ပရီးမီးယားလိဂ်ရဲ့ ဂန္တဝင် တိုက်စစ်မှူး တဦး ဖြစ်သလို လက်ရှိအချိန်မှာ အောင်မြင်တဲ့ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ အိုဝင်ကတော့ ယနေ့ညမှာ ယှဉ်ပြိုင် ကစားမယ့် ချယ်လ်ဆီးနဲ့ လိုင်လီ ၊ မနက်ဖြန်ညမှာ ယှဉ်ပြိုင် ကစားမယ့် အက်သလက်တီကို မက်ဒရစ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ရဲ့ ပွဲစဉ်တွေကို ခန့်မှန်း သုံးသပ်မှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်က ပရိသတ်တွေ အနေနဲ့ အိုဝင်ရဲ့ ခန့်မှန်းချက်တွေကို ဖတ်ရှုနိုင်အောင် စုစည်း တင်ဆက်ပေးလိုက်ပါတယ်။

Photo Credit: Standard

ချယ်လ်ဆီးနဲ့ လိုင်လီ (အင်္ဂါနေ့ည ၂နာရီခွဲ)

ဒီတပတ်မှာ ကြည့်ရမှာကတော့ ချန်ပီယံဘွဲ့ကို ကာကွယ်ရမယ့် ချယ်လ်ဆီးရဲ့ ပထမဦးဆုံး ရှုံးထွက်ပွဲပါ။ လိုင်လီက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အမှတ်ပေး ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့တယ် ဆိုပေမယ့် ဒီရာသီမှာတော့ အတော်လေး ရုန်းကန်နေရပါတယ်။ သူတို့က လီဂူးဝမ်းပြိုင်ပွဲရဲ့ အဆင့်၁၁နေရာ အထိ ရောက်နေပြီး ဒါက လိုင်လီအတွက် အတော်လေး စိတ်ပျက်စရာကောင်းတဲ့ ရလဒ်တခုပါ။ သူတို့က အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့တယ် ဆိုပေမယ့် ဒီအဆင့်က သူတို့တွေ နောက်ဆုံး တက်လှမ်းနိုင်မယ့် နေရာတခုလို့ပဲ ထင်ပါတယ်။ ဒါကြောင့် ဒီပွဲရဲ့ အနိုင်က ချယ်လ်ဆီးလက်ထဲမှာပါ။
ခန့်မှန်းရလဒ် – ချယ်လ်ဆီး ၂-၀ လိုင်လီ

Photo Credit: Standard

အက်သလက်တီကိုနဲ့ မန်ချက်စတာ ယူနိုက်တက် (ဗုဒ္ဓဟူးနေ့ည ၂နာရီခွဲ)

ဒီပွဲက အတော်လေးကို စိတ်ဝင်စားစရာ ကောင်းပါတယ်။ အက်သလက်တီကို မက်ဒရစ်က ဒီရာသီမှာ ပြဿနာပေါင်းစုံနဲ့ ရင်ဆိုင်နေရပြီး စွမ်းဆောင်ရည်ကလည်း ကျဆင်းနေပါတယ်။ အထူးသဖြင့် ဆီမြွန်နီရဲ့ အသင်းက မထင်ထားရလောက်အောင် ခံစစ်ပိုင်း ပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါပေမယ့် ကျွန်တော်က ဆီမြွန်နီရဲ့ အသင်းကို ပြိုင်ပွဲကြီးတွေမှာ လျှော့မတွက်စေချင်ဘူး။ အိမ်ကွင်းမှာ ကစားရမယ့် ပွဲအတွက် သူတို့တွေ အကောင်းဆုံး ပြင်ဆင်ထားမယ်လို့ ထင်ပါတယ်။

Photo Credit: Standard

ယူနိုက်တက်ကတော့ ပြီးခဲ့တဲ့ သီတင်းပတ် အကုန်မှာ လိဒ်ကို အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့် သူတို့တွေရဲ့ ခံစစ်ပိုင်းက ပြဿနာ ရှိနေတုန်းပါပဲ။ ဒီလိုမျိုး ပြင်းထန်မယ့် ပွဲမျိုးမှာ ယူနိုက်တက် ကစားသမားတွေရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုက လုံလောက်ပါ့မလားလို့ ကျွန်တော် တွေးနေမိပါတယ်။ ဒါကြောင့် ဒီနေ့ပွဲမှာ အက်သလက်တီကို မက်ဒရစ်က အသာစီး ရသွားမယ်လို့ ထင်ပါတယ်။ တကယ်လို့ ဒီပွဲမှာ ဆွာရက်ဇ် တယောက် ဂိုးရခဲ့ရင်လည်း အံ့အားသင့်မိမှာ မဟုတ်ပါဘူး။ ဒီနှစ်သင်းကြားမှာ ကွာခြားချက်တွေတော့ အများကြီး မရှိလောက်ဘူး။ ဒါပေမယ့် အက်သလက်တီကိုက မန်ချက်စတာ ယူနိုက်တက်ကို ကပ်နိုင်သွားပါလိမ့်မယ်။
ခန့်မှန်းရလဒ် – အက်သလက်တီကို ၂-၁ မန်ချက်စတာ ယူနိုက်တက်