ကဲ အပတ်စဉ် တင်ဆက်ပေးနေကြ မိုက်ကယ် အိုဝင်ရဲ့ ပွဲကြို ခန့်မှန်းသုံးသပ်ချက်တွေကို တင်ဆက်ပေးရမယ့် အချိန်ကို ရောက်ရှိလာပါပြီ။ မန်ချက်စတာဒါဘီ ၊ ကွန်တီရဲ့ စပါးနည်းပြဘဝ ပထမဦးဆုံး ပွဲလို စိတ်ဝင်စားစရာ ကောင်းတဲ့ ပွဲစဉ်တွေ ရှိနေတဲ့ ဒီတပတ်မှာရော အိုဝင်ရဲ့ ခန့်မှန်းချက်တွေ မှန်ကန်မလား ဆိုတာကို စောင့်ကြည့်လိုက်ရအောင်ဗျာ။

Photo Credit: Sky Sports

မန်ယူနဲ့ မန်စီးတီး (စနေနေ့ည ၇နာရီ)

ပြီးခဲ့တဲ့ တပတ်မှာ စပါးအသင်းကို နိုင်ခဲ့တဲ့ အတွက် နည်းစနစ်ပိုင်း အပြောင်းအလဲ လုပ်ရဲတဲ့ ဆိုးလ်ရှားကို အဓိက ချီးကျူးချင်ပါတယ်။ သူ့အပေါ်မှာ ဖိအားတွေ ရှိနေတုန်းပဲ ဆိုပေမယ့် အဲ့ဒီနိုင်ပွဲကြောင့် အခုချိန်မှာ သူ့အတွက် အခက်အခဲတွေ သိပ်မရှိတော့ဘူးလို့ ထင်ပါတယ်။ ပြီးတော့ ကာဗာနီကို တိုက်စစ်ပိုင်းမှာ ပြန်မြင်ရတဲ့ အတွက် ကျေနပ်မိပါတယ်။ သူ့ဆီမှာ အခုချိန်အထိ ကမ္ဘာ့အဆင့် ရွေ့လျားမှုတွေ ရှိနေဆဲပါ။ ပြီးတော့ သူက ကွဲပြားခြားနားမှုတွေ ပြုလုပ်နိုင်နေဆဲပဲလို့ ကျွန်တော် ထင်ပါတယ်။

ဂွာဒီယိုလာ ကတော့ ပဲလေ့စ်ကို မထင်မှတ်ပဲ အရေးနိမ့်ခဲ့တဲ့ အတွက် အတော်လေး အောင့်သက်သက် ဖြစ်နေမှာပါ။ မန်စီးတီးအသင်းက အခုချိန်မှာ အကောင်းဆုံး ခြေစွမ်းတွေကို ပိုင်ဆိုင်ထားတာကြောင့် အခုလို ရှုံးပွဲတွေ့ခဲ့တာက အံ့အားသင့်စရာ ကောင်းပါတယ်။ ဒါပေမယ့် ဒီအရှုံးကနေ သူတို့တွေ အကောင်းဆုံးပုံစံနဲ့ ပြန်လာနိုင်မယ်လို့ ထင်ပါတယ်။

မန်စီးတီးအနေနဲ့ လိဂ်ပြိုင်ပွဲမှာ နှစ်ပွဲဆက်တိုက် ရှုံးမယ်တော့ မထင်ပါဘူး။ ဆိုးလ်ရှားအပေါ်မှာ ဖိအားတွေ ရှိနေဆဲပဲ ဆိုပေမယ့် ဒီပွဲမှာတော့ လီဗာပူးအသင်းက လုပ်နိုင်ခဲ့သလိုပဲ မန်စီးတီးအသင်းက မန်ယူအသင်းကို အနိုင်ယူသွားပါလိမ့်မယ်။ ကျွန်တော်ကတော့ မန်စီးတီးအသင်းက ၃-၁ ဆိုတဲ့ ရလဒ်နဲ့ နိုင်သွားမယ်လို့ ပြောချင်ပါတယ်။

ခန့်မှန်းရလဒ် – မန်ယူ ၁-၃ မန်စီးတီး

Photo Credit: Sky Sports

ဝက်စ်ဟမ်းနဲ့ လီဗာပူး (တနင်္ဂနွေနေ့ည ၁၁နာရီ)

ဝက်စ်ဟမ်းအသင်းက ပိုပိုပြီး ကောင်းလာနေပါတယ်။ ဒီရာသီမှာ ဒီကလန်ရိုက်စ်ထက် ပိုကောင်းအောင် ကစားထားနိုင်တဲ့ ကွင်းလယ်လူတွေ များများစားစား မရှိပါဘူး။ ကျွန်တော် ကြည့်လိုက်တဲ့ အချိန်တိုင်း သူ့ရဲ့ ခြေစွမ်းက ပိုပို ကောင်းလာသလို သူက သူ့ရဲ့အသင်း အတွက် အဓိကကျတဲ့ ကစားသမား တဦးပါ။

ဘရိုက်တန်အသင်းနဲ့ သရေကျပြီး စိတ်ပျက်စရာ ရလဒ်တခုကို ရခဲ့တယ် ဆိုပေမယ့် လီဗာပူးအသင်းက အက်သလက်တီကို မက်ဒရစ်အသင်းကို ခြေစွမ်းပိုင်း အသာနဲ့ အနိုင်ယူထားပါတယ်။ အာနိုးလ်က သူ့ရဲ့ အကောင်းဆုံး ခြေစွမ်းတွေကို ဂိုးဖန်တီးမှု ၂ကြိမ်နဲ့ သက်သေပြနိုင်ခဲ့ပြီး ပထမတဂိုးက အတော်လေး ကောင်းမွန်ပါတယ်။

ဒီပွဲက အတော်လေး ကျပ်တည်းမယ့် ပွဲတပွဲပါ။ ဒါပေမယ့် အခုချိန်မှာတော့ ကျွန်တော်က လီဗာပူးအသင်းရဲ့ ခြေစွမ်းပိုင်းကို ပိုပြီး သဘောကျနေပါတယ်။ ဒါကြောင့် လီဗာပူးအသင်းက လန်ဒန်မြေမှာ ၁-၂ ဆိုတဲ့ ရလဒ်နဲ့ နိုင်သွားမယ်လို့ ခန့်မှန်းချင်ပါတယ်။

ခန့်မှန်းရလဒ် – ဝက်စ်ဟမ်း ၁-၂ လီဗာပူး

Photo Credit: Sky Sports

အခြားပွဲစဉ်များ အတွက် ခန့်မှန်းရလဒ်များ

ဆောက်သမ်တန် ၁-၁ ဗီလာ (ပွဲပြီးရလဒ် ဆောက်သမ်တန် ၁-၀ ဗီလာ)
ဘရန့်ဖို့ဒ် ၂-၁ နောဝှစ်ချ်
ချယ်လ်ဆီး ၂-၀ ဘန်လေ
ပဲလေ့စ် ၂-၁ ဝုဗ်
ဘရိုက်တန် ၁-၀ နယူးကာဆယ်
အာဆင်နယ် ၃-၁ ဝက်ဖို့ဒ်
အဲဗာတန် ၂-၁ စပါး
လိဒ် ၁-၃ လက်စတာ