(Unicode)

ဝိုး… တိုကျိုကို ၂၅ဒေါ်လာထဲနဲ့ သွားလို့ရပါ့မလား။ ဒါက နည်းနည်းတော့ တွေးစရာပဲနော်။ ရန်ကုန် ဂျပန်ရဲ့ လေယာဉ်လက်မှတ်ခက ဒီလောက်ဈေးပေါပါ့မလား။ တကယ်တော့ တိုကျိုသွားမယ်ဆိုတာက ကျွန်တော်တို့ရဲ့ မြန်မာ့ဂုဏ်ဆောင် အောင်လအန်ဆန်းရဲ့ပွဲစဉ်ကို တင်စားပြီးပြောလိုက်တာပါ။

ကျွန်တော်တို့ရဲ့ အချစ်တော်ကြီး မြန်မာ့စပါးအုံးတစ်ဖြစ်လဲ အောင်လအန်ဆန်းရဲ့ One Championship Light Heavy Weight ချန်ပီယံခါးပတ်ကို ကာကွယ်တဲ့ပွဲကို ဂျပန်နိုင်ငံ တိုကျိုမြို့မှာ အောက်တိုဘာလ ၁၃ရက်နေ့မှာ ကျင်းပမှာပဲ ဖြစ်ပါတယ်။ ခါတိုင်းပွဲစဉ်တွေလို ရန်ကုန်မြို့မှာ ကျင်းပမှာမဟုတ်တာကြောင့် အားပေးချင်ပေမယ့် အားပေးလို့မရတဲ့အနေအထားတွေကို စိတ်ပျက်နေတဲ့သူတွေ ရှိနေမယ်လို့လည်း ယုံကြည်ပါတယ်။

ဒါ့အပြင် International Buffet တစ်ခုကို စားချင်ပေမယ့် ကျွန်တော်တို့လို ပိုက်ပိုက် သိပ်မတတ်နိုင်တဲ့သူတွေရော ရှိရဲ့လားဗျ။ ဒီလိုဆိုရင်တော့ သတင်းကောင်းလေးတစ်ခုကို ပြောပြသွားချင်ပါတယ်။ ကဲ စိတ်ဝင်စားနေကြပြီ မဟုတ်လား။ အဲ့ဒါကတော့ လာမယ့် အောက်တိုဘာလ ၁၃ ရက်နေ့ ၁၂နာရီအချိန်မှာ ရန်ကုန်မြို့ရဲ့ နာမည်ကြီးဟိုတယ်တွေထဲက တစ်ခုဖြစ်တဲ့ ဆီဒိုးနားဟိုတယ်ရဲ့ Mindon Room မှာ အောင်လအန်ဆန်းရဲ့ပွဲစဉ်ကို မြင်ကွင်းကျယ်တီဗွီဖန်သားပြင်ပေါ်ကနေ ဘူဖေးလေးစားရင်း တိုက်ရိုက် Live ကြည့်ရှုခွင့်ရမယ့် အခွင့်အရေးပါပဲ။

ကဲ ဘယ်လောက်တောင် တန်လိုက်သလဲ။ International Buffet လဲစားရဦးမယ် အောင်လအန်ဆန်းရဲ့ပွဲကိုလည်း တကယ့်အပြင်မှာ ကြည့်နေရတဲ့အတိုင်း ကြည့်ရှုအားပေးခွင့်ရဦးမှာဆိုတော့ တန်တန် တန်တန်နဲ့တောင် မြည်နေသလိုပါပဲ။ Free Flow လေးပါ ပါသေးတာဆိုတော့ ပိုကြိုက်တာပေါ့။

တကယ်လို့ စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်တိုဘာလ ၁၃ ရက်နေ့မှာ ဆီဒိုးနားဟိုတယ်ဆီ လှမ်းလာခဲ့လိုက်တော့နော်။ ၂၅ဒေါ်လာထဲနဲ့ ဘူဖေးလေးစား တိုကျိုကိုလည်း တကယ်ရောက်သွားသလို ခံစားရမှာဆိုတော့ ထောပြီ ထောပြီထက်တောင် ပိုထောဦးမှာကို မြင်ယောင်ပါရဲ့ဗျာ။ ဒါဆိုရင် ကိုယ့်အတွက် နေရာလွတ်မကျန်တော့တာမျိုး မဖြစ်ရလေအောင် အခုကတည်းက Sedona Hotel Yangon ကို ဖုန်းဆက်ပြီးတော့ အသေးစိတ်ကို ဆက်သွယ်စုံစမ်းကြည့်လိုက်ပါတော့လို့ သတင်းကောင်းပါးလိုက်ရပါတယ်။

Photo Credit: One Championship

Featured Image Source: foxsportsasia.com

(Zawgyi)

