အပတ်စဉ် တင်ဆက်ပေးနေကြ ပရီးမီးယားလိဂ်ပွဲစဉ်တွေ အတွက် ခန့်မှန်းသုံးသပ်ချက်တွေကို တင်ဆက်ပေးရမယ့် အချိန်ကို ရောက်လာပြန်ပါပြီ။ ဒီတခါမှာတော့ ပရိသတ် အချစ်တော် ဂုရုကြီး မိုက်ကယ် အိုဝင်ရဲ့ သုံးသပ်မှုတွေကို တင်ဆက် ပေးသွားပါမယ်။

Photo Credit: Sky Sports

မန်စီးတီးနဲ့ လိဒ် (ဗုဒ္ဓဟူးနေ့ မနက် ၂နာရီခွဲ)

မန်စီးတီးအသင်းက ဝုဗ်အသင်းနဲ့ပွဲစဉ်မှာ သူတို့တွေ ပုံမှန်လုပ်နေကြလို သက်တောင့်သက်သာ နိုင်ခဲ့တာ မဟုတ်ပါဘူး။ ဝုဗ်အသင်းလိုမျိုး ဖွဲ့စည်းပုံကောင်းတဲ့ အသင်းတသင်းနဲ့ ရင်ဆိုင်ရတာက ဘယ်တော့မှ မလွယ်ကူပါဘူး။ ဒါပေမယ့် အဆုံးမှာတော့ သူတို့တွေ နိုင်ပွဲတပွဲ ရခဲ့ပါတယ်။ ဒီနေ့ပွဲမှာတော့ မန်စီးတီးရဲ့ ခြေစွမ်းက ပိုပြီး ကောင်းလာမယ်လို့ မြင်ပါတယ်။

လိဒ်အသင်းကတော့ ချယ်လ်ဆီးနဲ့ပွဲမှာ အတော်လေး ကံမကောင်းခဲ့လို့ အမှတ်ဗလာနဲ့ အိမ်ပြန်ခဲ့ရတာပါ။ အဲ့ဒီပွဲမှာ သူတို့တွေက သရေတမှတ်နဲ့ ထိုက်တန်တဲ့ ခြေစွမ်းမျိုးကို ပြသနိုင်ခဲ့ပါတယ်။ သူတို့ရဲ့ ခြေစွမ်းပိုင်းက ကောင်းမွန်ခဲ့သလို ဒုတိယဂိုးကလည်း လိဒ်အသင်းရဲ့ သွင်းနေကြ သွင်းဂိုးပုံစံပါပဲ။ ဒီပွဲမှာလည်း သူတို့က သွင်းဂိုးတွေ သွင်းနိုင်ဖို့ ကြိုးစားပါလိမ့်မယ်။

လိဒ်အသင်းက ဘယ်တော့မှ ခံစစ်ဆော့ပြီး ကောင်တာချောင်းတဲ့ အသင်းတသင်း မဟုတ်ပါဘူး။ ဒါကြောင့် ဒီပွဲမှာလည်း သူတို့က တိုက်စစ်ဆော့လိမ့်မယ်။ ဒီအချက်က မန်စီးတီးအသင်း အတွက် ကောင်းတဲ့ အချက်တခု ဖြစ်ပြီး သူတို့က သွင်းဂိုး များများစားစား သွင်းနိုင်ပါလိမ့်မယ်။
ခန့်မှန်းရလဒ် – မန်စီးတီး ၄-၁ လိဒ်

Photo Credit: Sky Sports

အာဆင်နယ်နဲ့ ဝက်စ်ဟမ်း (ကြာသပတေးနေ့ မနက် ၂နာရီခွဲ)

ဒီပွဲက ပွဲကောင်းတပွဲ ဖြစ်သင့်ပါတယ်။ အာဆင်နယ်အသင်းဆီ ကနေ ဘာတွေ မျှော်လင့်ရမလဲ ဆိုတာ မသိပါဘူး။ သူတို့က အဲဗာတန်နဲ့ပွဲမှာ ခြေစွမ်း ဆိုးရွားခဲ့ပေမယ့် ဆောက်သမ်တန်နဲ့ပွဲမှာတော့ အရေးပါတဲ့ နိုင်ပွဲကို ပြန်ရှာနိုင်ခဲ့ပါတယ်။ ဒါကြောင့် ဒီပွဲမှာသာ သူတို့က ဝက်စ်ဟမ်းကို အနိုင်ရသွားရင် ဝက်စ်ဟမ်းကို ဖြတ်ကျော်ခွင့် ရမယ့် အခွင့်အရေးကောင်း တခုကို ပိုင်ဆိုင်ထားပါတယ်။

