ယခုတပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေ အတွက် ဂုရုကြီး မိုက်ကယ် အိုဝင်ရဲ့ ထူးရှယ် ခန့်မှန်းချက်တွေကို တင်ဆက်ပေးဖို့ အချိန်အခါ ကျရောက်လာပြီပဲ ဖြစ်ပါတယ်။ ဒီတပတ်မှာ မန်ယူနဲ့ အဲဗာတန် ၊ ဘရိုက်တန်နဲ့ အာဆင်နယ် ၊ လီဗာပူးနဲ့ ချယ်လ်ဆီးတို့လို ကြည့်လို့ ကောင်းမယ့် ပွဲစဉ်တွေ ရှိနေတာကြောင့် အိုဝင်ရဲ့ ခန့်မှန်းချက်တွေက ဘာတွေ ဖြစ်မလဲ ဆိုတာ ဆက်လက် ဖတ်ရှုကြည့်လိုက်ရအောင်ဗျာ…။

Photo Credit: Sky Sports

မန်ယူနဲ့ အဲဗာတန် (စနေနေ့ည ၆နာရီ)

ကျွန်တော်ကတော့ မန်ယူအသင်းအနေနဲ့ ဒီတပတ်မှာလည်း ဗီလာနဲ့ပွဲကလို အရှုံးနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ မထင်ပါဘူး။ အဲ့ဒီပွဲတုန်းက သူတို့ရဲ့ ခြေစွမ်းက အတော်လေးကို စိတ်ပျက်စရာ ကောင်းခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် သေချာပေါက် ပြောနိုင်တဲ့ အရာကတော့ အခုကစပြီး ရိုနယ်ဒိုဟာ သူတို့အသင်း ရတဲ့ ပင်နယ်တီတိုင်းကို ကန်မယ် ဆိုတာပါပဲ။ ယူနိုက်တက်က ချန်ပီယံဆု အတွက် ရေပန်းစားနေဆဲ ဖြစ်ပြီး သူတို့က လီဗာပူးအသင်းနဲ့ ၁မှတ်ပဲ ကွာဟပါသေးတယ်။ ဗီလာရီးရဲလ်ကို ပြဇာတ်ဆန်ဆန် နိုင်ခဲ့တဲ့ ပွဲစဉ်က သူတို့ရဲ့ စိတ်ဓာတ်ပိုင်း အတွက် အားတခု ဖြစ်စေပါလိမ့်မယ်။

တဖက်မှာတော့ ဗီလာအသင်းကိုရော ကျူပီအာကိုရော အရေးနိမ့်ခဲ့တဲ့ အဲဗာတန်က ပြီးခဲ့တဲ့ တပတ်မှာတော့ နောဝှစ်ချ်ကို အနိုင်ရထားပါတယ်။ ဒါပေမယ့် နောဝှစ်ချ်လို အသင်းတိုင်းကို ရှုံးနိမ့်ထားတဲ့ အသင်းတသင်းကို နိုင်ခဲ့တဲ့အပေါ် ထူးထူးခြားခြား ပြောစရာ မရှိပါဘူး။ အဲဗာတန်က အိုးထရက်ဖို့ဒ်မှာ မနိုင်ခဲ့တာဟာ ၂၀၁၃ခုနှစ်ထဲကပါ။ ဒီတော့ ဒီပွဲမှာလည်း သူတို့တွေ အနိုင်ရလိမ့်မယ်လို့ မထင်ပါဘူး။ ဒီပွဲမှာ မန်ယူအသင်းက ၃-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရသွားမယ်လို့ ထင်ပါတယ်။

ခန့်မှန်းရလဒ် – မန်ယူ ၃-၁ အဲဗာတန်

Photo Credit: Sky Sports

ဘရိုက်တန်နဲ့ အာဆင်နယ် (စနေနေ့ည ၁၁နာရီ)

ဘရိုက်တန်အသင်းက ပြီးခဲ့တဲ့ တပတ်မှာ လိဂ်ရဲ့ ထိပ်ဆုံးကို မတက်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် ပဲလေ့စ်အသင်းကို အဝေးကွင်းမှာ သရေကျခဲ့တာကလည်း ရလဒ်ကောင်း တခုပါ။ မော်ပေးရဲ့ နောက်ဆုံးမိနစ် ချေပဂိုးက အတော်လေး ကောင်းပါတယ်။ ဂရေဟမ် ပေါ်တာရဲ့ စွမ်းဆောင်ရည်ကို ကျွန်တော် အတော်လေး သဘောကျမိပါတယ်။ သူတို့က ဒီရာသီမှာ ထိပ်ဆုံး ၈သင်း စာရင်းဝင်မယ်လို့လည်း ထင်ပါတယ်။

