ယနေ့ညမှာတော့ လူကြိုက်အများဆုံး အင်္ဂလန် ပရီးမီးယားလိဂ်ပွဲစဉ်တွေဟာ ပရိသတ်တွေဆီ ပြန်လည် ရောက်ရှိလာပြီပဲ ဖြစ်ပါတယ်။ မန်စီးတီးနဲ့ အာဆင်နယ် ၊ လီဗာပူးနဲ့ ချယ်လ်ဆီးတို့လို ပွဲကောင်းတွေ ပါဝင်နေတဲ့ ယခုတပတ်အတွက် ပြီးခဲ့တဲ့ ရက်သတ္တပတ်မှာ ခန့်မှန်းမှုတွေ အများအပြား မှန်ကန်ခဲ့တဲ့ ဂုရုကြီး အိုဝင်ရဲ့ ခန့်မှန်းသုံးသပ်ချက်တွေကို စုစည်း ဖော်ပြပေးလိုက်ပါတယ်။

Photo Credit: Sky Sports

မန်စီးတီးနဲ့ အာဆင်နယ် (စနေနေ့ည ၆နာရီခွဲ)

နောဝှစ်ချ်အသင်းနဲ့ပွဲစဉ်က မန်စီးတီးအသင်းကို သူတို့ရဲ့ အကောင်းဆုံးပုံစံ နီးပါး ပြန်ရအောင် လုပ်ပေးခဲ့တဲ့ ပွဲတပွဲပါ။ နောဝှစ်ချ်နဲ့ပွဲမှာ သူတို့က အခွင့်အရေးတွေ အများကြီး ဖန်တီးနိုင်ခဲ့ပြီး ဂရီးလစ်ရှ်အတွက် လိုအပ်နေတဲ့ ပွဲကောင်းတပွဲ ဖြစ်ခဲ့ပါတယ်။ သူက အဲ့ဒီပွဲမှာ သွင်းဂိုး ရခဲ့တယ်။ လှပတဲ့ သွင်းဂိုးတဂိုး မဟုတ်ပေမယ့် သူ့အတွက် အရေးပါခဲ့ပါတယ်။ အာဆင်နယ်အသင်း အတွက် တကယ်ကို ဆိုးရွားလှတဲ့ ရာသီအစပါ။ ဒီနေ့ပွဲကလည်း သူတို့အတွက် မလွယ်ကူတဲ့ ပွဲတပွဲ ဖြစ်လာဦးမှာပါ။ ချယ်လ်ဆီးနဲ့ပွဲမှာ သူတို့ရဲ့ အဓိက ကစားသမား တချို့ကို လက်လွှတ်ခဲ့ရတယ်လို့ ဆိုနိုင်ပေမယ့် ချယ်လ်ဆီးက သူတို့ကို သက်တောင့်သက်သာ နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ သူတို့ရဲ့ အကောင်းဆုံး တိုက်စစ် စွမ်းဆောင်ရည်ကို မရနိုင်သေးဘူး ဆိုတာ သိပေမယ့် ဒီပွဲမှာ သူတို့ကပဲ အနိုင်ရမယ့်သူတွေပါ။

ခန့်မှန်းရလဒ် – မန်စီးတီး ၂-၀ အာဆင်နယ်

Photo Credit: Sky Sports

လီဗာပူးနဲ့ ချယ်လ်ဆီး (စနေနေ့ည ၁၁နာရီ)

