MySport Myanmar

နိုင်ငံအသင်း တစ်သင်းသင်းကို ကိုင်တွယ်သွားဖို့ ဆန္ဒရှိတယ်လို့ ဂွါဒီယိုလာ ဖွင့်ဟ

မန်ချက်စတာ စီးတီးအသင်း နည်းပြဖြစ်သူ ပပ် ဂွါဒီယိုလာက မန်စီးတီးအသင်းနဲ့ လမ်းခွဲပြီးနောက်ပိုင်း သူ့အနေနဲ့ နိုင်ငံလက်ရွေးစင် အသင်းတစ်သင်းသင်းကို တာဝန်ယူ ကိုင်တွယ်သွားဖို့ ဆန္ဒရှိတယ်လို့ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

မန်စီးတီးအသင်းကို (၉)နှစ်တာအထိ ကိုင်တွယ်ခဲ့ပြီး အသင်းအတွက်ကိုလည်း သမိုင်းဝင် အောင်မြင်မှုပေါင်းများစွာ ရယူပေးနိုင်ခဲ့တဲ့ နည်းပြကြီး ဂွါဒီယိုလာဟာ ဒီရာသီအကုန်မှာပဲ မန်စီးတီးနဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးရတော့မှာဖြစ်လို့ အသင်းနဲ့ လက်တွဲဖြုတ်ဖို့ နီးစပ်လျက် ရှိနေပါတယ်။

Photo Credit : Opta Analyst

မန်စီးတီးဘက်ကလည်း ဂွါဒီယိုလာနဲ့အတူ မန်စီးတီးမှာ လက်တွဲခဲ့တဲ့ အားကစား ဒါရိုက်တာ ဘီဂီရီစတိန်းကိုလည်း ဒီရာသီအကုန်မှာ လက်လွတ်ရတော့မှာဖြစ်လို့ ဘီဂီရီစတိန်းနဲ့အတူ ဂွါဒီယိုလာလည်း မန်စီးတီးကနေ ထွက်ခွာသွားဖို့ အခြေအနေ အရမ်းများနေပါတယ်။

ဂွါဒီယိုလာဟာ မန်စီးတီးနဲ့ သက်တမ်းတိုးဖို့ မသေချာသေးချိန်မှာပဲ အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်ဘက်က အင်္ဂလန် နည်းပြသစ်အဖြစ် တာဝန်ပေးသွားဖို့ အတော်လေး ဆန္ဒရှိခဲ့ပေမယ့် နောက်ဆုံးတော့ ဘိုင်ယန်နဲ့ ချယ်လ်ဆီး နည်းပြဟောင်း သောမတ်စ် တူဟယ်လ်ကိုသာ အင်္ဂလန်နည်းပြအဖြစ် ခန့်အပ်လိုက်ပါတယ်။

Photo Credit : beIN SPORTS

ဒီအချိန်မှာ ဂွါဒီယိုလာကိုယ်တိုင်က “ဟုတ်ပါတယ်။ တစ်နေ့နေ့မှာတော့ ကျွန်တော့် နည်းပြဘဝရဲ့ တစ်စိတ်တတစ်ပိုင်းအနေနဲ့ နိုင်ငံလက်ရွေးစင် အသင်းတစ်သင်းသင်းကို နည်းပြသွားချင်ပါတယ်။” လို့ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။ ဂွါဒီယိုလာဟာ နည်းပြဘဝမှာ ဘာစီလိုနာ ဘိုင်ယန်မြူးနစ်နဲ့ မန်စီးတီးအသင်းတွေကိုသာ ကိုင်တွယ်ခဲ့ပြီး နိုင်ငံအသင်း တစ်သင်းကိုမှ မကိုင်တွယ်ဖူးသေးပဲ ကလပ်အသင်း (၃)သင်းကို ကိုင်တွယ်ခဲ့ပါတယ်။

ဒါပေမယ့် ဂွါဒီယိုလာသာ ရာသီအကုန်မှာ မန်စီးတီးနဲ့ လက်တွဲဖြုတ်ဖြစ်ခဲ့မယ်ဆိုရင် ဘယ်အသင်းကို ထပ်မံ ကိုင်တွယ်မလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေသလို သူ့ကို အလိုရှိနေတဲ့ နိုင်ငံအသင်းတွေမှာလည်း အင်္ဂလန်က ပါဝင်တော့မှာ မဟုတ်လို့ နည်းပြဘဝကနေ ခဏအနားယူသွားမလား ဒါမှမဟုတ် ဘရာဇီးလ်အသင်းကိုများ ကိုင်တွယ်မလားဆိုတာ စောင့်ကြည့်သွားရပါမယ်။

Exit mobile version