အပတ်စဉ် တင်ဆက်ပေးနေကြ ဘောလုံးရေးရာ ဝေဖန်သုံးသပ်သူ အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ တချိန်က ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုရှင် မိုက်ကယ်အိုဝင်ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၆) အတွက် ခန့်မှန်းချက်တွေကို တင်ဆက်ပေးဖို့ အချိန်အခါ ကျရောက်လာပြန်ပါပြီ။ ဒီတပတ်မှာတော့ အာဆင်နယ်နဲ့ စပါး ၊ ချယ်လ်ဆီးနဲ့ မန်စီးတီးတို့လို ပွဲကြီးပွဲကောင်းတွေ ရှိနေတာကြောင့် အိုဝင်ရဲ့ ခန့်မှန်းမှုတွေက ဘယ်လိုတွေ ဖြစ်မလဲ ဆိုတာ အတူတူ ဖတ်ရှုလိုက်ကြရအောင်ဗျာ။

Photo Credit: Metro

 

ချယ်လ်ဆီးနဲ့ မန်စီးတီး (စနေနေ့ည ၆နာရီ)

ဒီတပတ်ရဲ့ အဖွင့်ပွဲကတော့ ဒီရာသီရဲ့ အကောင်းဆုံးပွဲလို့တောင် ပြောလို့ရနိုင်ပါတယ်။ ကျွန်တော် ဒီစကားကို အပတ်တိုင်း ပြောရသလိုတောင် ဖြစ်နေပါပြီ။ ချယ်လ်ဆီးအသင်းက တပတ်ပြီး တပတ် ပိုပို ကောင်းလာပါတယ်။ ပြီးခဲ့တပတ်က စပါးနဲ့ပွဲမှာ သူတို့က ပွဲကို အကောင်းဆုံး မစတင်နိုင်ခဲ့ဘူး။ ဒါပေမယ့် တူချယ်က သူဟာ ဘာကြောင့် ကမ္ဘာ့အကောင်းဆုံး နည်းပြတွေထဲက တဦး ဖြစ်နေလဲ ဆိုတာကို နားချိန် ၁၅မိနစ် အတွင်းမှာ ပြသွားခဲ့တယ်။ သူတို့က ဒီရာသီမှာ ပေးဂိုး တဂိုးထဲသာ ရှိနေပြီး ဒီပွဲမှာလည်း သူတို့ပဲ နိုင်မယ် ဆိုတဲ့ စိတ်မျိုးနဲ့ ကွင်းထဲကို ဝင်လာပါလိမ့်မယ်။

 

မန်စီးတီးကတော့ အလှည့်အပြောင်း တခုနဲ့ ကြုံခဲ့ရတယ်လို့ ထင်ပါတယ်။ သူတို့က လိုက်ပ်ဇက်ကို ၆ဂိုး အထိ သွင်းခဲ့ပေမယ့် ဆောက်သမ်တန်ကို ဂိုးမရှိ သရေကျခဲ့တယ်။ ဒါက ကျွန်တော့်ကို အတော်လေး အံ့အားသင့်စေခဲ့ပါတယ်။ တိတိကျကျ ပြောရရင် သူတို့က ကံကောင်းလို့ မရှုံးခဲ့တာပါ။ တူချယ်က မန်စီးတီးနဲ့ ကစားခဲ့တဲ့ ၃ပွဲလုံးကို နိုင်ထားတယ်။ မန်စီးတီးကို ဖလားပြိုင်ပွဲ ၂ခုကနေ ကန်ထုတ်ခဲ့ပြီး တခုက ချန်ပီယံလိဂ် ဗိုလ်လုပွဲ ဖြစ်နေတယ်။ မန်စီးတီးအသင်းက နိုင်ပွဲပြန်ရအောင် ကြိုးစားလာမယ် ဆိုတာ သိပေမယ့် ချယ်လ်ဆီးအသင်းက ဒီအချိန်မှာ အနည်းငယ် သာနေပါတယ်။

ခန့်မှန်းရလဒ် – ချယ်လ်ဆီး ၂-၁ မန်စီးတီး

Photo Credit: Metro

အာဆင်နယ်နဲ့ စပါး (တနင်္ဂနွေနေ့ည ၁၀နာရီ)

ဒီပွဲကတော့ နည်းနည်း အရေးကြီးပါတယ်။ နှစ်သင်းစလုံးက ဒီပွဲမှာ အနိုင်ရဖို့ လိုအပ်နေတယ်။ အာဆင်နယ်က နောဝှစ်ချ်နဲ့ ဘန်လေတို့ကို နှစ်ပတ်ဆက်တိုက် အနိုင်ရပြီး အသက်ရှူချောင်နေပါတယ်။ နူနို ဆန်းတို့စ် ကတော့ သူတို့အသင်းရဲ့ အနေအထား အတွက် စိုးရိမ်နေရပါတယ်။ ဟယ်ရီကိန်းက အခုချိန်အထိ လိဂ်ပြိုင်ပွဲမှာ ဂိုးမသွင်းနိုင်သေးပဲ ဖိအားတွေအောက် ရောက်နေပါတယ်။ ဒီပွဲကတော့ သူ သွင်းဂိုးတွေ ရလာနိုင်တဲ့ ပွဲကောင်းတပွဲပါ။ အာဆင်နယ်က ၂ပွဲဆက်တိုက် နိုင်ထားတယ်။ စပါးက ၂ပွဲဆက်တိုက် ရှုံးထားတယ်။ ဒါကြောင့်ပဲ ဒီပွဲမှာလည်း အာဆင်နယ်ကပဲ ၂-၁ ဆိုတဲ့ ရလဒ်နဲ့ အိမ်ကွင်းနိုင်ပွဲ တပွဲ ရှာနိုင်လိမ့်မယ် လို့ ယူဆပါတယ်။

ခန့်မှန်းရလဒ် – အာဆင်နယ် ၂-၁ စပါး

Photo Credit: Metro

အခြားပွဲစဉ်များ အတွက် အိုဝင်ရဲ့ ခန့်မှန်းချက်များ

မန်ယူ ၂-၀ ဗီလာ
အဲဗာတန် ၃-၀ နောဝှစ်ချ်
လိဒ် ၂-၁ ဝက်စ်ဟမ်း
လက်စတာ ၂-၁ ဘန်လေ
ဝက်ဖို့ဒ် ၁-၁ နယူးကာဆယ်
ဘရန့်ဖို့ဒ် ၀-၂ လီဗာပူး
ဆောက်သမ်တန် ၀-၁ ဝုဗ်
ပဲလေ့စ် ၁-၁ ဘရိုက်တန်