မန္ယူအသင္းဟာ ဒီကေန႔ည၊ (၂း၁၅) အခ်ိန္မွာေတာ့ အိမ္ကြင္းမွာ ဝုဗ္လ္အသင္းနဲ႔ အက္ဖ္ေအ ဖလား ျပန္ကန္ပြဲစဥ္ ကစားရမွာ ျဖစ္ၿပီး မန္ယူ တိုက္စစ္မႉးေဟာင္း အိုဝင္က မန္ယူအသင္းကပဲ အႏိုင္ရမယ္လို႔ ခန႔္မွန္းသြားခဲ့ပါတယ္။ အိုဝင္က မန္ယူအသင္းဟာ ေနာက္ဆုံး ကစားသြားခဲ့တဲ့ ပရီးမီးယားလိဂ္ အိမ္ကြင္း ပြဲစဥ္ (၂) ပြဲမွာ (၄) ဂိုးစီ သြင္းယူခဲ့တာေၾကာင့္ ယေန႔ည အိမ္ကြင္းမွာ ဝုဗ္လ္အသင္းကို (၂) ဂိုးသြင္း အႏုိင္ယူၿပီး စတုတၳအဆင့္ကို တက္သြားမယ္လို႔ ေျပာခဲ့ပါတယ္။

Photo Credit: manchestereveningnews

နည္းျပ ဆိုးလ္ရွားရဲ႕ မန္ယူအသင္းဟာ ေနာက္ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ အိမ္ကြင္း ပြဲစဥ္ (၂) ပြဲမွာ နယူးကာဆယ္အသင္းကို (၄-၁) နဲ႔ အႏိုင္ရခဲ့သလို၊ ေနာ္ဝွစ္ခ်္အသင္းကိုလည္း (၄-ဝ) နဲ႔ အႏိုင္ရခဲ့တာပဲ ျဖစ္ပါတယ္။ မန္ယူတိုက္စစ္မႉးေဟာင္း အိုဝင္က ဝုဗ္လ္အသင္းဟာ ေနာက္ဆုံး ကစားခဲ့တဲ့ ၿပိဳင္ပြဲစုံ ပြဲစဥ္ (၄) ပြဲမွာ (၂) ဂိုးပဲ သြင္းယူခဲ့တာေၾကာင့္ ဂိုးေပါက္ ေပ်ာက္ေနတယ္လို႔ ေျပာခဲ့ၿပီး မန္ယူအသင္းကပဲ အႏိုင္ရၿပီး စတုတၳအဆင့္ကို တက္သြားလိမ့္မယ္လို႔ ေျပာပါတယ္။

Photo Credit: manchestereveningnews

အိုဝင္က “မန္ခ်က္စတာ ယူႏိုက္တက္က ေနာက္ဆုံး ကစားသြားခဲ့တဲ့ ပရီးမီးယားလိဂ္ အိမ္ကြင္း ပြဲစဥ္ (၂) ပြဲမွာ (၄) ဂိုးစီ သြင္းယူခဲ့ပါတယ္။ ဒါေပမဲ့ ဝုဗ္လ္အသင္းနဲ႔ ကစားမယ့္ ပြဲစဥ္မွာ (၂) ဂိုး သြင္းၿပီး ေနာက္တစ္ဆင့္ကို တက္သြားလိမ့္မယ္လို႔ ခံစားေနရပါတယ္။ ဝုဗ္လ္အသင္းက ၿပီးခဲ့တဲ့ အပတ္ေတြမွာ ဂိုးေပါက္ ေပ်ာက္ခဲ့ၿပီး ေနာက္ဆုံး (၄) ပြဲမွာ (၂) ဂိုးပဲ သြင္းႏိုင္ခဲ့တာပါ။ လြန္ခဲ့တဲ့ (၁၀) ရက္က သေရက်ခဲ့သလို အိုထရက္ဖို႔ဒ္ကြင္းမွာ ျဖစ္လာရင္ အံ့ၾသမိမွာပါ”လို႔ ေျပာသြားပါတယ္။

{Unicode}

မန်ယူအသင်းဟာ ဒီကနေ့ည၊ (၂း၁၅) အချိန်မှာတော့ အိမ်ကွင်းမှာ ဝုဗ်လ်အသင်းနဲ့ အက်ဖ်အေ ဖလား ပြန်ကန်ပွဲစဉ် ကစားရမှာ ဖြစ်ပြီး မန်ယူ တိုက်စစ်မှူးဟောင်း အိုဝင်က မန်ယူအသင်းကပဲ အနိုင်ရမယ်လို့ ခန့်မှန်းသွားခဲ့ပါတယ်။ အိုဝင်က မန်ယူအသင်းဟာ နောက်ဆုံး ကစားသွားခဲ့တဲ့ ပရီးမီးယားလိဂ် အိမ်ကွင်း ပွဲစဉ် (၂) ပွဲမှာ (၄) ဂိုးစီ သွင်းယူခဲ့တာကြောင့် ယနေ့ည အိမ်ကွင်းမှာ ဝုဗ်လ်အသင်းကို (၂) ဂိုးသွင်း အနိုင်ယူပြီး စတုတ္ထအဆင့်ကို တက်သွားမယ်လို့ ပြောခဲ့ပါတယ်။

Photo Credit: manchestereveningnews

နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် အိမ်ကွင်း ပွဲစဉ် (၂) ပွဲမှာ နယူးကာဆယ်အသင်းကို (၄-၁) နဲ့ အနိုင်ရခဲ့သလို၊ နော်ဝှစ်ချ်အသင်းကိုလည်း (၄-ဝ) နဲ့ အနိုင်ရခဲ့တာပဲ ဖြစ်ပါတယ်။ မန်ယူတိုက်စစ်မှူးဟောင်း အိုဝင်က ဝုဗ်လ်အသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ပွဲစဉ် (၄) ပွဲမှာ (၂) ဂိုးပဲ သွင်းယူခဲ့တာကြောင့် ဂိုးပေါက် ပျောက်နေတယ်လို့ ပြောခဲ့ပြီး မန်ယူအသင်းကပဲ အနိုင်ရပြီး စတုတ္ထအဆင့်ကို တက်သွားလိမ့်မယ်လို့ ပြောပါတယ်။

Photo Credit: manchestereveningnews

အိုဝင်က “မန်ချက်စတာ ယူနိုက်တက်က နောက်ဆုံး ကစားသွားခဲ့တဲ့ ပရီးမီးယားလိဂ် အိမ်ကွင်း ပွဲစဉ် (၂) ပွဲမှာ (၄) ဂိုးစီ သွင်းယူခဲ့ပါတယ်။ ဒါပေမဲ့ ဝုဗ်လ်အသင်းနဲ့ ကစားမယ့် ပွဲစဉ်မှာ (၂) ဂိုး သွင်းပြီး နောက်တစ်ဆင့်ကို တက်သွားလိမ့်မယ်လို့ ခံစားနေရပါတယ်။ ဝုဗ်လ်အသင်းက ပြီးခဲ့တဲ့ အပတ်တွေမှာ ဂိုးပေါက် ပျောက်ခဲ့ပြီး နောက်ဆုံး (၄) ပွဲမှာ (၂) ဂိုးပဲ သွင်းနိုင်ခဲ့တာပါ။ လွန်ခဲ့တဲ့ (၁၀) ရက်က သရေကျခဲ့သလို အိုထရက်ဖို့ဒ်ကွင်းမှာ ဖြစ်လာရင် အံ့သြမိမှာပါ”လို့ ပြောသွားပါတယ်။