[Unicode]

ကမ္ဘာပေါ်ကအားကစားတွေထဲမှာ ဘောလုံးကစားနည်းက လူကြိုက်အများဆုံးအားကစားနည်းတစ်ခုဆိုတာ အားလုံးသိကြမယ်ထင်ပါတယ်။ အမျိုးသားတွေသာမက အမျိုးသမီးတွေပါ ဘောလုံးကစားနည်းကိုနှစ်သက်ကြပြီး ကိုယ်အားပေးတဲ့အသင်းအတွက် ထမင်းမေ့ဟင်းမေ့ အိပ်ရေးအပျက်ခံပြီးကို အားပေးကြရတာမျိုးပါ။ တစ်ခါတစ်လေ အားမလိုအားမရဖြစ်ပြီး ကိုယ်တိုင်ဝင်ကန်ချင်စိတ်တွေတောင် ဖြစ်ဖူးကြမယ်ထင်ပါတယ်။ ဒီလိုဘောလုံးကစားနည်းကို Crazy ဖြစ်တဲ့ ဘော်ဒါတို့အတွက် ကိုယ်တိုင်ဂိုးတွေသွင်းပြီး ချန်ပီယံအဖြစ်နဲ့ ဆုလက်ဆောင်တွေများစွာရရှိနိုင်မယ့် အစီအစဉ်လေးတစ်ခု သတင်းကောင်းပါးချင်ပါတယ်။

ဒီအစီအစဉ်လေးကတော့ အူရီဒူးမြန်မာမှ စီစဉ်တင်ဆက်လိုက် တဲ့ ‘ဒုန်း ဒုန်း ဒုန်း’ ဘောလုံးဂိမ်းအစီအစဉ်လေးဖြစ်ပြီး ဂိမ်းထဲမှာဂိုးတွေသွင်းယူကာ တန်ဖိုးကြီးဆုလက်ဆောင်တွေများစွာကို ရယူနိုင်မယ့် ရင်ခုန်ပျော်ရွှင်စရာ အစီအစဉ်လေးဖြစ်ပါတယ်။ ဒုန်း ဒုန်း ဒုန်း အစီအစဉ်မှာပါဝင်နိုင်ဖို့ အူရီဒူးဆင်းကဒ်ထည့်ထားတဲ့ ကိုယ့်ရဲ့ဖုန်းထဲမှာ *565# ကိုခေါ်ပြီး My Ooredoo App ကို ဒေါင်းလုတ်လုပ်ပါ (သို့မဟုတ်) My Ooredoo App ကို Update လုပ်ထားဖို့တော့လိုပါမယ်။ My Ooredoo App ထဲကနေ ဒေတာအစီအစဉ်တွေဝယ်လိုက်တာနဲ့ အူရီဒူးရဲ့ ‘ဒုန်း ဒုန်း ဒုန်း’ ဘောလုံးဂိမ်းကိုဆော့ကစားနိုင်မှာဖြစ်ပြီး ဆုလက်ဆောင်တွေအများကြီး ကံထူးနိုင်မှာဖြစ်ပါတယ်။

ကဲ ဒါဆိုရင် ဒုန်းဒုန်းဒုန်းဘောလုံးဂိမ်းဆော့လို့ရမယ့် နည်းလမ်းလေးတွေကို အသေးစိတ်ပြောပြချင်ပါတယ်။ ပထမဆုံး My Ooredoo App ထဲကိုဝင်ပြီး ပင်မစာမျက်နှာမှာရှိတဲ့ ဒုန်းဒုန်းဒုန်းကိုရှာပါ။ ထို့နောက် 900MB ကို ၉၇၅ ကျပ် သို့မဟုတ် 750MB ကို ၈၄၅ ကျပ်သာ ကျသင့်တဲ့ ဒေတာအစီအစဉ်တွေထဲက မိမိကြိုက်နှစ်သက်ရာတစ်ခုကို ဝယ်ယူလိုက်ပါ။ ဒေတာအစီအစဉ်ဝယ်ယူပြီးတာနဲ့ ‘ဒုန်း ဒုန်း ဒုန်း’ ဘောလုံးဂိမ်းကိုဝင်ရောက်ကစားရန် Play ကိုနှိပ်ပါ။ ပြီးရင်တော့ ဘောလုံးဂိမ်းထဲမှာဂိုးတွေသွင်းပြီး 200GB အထိ ဒေတာလက်ဆောင်တွေ ချက်ချင်းလက်ငင်း ကံထူးနိုင်မှာဖြစ်ပါတယ်။

ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ တကယ့်ကို ရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းတဲ့ အထူးဆုကြီးတွေအများကြီး ကျန်ပါသေးတယ်။ 2019 မော်ဒယ် Suzuki Swift ကားအသစ်ကြီး ၁၀ စီး၊ Honda Wave မော်တော်ဆိုင်ကယ်အစီး ၅၀၊ iPhone 11 အလုံး ၁၀၀ နဲ့ ရွှေဒင်္ဂါး အပြား ၁၀၀ စတဲ့ တန်ဖိုးကြီးဆုလက်ဆောင်တွေကိုလည်း အပတ်စဉ် ကံစမ်းမဲဖောက်ပေးသွားမှာဖြစ်ပါတယ်။ ၂၀၂၀ ဖေဖော်ဝါရီလကုန်အထိ အပတ်စဉ် Ooredoo Myanmar Facebook Page ကနေ Live လွင့်ပြီး ကံထူးရှင်တွေကို ရွေးချယ်ပေးသွားဦးမှာဆိုတော့ ဒုန်းဒုန်းဒုန်းအစီအစဉ်မှာ ဒေတာတွေများများဝယ်ပြီး ဂိုးတွေများများသွင်း ကံစမ်းမဲတွေအကြီးကြီးပေါက်နိုင်ဖို့ အခုပဲပါဝင်ကံစမ်းလိုက်ပါဦးနော်။

ဘောလုံးပရိသတ်တွေသာမက အကဝါသနာရှင်တွေအတွက်လည်း သတင်းကောင်းလေးတစ်ခုရှိပါသေးတယ်။ DonDonDon Tik Tok Dance Competition လို့ အမည်ပေးထားတဲ့အကပြိုင်ပွဲလေးမှာ ‘ဒုန်း ဒုန်း ဒုန်း’ သီချင်းလေးနဲ့အကဗီဒီယိုလေးတစ်ခု ဖန်တီးပြီး iPhone X ပိုင်ဆိုင်နိုင်မယ့် အစီအစဉ်လေးကို ဖေဖော်ဝါရီလကုန်အထိ ထပ်တိုးလိုက်ပြီဖြစ်တာကြောင့် ကိုယ့်ရဲ့ Talent တွေကိုထုတ်ပြပြီး အမိုက်စားအကဗီဒီယိုလေးကို အမြန်ဆုံးဖန်တီးလိုက်ပါနော်။ ဒီအစီအစဉ်လေးမှာ ပါဝင်ချင်တယ်ဆိုရင်တော့ အရင်ဆုံး အူရီဒူးရဲ့ ‘ဒုန်း ဒုန်း ဒုန်း’ သီချင်းလေးနဲ့အတူ ‘ဒုန်း ဒုန်း ဒုန်း’ ကကွက် (သို့မဟုတ်) ကိုယ်ပိုင်ကကွက်နဲ့ အကဗီဒီယိုလေးတစ်ခု ဖန်တီးရမှာဖြစ်ပါတယ်။ ‘ဒုန်း ဒုန်း ဒုန်း’ သီချင်းလေးကို Ooredoo TikTok အကောင့် (https://vt.tiktok.com/8QkWNp/) ကနေလည်း ဗီဒီယိုဖန်တီးနိုင်သလို https://web.facebook.com/ Ooredoo Myanmar/videos/751289282045862/ လင့်ခ်ကနေ သီချင်းအပိုဒ်လေးနဲ့လည်း ကနိုင်ပါတယ်။

ပြီးရင် မိမိရဲ့ TikTok အကောင့်မှာဖြစ်ဖြစ် Facebook မှာပဲဖြစ်ဖြစ် #အူရီဒူးဒုန်းဒုန်းဒုန်း #OoredooDonDonDon ဆိုတဲ့စာသားလေးနဲ့အတူ Public ထားပြီး တင်ပေးရပါမယ်။ သတိထားရမှာတစ်ခုက Hashtag စာသားလေးတွေမှန်ကန်မှ ပြိုင်ပွဲမှာအကျုံးဝင်မှာဆိုတော့ သေချာသတိထားပြီးရေးပေးဖို့ လိုပါမယ်နော်။ အကဗီဒီယိုတင်တဲ့သူတွေထဲကမှ TikTok ရော Facebook နှစ်ခုလုံးမှာ Reactions အများဆုံးရတဲ့လူကို ဆုပေးမှာဆိုတော့ နှစ်ခုလုံးမှာ အကဗီဒီယိုတင်ရင် ဆုရဖို့အခွင့်အရေးက ပိုများလေပဲဖြစ်ပါတယ်။ ဒီ Challenge လေးစတဲ့အချိန်ကနေ ဖေဖော်ဝါရီလကုန်အထိ TikTok နဲ့ Facebook မှာ Reactions အများဆုံးပြိုင်ပွဲဝင်သုံးဦးကိုရွေးချယ်ပြီး iPhone X တစ်လုံးစီ ဆုချီးမြှင့်သွားမှာဖြစ်ပါတယ်။

အသေးစိတ်ကိုတော့ အောက်ကလင့်ခ်လေးမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ် https://web.facebook.com/ notes/ooredoo-myanmar/don-don-don-dance-contest/2474971419292750/ ။ ကဲဒါဆိုရင် iPhone X ကံထူးနိုင်ဖို့ အခုပဲ ‘ဒုန်း ဒုန်း ဒုန်း’ သီချင်းလေးနဲ့ ကိုယ့်ရဲ့ အက Skill တွေထုတ်ပြပြီး ဗီဒီယိုလေးဖန်တီးလိုက်ရအောင်။

[Zawgyi]






