တစ်ချိန်က ဘာစီလိုနာအသင်းမှာ ကလပ်အသင်းဖော်တွေအဖြစ် လက်တွဲခဲ့ဖူးတဲ့ လီယွန်နယ်မက်ဆီနဲ့ အူစမန်ဒမ်ဘီလီတို့ နှစ်ဦးဟာ အခုဆိုရင်တော့ လာမယ့် တနင်္ဂနွေနေ့တွင် ကျင်းပသွားမယ့် ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲစဉ်မှာ ပြိုင်ဘက်တွေအဖြစ် ရင်ဆိုင်ရတော့မှာဖြစ်ပြီး ဒီလို ထိပ်တိုက် မတွေ့ဆုံခင်မှာ ဒမ်ဘီလီက မက်ဆီနဲ့ ပတ်သတ်တဲ့ အမှတ်တရတွေကို ထုတ်ဖော် ပြောကြားလာခဲ့ပါတယ်။

It's going to be very difficult," Ousmane Dembele opens up about the Lionel  Messi threat ahead of 2022 FIFA World Cup final » FirstSportz

Photo Credit : FirtSportz

ဒမ်ဘီလီရဲ့ ပြင်သစ်အသင်းနဲ့ မက်ဆီရဲ့ အာဂျင်တီးနားအသင်းတို့ဟာ ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဖိုင်နယ်အဆင့်ဆီကို အသီးသီး တတ်လှမ်းထားခဲ့ကြပြီဖြစ်ပြီး နှစ်သင်းလုံးဟာလည်း ကမ္ဘာ့ဖလားကို (၂)ကြိမ် ပိုင်ဆ်ိုင်ထားတဲ့ အသင်းတွေဖြစ်တာကြောင့် ဒီတစ်ကြိမ် တွေ့ဆုံမှုက အတော်လေးကို အကြိတ်အနယ် ရှိလာနိုင်မှာ သေချာပါတယ်။ အခုပွဲစဉ်မှာ မက်ဆီ ဘာပေတို့လို လက်ရှိ ကလပ်အသင်းဖော်တွေ ထိပ်တိုက် ရင်ဆိုင် တွေ့ဆုံနေရသလို ယခင်ကတည်းက အသင်းဖော်တွေဖြစ်ခဲ့ကြသူတွေလည်း ပြိုင်ဘက်တွေအဖြစ် တွေ့ဆုံနေတာဖြစ်လို့ ဒါဟာလည်း အလွန်ကို စိတ်လှုပ်ရှားမိစေမှာ အသေအချာပါပဲ။

Dembele reveals Messi told him off for dribbling too much as he prepares to  face old pal in World Cup final | The US Sun

Photo Credit : The US Sun

ဒီလိုအချိန်မှာ အာဂျင်တီးနားရဲ့ legend အာဂျင်တီးနား hero ကြီး မက်ဆီနဲ့ (၄)နှစ်လောက်အထိ လက်တွဲခဲ့ဖူးတဲ့ ဒမ်ဘီလီက “သူဟာ ထူးခြားတဲ့ ကစားသမားတစ်ယောက်ပါ။ သူနဲ့ အင်နီယေစတာတို့က ကျွန်တော် ဘာစီလိုနာအသင်းကို ချစ်လာစေအောင် လုပ်ဆောင်နိုင်ခဲ့သူတွေပါ။ ကျွန်တော်က သူနဲ့ အကောင်းဆုံး (၄)နှစ်တာလောက်ကို အတူရှိခဲ့ရပါတယ်။ သူက အဝတ်လဲအခန်းထဲမှာ သာမာန်လူတစ်ယောက်လို နေထိုင်တတ်ပြီး အသင်းရဲ့ လူငယ်ကစားသမားတွေကိုလည်း ကူညီပေးတတ်ပါတယ်။ ကျွန်တော့်ကိုလည်း အများကြီး ပံ့ပိုးပေးပါတယ်။ သူက ထိန်းချုပ်ရခက်လွန်းတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး သူ ဘောလုံးထိချက်တွေ နည်းပါးနိုင်အောင် ကျွန်တော်တို့ဘက်က တတ်နိုင်သမျှ လုပ်ဆောင်ရပါလိမ့်မယ်” လို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် အာဂျင်တီးနားနဲ့ နယ်သာလန်ပွဲက ဖြစ်ရပ်နဲ့ ပတ်သတ်ပြီးတော့လည်း ဒမ်ဘီလီက “သူတို့က ဒေါသကြောင့် လုပ်တယ်လို့ မထင်မိပါဘူး။ ဒါပေမယ့် ဘောလုံးမှာ ပြင်းပြင်းထန်ထန် ရှိနေရမယ်။ ပြန်တိုက်ခိုက်ဖို့ အသင့် ဖြစ်နေရမယ်။ ကျွန်တော်တို့က သူတို့ကို တန်ပြန်ကစားနိုင်ဖို့ မျှော်ထင့်ထားပြီး ကောင်းမွန်တဲ့ ပွဲတစ်ပွဲ ဖြစ်လာလိမ့်မယ်လို့လည်း ထင်မိပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။