ဝိုး… တိုက်ိဳကို ၂၅ေဒၚလာထဲနဲ႔ သြားလို႔ရပါ့မလား။ ဒါက နည္းနည္းေတာ့ ေတြးစရာပဲေနာ္။ ရန္ကုန္ ဂ်ပန္ရဲ့ ေလယာဥ္လက္မွတ္ခက ဒီေလာက္ေစ်းေပါပါ့မလား။ တကယ္ေတာ့ တိုက်ိဳသြားမယ္ဆိုတာက ကြ်န္ေတာ္တို႔ရဲ့ ျမန္မာ့ဂုဏ္ေဆာင္ ေအာင္လအန္ဆန္းရဲ့ပြဲစဥ္ကို တင္စားၿပီးေျပာလိုက္တာပါ။

ကြ်န္ေတာ္တို႔ရဲ့ အခ်စ္ေတာ္ႀကီး ျမန္မာ့စပါးအံုးတစ္ျဖစ္လဲ ေအာင္လအန္ဆန္းရဲ့ One Championship Light Heavy Weight ခ်န္ပီယံခါးပတ္ကို ကာကြယ္တဲ့ပြဲကို ဂ်ပန္နိုင္ငံ တိုက်ိဳၿမိဳ႕မွာ ေအာက္တိုဘာလ ၁၃ရက္ေန႔မွာ က်င္းပမွာပဲ ျဖစ္ပါတယ္။ ခါတိုင္းပြဲစဥ္ေတြလို ရန္ကုန္ၿမိဳ႕မွာ က်င္းပမွာမဟုတ္တာေၾကာင့္ အားေပးခ်င္ေပမယ့္ အားေပးလို႔မရတဲ့အေနအထားေတြကို စိတ္ပ်က္ေနတဲ့သူေတြ ရွိေနမယ္လို႔လည္း ယံုၾကည္ပါတယ္။

ဒါ့အျပင္ International Buffet တစ္ခုကို စားခ်င္ေပမယ့္ ကြ်န္ေတာ္တို႔လို ပိုက္ပိုက္ သိပ္မတတ္နိုင္တဲ့သူေတြေရာ ရွိရဲ့လားဗ်။ ဒီလိုဆိုရင္ေတာ့ သတင္းေကာင္းေလးတစ္ခုကို ေျပာျပသြားခ်င္ပါတယ္။ ကဲ စိတ္ဝင္စားေနၾကၿပီ မဟုတ္လား။ အဲ့ဒါကေတာ့ လာမယ့္ ေအာက္တိုဘာလ ၁၃ ရက္ေန႔ ၁၂နာရီအခ်ိန္မွာ ရန္ကုန္ၿမိဳ႕ရဲ့ နာမည္ႀကီးဟိုတယ္ေတြထဲက တစ္ခုျဖစ္တဲ့ ဆီဒိုးနားဟိုတယ္ရဲ့ Mindon Room မွာ ေအာင္လအန္ဆန္းရဲ့ပြဲစဥ္ကို ျမင္ကြင္းက်ယ္တီဗြီဖန္သားျပင္ေပၚကေန ဘူေဖးေလးစားရင္း တိုက္ရိုက္ Live ၾကည့္ရွုခြင့္ရမယ့္ အခြင့္အေရးပါပဲ။

ကဲ ဘယ္ေလာက္ေတာင္ တန္လိုက္သလဲ။ International Buffet လဲစားရဦးမယ္ ေအာင္လအန္ဆန္းရဲ့ပြဲကိုလည္း တကယ့္အျပင္မွာ ၾကည့္ေနရတဲ့အတိုင္း ၾကည့္ရွုအားေပးခြင့္ရဦးမွာဆိုေတာ့ တန္တန္ တန္တန္နဲ႔ေတာင္ ျမည္ေနသလိုပါပဲ။ Free Flow ေလးပါ ပါေသးတာဆိုေတာ့ ပိုႀကိဳက္တာေပါ့။

တကယ္လို႔ စိတ္ဝင္စားတယ္ဆိုရင္ေတာ့ ေအာက္တိုဘာလ ၁၃ ရက္ေန႔မွာ ဆီဒိုးနားဟိုတယ္ဆီ လွမ္းလာခဲ့လိုက္ေတာ့ေနာ္။ ၂၅ေဒၚလာထဲနဲ႔ ဘူေဖးေလးစား တိုက်ိဳကိုလည္း တကယ္ေရာက္သြားသလို ခံစားရမွာဆိုေတာ့ ေထာၿပီ ေထာၿပီထက္ေတာင္ ပိုေထာဦးမွာကုိ ျမင္ေယာင္ပါရဲ့ဗ်ာ။ ဒါဆိုရင္ ကိုယ့္အတြက္ ေနရာလြတ္မက်န္ေတာ့တာမ်ိဳး မျဖစ္ရေလေအာင္ အခုကတည္းက Sedona Hotel Yangon ကို ဖုန္းဆက္ၿပီးေတာ့ အေသးစိတ္ကို ဆက္သြယ္စံုစမ္းၾကည့္လိုက္ပါေတာ့လို့ သတင္းေကာင္းပါးလိုက္ရပါတယ္။

Photo Credit: One Championship

Featured Image Source: foxsportsasia.com