ဘန်လေအသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရတဲ့ အသင်းတိုင်း ခက်ခဲလေ့ ရှိပါတယ်။ ဒါပေမယ့် မိုရက်စ်ကတော့ သရေတမှတ်နဲ့ အိမ်ပြန်ခဲ့ရတဲ့ အပေါ် ကျေနပ်တဲ့ပုံတော့ မရှိပါဘူး။ ဝက်စ်ဟမ်းက ထိပ်ဆုံး လေးသင်းစာရင်းထဲမှာ ရှိနေသေးပေမယ့် တခြားအသင်းတွေက သူတို့နဲ့ အရမ်းကို ကပ်နေပါပြီ။

ဝက်စ်ဟမ်းက ဒီပွဲမှာ မရှုံးနိမ့်အောင် အစွမ်းကုန် ကြိုးစားလာပါလိမ့်မယ်။ ဒါကြောင့် ကျွန်တော်ကတော့ သူတို့ဟာ အာဆင်နယ်ကို စိတ်ပျက်အောင် လုပ်ပြီး သရေတမှတ်ကို ရအောင် ယူသွားမယ်လို့ မြင်ပါတယ်။
ခန့်မှန်းရလဒ် – အာဆင်နယ် ၁-၁ ဝက်စ်ဟမ်း

Photo Credit: Sky Sports

လက်စတာနဲ့ စပါး (သောကြာနေ့ မနက် ၂နာရီ)

လက်စတာက နယူးကာဆယ်ကို ၄ဂိုး သွင်းပြီး သူတို့ရဲ့ ဒီရာသီမှာ အကောင်းဆုံး နိုင်ပွဲတပွဲကို ရှာဖွေထားနိုင်ပါတယ်။ အဲ့ဒီပွဲမှာ သူတို့က ဘောလုံးပေးပို့မှုတွေကို ခပ်မြန်မြန် လုပ်ခဲ့ပြီး သူတို့ရဲ့ ကစားပုံကလည်း အတော်လေး ကောင်းခဲ့ပါတယ်။ တကယ်လို့ သူတို့သာ အဲ့ဒီပုံစံကို ထိန်းသိမ်းနိုင်ခဲ့ရင် ဇယားထိပ်ပိုင်းကို တက်လှမ်းနိုင်လောက်ပါတယ်။

စပါးအသင်းက မကစားရသေးတဲ့ပွဲ ၂ပွဲ အထိ ရှိနေသေးတယ် ဆိုတော့ ဒီအချက်က သူတို့အတွက် ကောင်းပါလိမ့်မယ်။ အခုဆိုရင် ကွန်တီက လေ့ကျင့်ရေး အတွက် အချိန်ပိုတွေလည်း ရထားတော့ ဒီနေ့ပွဲမှာ ပိုကောင်းတဲ့ စပါးအသင်းကို မြင်လာရနိုင်ပါတယ်။

ကျွန်တော်ကတော့ ဒီပွဲမှာ စပါးအသင်းပဲ အနိုင်ရသွားမယ်လို့ ထင်ပါတယ်။ သူတို့က ကွန်တီရဲ့ လက်အောက်မှာ ပိုကောင်းသလို သူတို့ရဲ့ ခြေစွမ်းပိုင်း တိုးတက်လာမှုကို ဒီပွဲအနိုင်နဲ့ သက်သေပြသွားမှာပါ။
ခန့်မှန်းရလဒ် – လက်စတာ ၁-၂ စပါး

Photo Credit: Sky Sports

အခြားပွဲများအတွက် ခန့်မှန်းရလဒ်များ
နောဝှစ်ချ် ၀-၁ ဗီလာ
ဘရိုက်တန် ၁-၁ ဝုဗ်
ဘန်လေ ၁-၀ ဝက်ဖို့ဒ်
ခရစ္စတယ်ပဲလေ့စ် ၂-၁ ဆောက်သမ်တန်
ချယ်လ်ဆီး ၃-၁ အဲဗာတန်
လီဗာပူး ၃-၁ နယူးကာဆယ်