ဒီနှစ်ဘောလုံးရာသီအတွင်း ဘယ်သူမှ ထင်မှတ်မထားလောက်အောင်ကို တိုက်စစ်စွမ်းဆောင်ရည်တွေ ပြသလို့နေတဲ့ စီးရီးအေကလပ်အသင်း အတ္တလန်တာဟာ အီတလီစီးရီးအေမှာ ဂိုးအများဆုံးသွင်းယူထားတဲ့အသင်းအဖြစ် ရပ်တည်လျက်ရှိနေသလို သူတို့အသင်းသမိုင်းတလျှောက် ပထမဆုံးအကြိမ်အဖြစ် ယှဉ်ပြိုင်ကစားခွင့်ရခဲ့တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း သွင်းဂိုးတွေ တရစပ်သွင်းယူလျက်ရှိနေကာ ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ သူတို့ရဲ့သွင်းဂိုးကို ခွင့်မပြုခဲ့ရသူဆိုလို့ မန်စီးတီးအသင်းရဲ့ နောက်ခံအစွန်လူ ကိုင်လီဝေါ်ကာတစ်ဦးတည်းသာရှိခဲ့ပါတယ်။

Photo Credit : AllFootball

ဘယ်လိုဖြစ်လို့ နောက်ခံလူတစ်ယောက်က ဂိုးသမားနေရာကနေ ဂိုးပေါက်ကာကွယ်တာလဲဆိုတာကို မေးလာမယ်ဆိုရင်တော့ မန်စီးတီးနဲ့ အတ္တလန်တာအသင်းတို့ ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဉ်မှာ တွေ့ဆုံနေချိန် ပင်တိုင်ဂိုးသမားအီဒါဆန် ဒဏ်ရာရသွားခဲ့တာကြောင့် ဘရာဗိုနဲ့ လူစားဝင်ကစားရင်း ဘရာဗိုမှာ တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံရတာမို့ အသင်းမှာ ဂိုးသမားမရှိတော့တဲ့အခါ ကိုင်လီဝေါ်ကာက မန်စီးတီးဂိုးပေါက်ကို တာဝန်ယူပေးရင်းနဲ့ အတ္တလန်တာအသင်းရဲ့ ဖရီးကစ်ကန်ချက်တစ်ကြိမ် အပါအဝင် နောက်ထပ်သွင်းဂိုးတွေထပ်မပေးရတော့အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

Photo Credit : Getty Image

ဒါပေမယ့် အခြားသောဂိုးသမားတွေကတော့ ဒီရာသီအတွင်း အတ္တလန်တာအသင်းနဲ့ ချန်ပီယံလိဂ်မှာ ဆုံတွေ့ရာမှာတော့ တစ်ဦးတစ်ယောက်ကမှ Clean Sheet ရအောင် မစွမ်းဆောင်နိုင်ခဲ့ကြပါဘူး။ မန်စီးတီးဂိုးသမားတွေဖြစ်ကြတဲ့ အီဒါဆန်နဲ့ ဘရာဗိုတို့ကိုယ်တိုင် သွင်းဂိုး(၁)ဂိုးစီ ခွင့်ပြုပေးထားခဲ့ရပါတယ်။ ဒါ့အပြင် ရှက်တာဒိုးနက်အသင်းရဲ့ ဂိုးသမားဖြစ်သူအန်နရီပေးတော့ဖ်မှာလည်း အတ္တလန်တာအသင်းဘက်ကို သွင်းဂိုး(၄)ဂိုး ခွင့်ပြုခဲ့ရသလို ဒိုင်နမိုဇာဂရက်ဇ်အသင်းရဲ့ ဂိုးသမားလီဗာကိုဗစ်မှာလည်း အတ္တလန်တာနဲ့ ဇာဂရက်တို့ပွဲမှာ သွင်းဂိုး(၁)ဂိုးတော့ ခွင့်ပြုရပါသေးတယ်။ ပိုဆိုးတာကတော့ အခု (၁၆)သင်းရှံးထွက်ပွဲစဉ်အဖြစ် တွေ့ဆုံခဲ့ရတဲ့ လာလီဂါနာမည်ကြီးအသင်း ဗလင်စီယာအသင်းရဲ့ ဂိုးသမားတွေဖြစ်သူ ဆီလက်ဆန်နဲ့ ဒိုမီနစ်ရှ်တို့နှစ်ယောက်လုံးဟာ အတ္တလန်တာအသင်းတို့နဲ့ တွေ့ဆုံစဉ်အတွင်း တစ်ဦးကို သွင်းဂိုး(၄)ဂိုးစီ ခွင့်ပြုထားခဲ့ရတာပါပဲ။