ် ရရှိလိမ့်မယ်လို့ ထင်ပါတယ်” လို့ ပြောသွားခဲ့ပါတယ်။

{Unicode}