အာဆင်နယ်ကွင်းလယ်လူ အိုဇေးလ်ကတော့ အာဆင်နယ်အသင်းရဲ့ အဓိက ရည်ရွယ်ချက်မှာ လက်ရှိရာသီကုန်ရင် ထိပ်သီးအဆင့် (၄) နေရာဝင်ပြီး နောက်နှစ် ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ပါလို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ လက်ရှိရာသီမှာ ပရီးမီးယားလိဂ် ပွဲစဉ် (၂၅) ပွဲ ကစားပြီးသွားတဲ့ အချိန်မှာ ရမှတ် (၃၁) မှတ်နဲ့ အဆင့် (၁၀) မှာ ရပ်တည်ပြီး အဆင့် (၄) နေရာက ချဲလ်ဆီးအသင်းနဲ့ ရမှတ် (၁၀) အထိတောင် ကွာဟနေလျက် ဖြစ်နေပါတယ်။

Photo Credit: Goal

နည်းပြ အာတီတာရဲ့ အာဆင်နယ်အသင်းဟာ ဆောင်းရာသီ အားလပ်ရက် ပြီးဆုံးသွားပြီဆိုရင် အိမ်ကွင်းမှာ နယူးကာဆယ်အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၂၆) ကစားမှာ ဖြစ်ပြီး နောက်နှစ် ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ ဆိုရင် အနိုင်ရမှ ဖြစ်မှာပါ။ အာဆင်နယ် ကွင်းလယ်လူ အိုဇေးလ်ဟာ လက်ရှိရာသီမှာ ပရီးမီးယားလိဂ် ပွဲစဉ် (၁၅) ပွဲ ကစားပြီးတဲ့ အချိန်မှာ တစ်ဂိုးမှ မသွင်းနိုင်ဘဲ ဂိုးဖန်တီးမှု (၁) ကြိမ်သာ ပြုလုပ်ထားပြီး ချန်ပီယံလိဂ် ဝင်ရမယ်လို့ ပြောသွားလိုက်ပါတယ်။

Photo Credit: Goal

အိုဇေးလ် “ကျွန်တော် သိလိုက်တာ တစ်ခုကတော့ ကျွန်တော် ဒီအသင်းအတွက် နဲ့ ကျွန်တော့်အသင်းဖော်တွေအတွက် ဘာမဆို ပေးဆပ်သွားမယ် ဆိုတာပါပဲ။ ကျွန်တော်တို့ဆီမှာ ခက်ခဲတဲ့ ရာသီ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ နိုင်ပွဲတွေ၊ ရမှတ်တွေ ပြန်လိုချင်တယ်။ ရာသီကုန်မှာ အဆင့် (၄) နေရာအတွင်း ဝင်ချင်ကြပါတယ်။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ပါ။ ဒီနှစ် ကျွန်တော်တို့မှာ ခက်ခတဲ့ အချိန်တွေ ရှိခဲ့ပါတယ်”လို့ ပြောသွားခဲ့ပါတယ်။