ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ခန့်မှန်းသုံးသပ်လျက် ရှိနေတဲ့ လီဗာပူးလ် မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ ကစားသမားဟောင်းကြီး မိုက်ကယ်အိုဝင်ကတော့ ဒီနေ့ညမှာ ကာရာဘောင်း လိဂ်ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့အဖြစ် ယှဉ်ပြိုင်ကစားသွားကြမယ့် အာဆင်နယ်အသင်းနဲ့ လီဗာပူးလ်အသင်းတို့ရဲ့ ပွဲစဉ်အကြောင်းကိုပါ သူရဲ့ ထင်မြင်ချက်တွေနဲ့အတူ ခန့်မှန်းထားမှုကို ပြန်လည်မျှဝေပေးသွားချင်ပါတယ်။

Photo Credit : The Mirror

အာဆင်နယ်နဲ့လီဗာပူးလ်တို့ EFL Cup ဆီမီးဖိုင်နယ်ပွဲစဉ်အပေါ် အိုဝင်ရဲ့ ခန့်မှန်းချက်

“ပြီးခဲ့တဲ့ ပထမအကျော့တုန်းက အာဆင်နယ်အသင်းရဲ့ စွမ်းဆောင်ရည်ကို အထင်ကြီးမိခဲ့ရတယ်ဆိုတာကို ကျွန်တော် ဝန်ခံရပါမယ်။ ကစားသမား(၁၀)ဦးတည်းနဲ့ အချိန်ကြာမြင့်စွာ ယှဉ်ကစားနိုင်တာက ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ဒါ အာဆင်နယ်အသင်း ရရှိနိုင်တဲ့ ရလဒ်မျိုး မဟုတ်ပါဘူး။ လီဗာပူးလ်ကတော့ ဘရန့်ဖိုဒ့်အသင်းနဲ့ ပွဲစဉ်အတွင်း အထင်ကြီးလောက်စရာကောင်းတဲ့ ပုံစံမျိုး ပြသနိုင်ခဲ့ပြီး (၃)ဂိုးထက်တောင် ပိုသွင်းယူနိုင်ခဲ့သင့်တာ။ ဆာလာ မာနေးတို့က အသင်းအတွက် ကြီးမားတဲ့ မပါဝင်နိုင်မှုတွေ ဖြစ်ခဲ့ပေမယ့် ဂျိုတာ ချိန်ဘာလိန်တို့က ပွဲတလျှောက်လုံး တောက်ပနေခဲ့တယ်။ အခုပွဲမှာ အာဆင်နယ်က ဘောလုံးတွေ ပိုမိုရလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့်လည်း လီဗာပူးလ်ကလည်း အာဆင်နယ်အတွက် ပြသာနာ အများကြီး ဖြစ်လာစေပါလိမ့်မယ်။ (၂)ဂိုး(၁)ဂိုးနဲ့ လီဗာပူးလ် အနိုင်ရပါလိမ့်မယ်”

Photo Credit : Twitter

အန်ဖီးလ်ကွင်းမှာ ယှဉ်ပြိုင်ခဲ့တဲ့ ပထမအကျော့ပွဲစဉ်အတွင်းမှာတော့ အာဆင်နယ်အသင်းဟာ (၂၄)မိနစ်ကတည်းက ကစားသမားတစ်ယောက်လျော့နဲ့ ယှဉ်ပြိုင်ခဲ့ရတာ ဖြစ်ပေမယ့်လည်း အိမ်ရှင်လီဗာပူးလ်ကို အကေကာင်းဆုံး ရင်ဆိုင်သွားခဲ့ပြီး ဂိုးမရှိသရေရအောင် ကစားနိုင်ခဲ့ပါတယ်။ ဒီပွဲအတွင်းမှာ နှစ်သင်းလုံးရဲ့ ကစားသမား အများစု ပါဝင်နိုင်ဖွယ် မရှိပေမယ့်လည်း နှစ်သင်းလုံးမှာ ဖို်င်နယ်တတ်ရောက်ရေးအတွက် ဆတူအခွင့်အရေးတွေ ရှိနေတဲ့အတွက် အကြိတ်အနယ်ကို ယှဉ်ပြိုင်ကြမှာ သေချာပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ နောက်ဆုံးကစားထားခဲ့တဲ့ အိမ်ကွင်းပွဲစဉ်မှာ မန်စီးတီးကို အရေးနိမ့်ထားခဲ့ပေမယ့် ဒီရာသီမှာ ကစားထားခဲ့ရတဲ့ အိမ်ကွင်းပွဲစဉ်တွေမှာ ချယ်လ်ဆီး မန်စီးတီးတို့ကိုသာ ရှုံးနိမ့်ထားခဲ့တာဖြစ်လို့ ဒါက နောက်ဆုံးကစားထားခဲ့တဲ့ အဝေးကွင်း(၃)ပွဲဆက် နိုင်ပွဲပျောက်ထားရတဲ့ လီဗာပူးလ်အတွက် သတိထားစရာ ဖြစ်လာနိုင်ပါတယ်။ သေချာတာကတော့ ဒီပွဲစဉ်က တကယ်ကို အကြိတ်အနယ် ရှိနိုင်ပြီး ဘယ်အသင်းက နိုင်ပွဲရကာ ဖိုင်နယ်ကို တတ်လှမ်းနိုင်မလဲ ဆိုတာကလည်း ခန့်မှန်းရ ခက်စေနိုင်ပါတယ်။