ကဲ အပတ်စဉ် တင်ဆက်ပေးနေကြ ဂုရုကြီး မိုက်ကယ် အိုဝင်ရဲ့ ပရီးမီးယားလိဂ် ပွဲကြို ခန့်မှန်း သုံးသပ်ချက်တွေကို ဖော်ပြပေးရမယ့် အချိန်အခါကို ထပ်မံ ရောက်ရှိလာပြန်ပါပြီ။ ဒီတပတ်မှာလည်း အဲဗာတန်နဲ့ လီဗာပူး ၊ မန်ချက်စတာ ယူနိုက်တက်နဲ့ အာဆင်နယ်တို့လို ပွဲကြီးပွဲကောင်းတွေ ရှိနေတာကြောင့် အိုဝင်ရဲ့ ခန့်မှန်း သုံးသပ်မှုတွေက ဘယ်လို ဖြစ်နေမလဲ ဆိုတာ ဖတ်ရှုကြည့်လိုက်ရအောင်ဗျာ။

Photo Credit: Sky Sports

အဲဗာတန်နဲ့ လီဗာပူး (ကြာသပတေးနေ့ မနက် ၂နာရီ ၄၅မိနစ်)

လီဗာပူးအသင်း ကတော့ ပြီးခဲ့တဲ့တခေါက် မာဆေးဆိုဒ်ဒါဘီမှာ အဲဗာတန်အသင်းကို အိမ်ကွင်း အန်ဖီးလ်မှာပဲ အရှုံးပေးခဲ့ရတဲ့ ရှုံးကြွေးကို ပြန်ဆပ်ဖို့ အသင့် ပြင်လာနိုင်ပါတယ်။ အဲ့ဒီပွဲတုန်းက လီဗာပူးအသင်းရဲ့ အခြေအနေက အတော်လေး ဆိုးရွားနေခဲ့တာပါ။ ဒါပေမယ့် အခုတော့ ဗန်ဒိုက် ပြန်လာမှု ၊ အာနိုးလ်ရဲ့ အမြင့်ပျံ ခြေစွမ်းတွေကြောင့် အဲဗာတန်အသင်း အတွက် ပွဲကျပ်တပွဲ ဖြစ်လာဖို့ ရှိနေပါတယ်။

Photo Credit: Sky Sports

အခုချိန်မှာ လီဗာပူးအသင်းရဲ့ တိုက်စစ်ပိုင်းကို ရပ်တန့်ဖို့ မလွယ်ကူပါဘူး။ ဒါကြောင့် ဆာလာ ၊ မာနေးနဲ့ ဂျိုတာတို့သာ အကောင်းဆုံး ခြေစွမ်းကို ပိုင်ဆိုင်ခဲ့ရင် လီဗာပူးအသင်းက နောက်ထပ် နိုင်ပွဲတပွဲကို ထပ်ပြီး ရရှိသွားဦးမှာပါ။

ခန့်မှန်းရလဒ် – အဲဗာတန် ၁-၂ လီဗာပူး

Photo Credit: Sky Sports

မန်ချက်စတာ ယူနိုက်တက်နဲ့ အာဆင်နယ် (သောကြာနေ့ မနက် ၂နာရီ ၄၅မိနစ်)

မန်ချက်စတာ ယူနိုက်တက်နဲ့ အာဆင်နယ်တို့ရဲ့ ပွဲစဉ်က အမြဲတမ်း သတင်းစာတွေရဲ့ ခေါင်းကြီးပိုင်းမှာ ပါဝင်ရလေ့ ရှိတဲ့ ပွဲကောင်းတပွဲပါ။ ပြီးတော့ ရန်းဂ်နစ် ရောက်ရှိလာမှုကြောင့် ဒီတကြိမ်မှာလည်း အဲ့ဒီလို ခေါင်းကြီးပိုင်းသတင်း ဖြစ်နေဦးမှာပါပဲ။ ဒီပွဲမှာ မန်ချက်စတာ ယူနိုက်တက်အသင်းက ဘယ်လိုပုံစံမျိုးနဲ့ ကစားလာမလဲ ဆိုတာ မှန်းဆဖို့ ခက်ပါတယ်။ ဒါပေမယ့် သေချာတာက ရန်းဂ်နစ်ကြောင့် သူတို့အသင်းရဲ့ ကစားပုံက ပိုပြီး ကျစ်လျစ်လာမယ်လို့ ယုံကြည်ပါတယ်။ အထူးသဖြင့် ပြစ်ဒဏ်ဘော ကစားပုံမျိုးမှာပေါ့။

Photo Credit: Sky Sports

အာဆင်နယ်အသင်းက အတော်လေးကို တိုးတက်လာခဲ့တာ မှန်ပေမယ့် အရိုးသားဆုံး ဝန်ခံရရင် သူတို့အသင်းက မန်ချက်စတာ ယူနိုက်တက်အသင်းကို ယှဉ်နိုင်ဖို့ အနည်းငယ် လိုအပ်နေသေးတယ်လို့ မြင်ပါတယ်။ သူတို့တွေရဲ့ ကစားသမားတွေကို တယောက်ချင်းစီ ယှဉ်ကြည့်ရင် သိနိုင်ပါတယ်။ ဒါကြောင့်ပဲ ကျွန်တော်ကတော့ ဒီပွဲမှာ အိမ်ရှင် သရဲနီတွေကပဲ အနိုင်ရသွားမယ်လို့ ခန့်မှန်းပါတယ်။

ခန့်မှန်းရလဒ် – မန်ယူ ၂-၁ အာဆင်နယ်

Photo Credit: Sky Sports

အခြားပွဲစဉ်များ အတွက် ခန့်မှန်းရလဒ်များ

နယူးကာဆယ် ၂-၀ နောဝှစ်ချ် (ပွဲပြီးရလဒ် နယူးကာဆယ် ၁-၁ နောဝှစ်ချ်)
လိဒ် ၁-၁ ခရစ္စတယ် ပဲလေ့စ် (ပွဲပြီးရလဒ် လိဒ် ၁-၀ ပဲလေ့စ်)
ဝက်ဖို့ဒ် ၀-၂ ချယ်လ်ဆီး
ဝက်စ်ဟမ်း ၂-၁ ဘရိုက်တန်
ဝုဗ် ၁-၀ ဘန်လေ
ဆောက်သမ်တန် ၁-၂ လက်စတာ
ဗီလာ ၁-၃ မန်စီးတီး
စပါး ၂-၀ ဘရန့်ဖို့ဒ်