ဒီဇင်ဘာလရဲ့ FIFA ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွေကို ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကြီး အပြီးမှာပဲ ထုတ်ပြန်လာခဲ့ရာ ၂၀၂၂ကမ္ဘာ့ဖလားချန်ပီယံ အာဂျင်တီးနားအသင်းက အဆင့်(၃)နေရာကနေ အဆင့်(၂)ကိုသာ ခုန်တတ်သွားခဲ့ရပြီး ကမ္ဘာ့ဖလားမှာ ကွာတားဖိုင်နယ်အဆင့်နဲ့သာ ကျေနပ်ခဲ့ရတဲ့ ဘရာဇီးလ်အသင်းကတော့ အဆင့်(၁)နေရာမှာပဲ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။

Photo Credit : Twitter

ကမ္ဘာ့ဖလားပြိုင်ပွဲကြီးအပြီးမှ ထွက်ပေါ်လာခဲ့တဲ့ rankings ဖြစ်တဲ့အတွက် ကမ္ဘာ့ဖလားချန်ပီယံ အာဂျင်တီးနားအသင်းက ကမ္ဘာ့အဆင့် သတ်မှတ်ချက်မှာ အဆင့်(၁)နေရာကို ပိုင်ဆိုင်နိုင်လိမ့်မယ်လို့ ထင်ခဲ့ရပေမယ့်လည်း အာဂျင်တီးနားထက် ဘရာဇီးလ်အသင်းက (၂)မှတ်အသာနဲ့ အဆင့်(၁)နေရာမှာ ဆက်လက် ရပ်တည်သွားခဲ့ပါတယ်။ ကမ္ဘာ့ချန်ပီယံ အာဂျင်တီးနားအသင်းက အမှတ်ပေါင်း (၆၄.၅၅)မှတ်အထိ တိုးလာခဲ့ရင်း အဆင့်(၂)နေရာဆီ တတ်လှမ်းခဲ့ရသလို အာဂျင်တီးနားနဲ့ ဖိုင်နယ်အဆင့်မှာ တွေ့ဆုံခဲ့တဲ့ ပြင်သစ်အသင်းဟာလည်းပဲ အဆင့်(၄)နေရာကနေ အဆင့်(၃)နေရာထိ တတ်လှမ်းနိုင်ခဲ့ရပါတယ်။

FIFA World Cup: Croatia, Morocco share points in goalless Group F draw

Photo Credit : Sports Mole

၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အံ့အားသင့်စဖွယ် အုပ်စုအဆင့်နဲ့ပဲ ကျေနပ်ခဲ့ရတဲ့ ဘယ်လ်ဂျီယံအသင်းကတော့ အဆင့်(၂)ကနေ အဆင့်(၄)အထိ ကျဆင်းသွားခဲ့ပြီး အင်္ဂလန်က အဆင့်(၅)မှာပဲ ဆက်လက် ရပ်တည်နေကာ နယ်သာလန်က အဆင့်(၈)ကနေ အဆင့်(၆)ထိကို ခုန်တတ်လာနိုင်ခဲ့ပါတယ်။ ၂၀၂၂ကမ္ဘာ့ဖလားမှာ တတိယနေရာ ရရှိခဲ့တဲ့ ခရိုအေးရှားဟာလည်း အဆင့်(၁၂)နေရာကနေ အဆင့်(၇)ထိ ရောက်လာခဲ့ရသလို မော်ရိုကိုအသင်းဟာလည်း အမှတ်ပေါင်း (၁၀၀)ကျော်အထိ ရရှိပြီး ယခင်အဆင့် (၂၂)ကနေ အဆင့်(၁၁)အထိကို ခုန်တတ်လာနိုင်ခဲ့ပါတယ်။ ကမ္ဘာ့ဖလားဝင်ခွင့် မရရှိခဲ့တဲ့ အီတလီအသင်းက အဆင့်(၆)ကနေ အဆင့်(၈)ထိ ကျဆင်းသွားခဲ့သလို ပေါ်တူဂီကတော့ အဆင့်(၉)နေရာမှာသာ ဆက်လက် ရှိနေပြီး စပိန်လည်းပဲ (၇)ကနေ (၁၀)ထိကို ကျဆင်းသွားခဲ့ရပါတယ်။ လက်ရှိ အဆင့်သတ်မှတ်ချက်တွေအရ ဥရောပမှာ ပြင်သစ်က အဆင့်(၁) တောင်အမေရိကနဲ့ ကမ္ဘာ့အဆင့်မှာ ဘရာဇီးလ်က အဆင့်(၁) အာရှမှာ ဂျပန်က အဆင့်(၁) မြောက်အမေရိကမှာ အမေရိကန်က အဆင့်(၁) အာဖရိကမှာ မော်ရိုကိုက အဆင့်(၁) သမုဒ္ဒရာပိုင်းမှာ အမြဲတမ်း နယူးဇီလန်က အဆင့်(၁)နဲ့ အာဆီယံမှာတော့ ဗီယက်နမ်က အဆင့်(၁)တို့ဖြင့် အသီးသီး ရပ်တည်နေပြီး မြန်မာကတော့ အဆင့်(၁၅၈)ကနေ (၁၅၉)ဆီ ကျဆင်းသွားခဲ့ပါသေးတယ်။