ဘောလုံးလောကက အတော်လေးကို အပြောင်းအလဲ မြန်ပါတယ်။ ပြီးခဲ့တဲ့လက ဝေဖန်မှုတွေ ကြားထဲ နစ်မြုပ်နေတဲ့ အာဆင်နယ်အသင်းဟာ စပါးအသင်းကို ဂိုးပြတ် ချေမှုန်းနိုင်ခဲ့ပါတယ်။ အဲ့ဒီပွဲမှာ စပါးအသင်းရဲ့ ခြေစွမ်းက ပုံမှန်ထက် ဆိုးရွားနေတာ မှန်ပေမယ့် အာဆင်နယ်အသင်းကလည်း အတော်လေး ကောင်းခဲ့တာပါ။ အထူးသဖြင့် ဆာကာနဲ့ စမစ်ရိုဝီတို့ရဲ့ လုပ်အားနှုန်းက ကောင်းမွန်ခဲ့ပါတယ်။ ဘရိုက်တန်အသင်း ကတော့ အာဆင်နယ်အသင်းကို ထိပ်တိုက် တွေ့ဆုံမှုပိုင်းမှာ အသာရနေတဲ့ အသင်းလို့ ပြောရမှာပါ။ အာဆင်နယ်က နောက်ဆုံး ၇ကြိမ် တွေ့ဆုံထားရာမှာ ၂ပွဲပဲ နိုင်ထားပါတယ်။ အခု ဘရိုက်တန်အသင်းရဲ့ ခြေစွမ်းပိုင်းကလည်း အတက်ဘက် ရောက်နေတော့ ဒီပွဲမှာ ဘရိုက်တန်ကပဲ ကျဉ်းမြောင်းတဲ့ ရလဒ်တခုနဲ့ နိုင်သွားမယ်လို့ ထင်ပါတယ်။

ခန့်မှန်းရလဒ် – ဘရိုက်တန် ၂-၁ အာဆင်နယ်

Photo Credit: Sky Sports

လီဗာပူးနဲ့ မန်စီးတီး (တနင်္ဂနွေနေ့ည ၁၀နာရီ)

ဘရန့်ဖို့ဒ်နဲ့ပွဲက လီဗာပူးအသင်းရဲ့ စွမ်းဆောင်ရည်ဟာ အတော် ထူးဆန်းပါတယ်။ သူတို့က သွင်းဂိုး ၃ဂိုး သွင်းယူနိုင်ခဲ့သလို အဲ့ဒီထက်လည်း ပိုရသင့်ခဲ့ပေမယ့် ဘရန့်ဖို့ဒ်ကို ပေးဂိုး ၃ဂိုး ပြန်ပေးခဲ့ရပါတယ်။ ကျွန်တော် ကတော့ ဂျာဂင်ကလော့ပ် တယောက် အဲ့ဒီပွဲစဉ်အပြီးမှာ အတော်လေး ဒေါသထွက်နေမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ပေါ်တိုအသင်းကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာတော့ သူတို့က သွင်းဂိုး ၅ဂိုး အထိ သွင်းယူနိုင်ခဲ့ပြီး ခြေစွမ်းကောင်း တခုကို ထုတ်ပြနိုင်ခဲ့ပါတယ်။

စီးတီးကတော့ ပြီးခဲ့တဲ့တပတ်မှာ ကစားခဲ့တဲ့ ချယ်လ်ဆီးနဲ့ပွဲမှာ သူတို့က ဘာကြောင့် ချန်ပီယံအသင်း ဖြစ်နေသလဲ ဆိုတာကို သက်သေပြနိုင်ခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းလို အနိုင်ယူဖို့ ခက်တဲ့ အသင်းတသင်းကို နိုင်ခဲ့တာက သူတို့ရဲ့ ခြေစွမ်းပိုင်း ဘယ်လောက်အထိ ကောင်းခဲ့လဲ ဆိုတာကို ပြသနေပါတယ်။ ပီအက်စ်ဂျီနဲ့ ကစားခဲ့တဲ့ပွဲမှာလည်း ရှုံးနိမ့်ခဲ့ပေမယ့် သူတို့ရဲ့ ကစားပုံ ကောင်းခဲ့ပါတယ်။ ဂိုးသွင်းစွမ်းရည်သာ အနည်းငယ် လိုအပ်ခဲ့တာပါ။

လီဗာပူးအသင်းက အန်ဖီးလ်ကွင်းထဲမှာ မန်စီးတီးနဲ့ ပတ်သတ်ပြီး မှတ်တမ်းကောင်းတွေ ရှိနေပါတယ်။ မန်စီးတီးအသင်းရဲ့ ပြီးခဲ့တဲ့ ဘောလုံးရာသီ အန်ဖီးလ်ကွင်းနိုင်ပွဲဟာ ၂၀၀၃ခုနှစ် နောက်ပိုင်း ပထမဦးဆုံး အကြိမ် အန်ဖီးလ်ကွင်းထဲမှာ နိုင်ခဲ့တဲ့ ပွဲစဉ်ပါ။ ဒါကြောင့် ဒီပွဲမှာလည်း လီဗာပူးအသင်းဘက်က အသာစီး ရနိုင်မယ်လို့ ထင်ပါတယ်။ ကျွန်တော်က ပွဲကြီးပွဲကောင်းတွေ ဆိုရင် လီဗာပူးအသင်းကို ပိုပြီး သဘောကျလေ့ ရှိပါတယ်။ ဒါကြောင့် ဒီပွဲမှာလည်း လီဗာပူးအသင်းက ၂-၁နဲ့ နိုင်မယ်လို့ ခန့်မှန်းချင်ပါတယ်။

ခန့်မှန်းရလဒ် – လီဗာပူး ၂-၁ မန်စီးတီး

Photo Credit: Sky Sports

အခြားပွဲစဉ်များ အတွက် ခန့်မှန်းရလဒ်များ
ချယ်လ်ဆီး ၃-၀ ဆောက်သမ်တန်
ဝုဗ် ၁-၀ နယူးကာဆယ်
ဘန်လေ ၂-၀ နောဝှစ်ချ်
လိဒ် ၂-၁ ဝက်ဖို့ဒ်
စပါး ၁-၁ ဗီလာ
ဝက်စ်ဟမ်း ၂-၁ ဘရန့်ဖို့ဒ်
ပဲလေ့စ် ၁-၂ လက်စတာ