ဒီပွဲကတော့ ပွဲကောင်းတပွဲပါ။ လီဗာပူးအသင်းရဲ့ အကြောင်း အရင် စပြောကြတာပေါ့။ ကလော့ပ်ရဲ့ လူတွေ အတွက် ရာသီအဖွင့် ကတော့ ကောင်းသွားပါပြီ။ နှစ်ပွဲကစား နှစ်ပွဲနိုင်တယ်။ သေချာတာက ဂျာဂင်ကလော့ဟာ နှစ်ပွဲလုံး ဂိုးမပေးရတဲ့ အတွက် ကျေနပ်နေပြီ ဆိုတာပါပဲ။ ဗန်ဒိုက်က ဘောလုံးကွင်းတွေနဲ့ ဘယ်တုန်းကမှ မဝေးခဲ့တဲ့ အတိုင်း ခြေစွမ်းပြနေပြီး အန်ဖီးလ်ကွင်းရဲ့ ပရိသတ်တွေကလည်း ကွဲပြားခြားနားမှုကို ဖြစ်စေပါတယ်။ ချယ်လ်ဆီးအသင်းက အတော်လေးကို ကောင်းနေပါတယ်။ သူတို့မှာ အားနည်းချက် မရှိသလို ခံစားရပြီး သူတို့ကို ကျော်ဖြတ်ဖို့ ခက်ခဲနိုင်ပါတယ်။ အာဆင်နယ်နဲ့ပွဲက လူကာကူရဲ့ စွမ်းဆောင်ရည်ကို ကျွန်တော် သဘောကျပါတယ်။ အထူးသဖြင့် သူ့ရဲ့ ရွေ့လျားပုံတွေက ကောင်းမွန်ပါတယ်။ အာဆင်နယ်အသင်းရဲ့ ခံစစ်မှူးတွေကို သူ အနိုင်ကျင့်ခဲ့တဲ့ ပုံစံကို ကျွန်တော် သဘောကျပါတယ်။ ဒီတော့ အန်ဖီးလ်မှာ သူ့ဘက်က ဘယ်လိုမျိုး အစွမ်းပြမလဲ ဆိုတာ သိချင်နေပါပြီ။ သူ့ကို ယှဉ်နိုင်တဲ့ နောက်ခံလူ ရှိမလား။ ကျွန်တော် ကတော့ ဗန်ဒိုက်ဟာ သူ့အတွက် အကောင်းဆုံး ပြိုင်ဘက်လို့ ထင်ပါတယ်။ ကျွန်တော့်ကို အစွဲကြီးတယ်လို့ ပြောနိုင်ပါတယ်။ ကျွန်တော်ကတော့ ဒီပွဲမှာ လီဗာပူးအသင်းက အသာရသွားမယ်လို့ ထင်နေပါတယ်။ ကျွန်တော့်အထင် ပွဲရလဒ်က ၂-၁ ဖြစ်နိုင်ပါတယ်။

ခန့်မှန်းရလဒ် – လီဗာပူး ၂-၁ ချယ်လ်ဆီး

Photo Credit: Sky Sports

ဝုဗ်နဲ့ မန်ယူ (တနင်္ဂနွေနေ့ ည၁၀နာရီ)

ဝုဗ်အသင်းက နောက်ဆုံး ကစားခဲ့တဲ့ နှစ်ပွဲမှာ ဂိုးပေါက်ကန်သွင်းမှု ၄၂ကြိမ် အထိ ရှိခဲ့ပေမယ့် ဂိုးတော့ မရသေးပါဘူး။ သူတို့က သွင်းဂိုးတွေကို အဆုံးသတ်ပေးနိုင်မယ့် ကစားသမား တဦး လိုနေပါတယ်။ ရာအူးလ် ဂျီမီနက်ဇ်က သွင်းဂိုးတွေ ပြန်လည် သွင်းယူနိုင်ဖို့ သူတို့တွေ မျှော်လင့်နေနိုင်ပါတယ်။ နည်းပြ ဘရူနိုလာ့ဂ်က ဝုဗ်အသင်းရဲ့ ကစားပုံကို ပြောင်းလဲဖို့ ကြိုးစားနေတာကြောင့် သူတို့အတွက် ရာသီအစက ခက်ခဲနေပါတယ်။ ယူနိုက်တက်ကတော့ လိဒ်အသင်းကို ဂိုးပြတ်နိုင်ပြီးတော့ ဆောက်သမ်တန်ကို သရေကျခဲ့ပါတယ်။ သူတို့တွေ ဘာလုပ်သင့်လဲ ဆိုတာကို ပြောပြဖို့ ခက်ပေမယ့် သေချာတာကတော့ မေဆန် ဂရင်းဝုဒ်ကို အခွင့်အရေးတွေ ဖန်တီးပေးပါ။ သူက ဂိုးသွင်းပြပါလိမ့်မယ်။ အသက်ငယ်ငယ်နဲ့ ပွဲထွက် တိုက်စစ်မှူးအဖြစ် ကစားရတာက ဘယ်လိုခံစားရလဲ ဆိုတာ ကျွန်တော် ကောင်းကောင်းကြီး သိပါတယ်။ ဒီကောင်လေးမှာ အရည်အချင်းတွေ အားလုံး ရှိပါတယ်။ ဒီပွဲမှာတော့ ယူနိုက်တက်က နိုင်ပွဲ ပြန်ရမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ဂိုးပြတ်နိုင်ပွဲတော့ မဟုတ်နိုင်ပါဘူး။

ခန့်မှန်းရလဒ် – ဝုဗ် ၀-၁ မန်ယူ

Photo Credit: Sky Sports

 

အခြားပွဲစဉ်များ အတွက် ခန့်မှန်းရလဒ်များ
ဗီလာ ၂-၁ ဘရန့်ဖို့ဒ်
ဘရိုက်တန် ၁-၁ အဲဗာတန်
နယူးကာဆယ် ၁-၀ ဆောက်သမ်တန်
နောဝှစ်ချ် ၁-၂ လက်စတာ
ဝက်စ်ဟမ်း ၂-၀ ပဲလေ့စ်
ဘန်လေ ၀-၁ လိဒ်
စပါး ၂-၀ ဝက်ဖို့ဒ်