Mixed Martial Arts သို့မဟုတ် MMA လို့ခေါ်တဲ့ ကိုယ်ခံပညာတစ်မျိုးတည်းကို ကန့်သတ်မထားဘဲ နှစ်သက်သလို တိုက်ခိုက်နိုင်တဲ့ ကာယအားကစားကို နှစ်သက်တဲ့ ပရိသတ်တွေအတွက် ONE Championship က ၂၀၁၉ ခုနှစ် မတ်လ ၅ ရက်နေ့မှာ နေ့လယ် ၂ နာရီမှ ၄ နာရီအထိ ပြုလုပ်သွားမယ့် Reign of Valor: Open Workout ပွဲသို့ တက်ရောက်နိုင်ဖို့ ဖိတ်ကြားခဲ့ပါတယ်။

ကျင်းပမယ့်နေရာကတော့ ဂျန်းရှင်းမော်တင်ရဲ့ ငါးလွှာမှာရှိတဲ့ Transcend Gym အတွင်းမှာ ပြုလုပ်သွားမယ့် ပွဲကိုတော့ MMA ချစ်ပရိသတ်တွေလည်း လာရောက်နိုင်အောင် ဖိတ်ခေါ်ထားတာပါ။ ဒီပွဲမှာ မတ်လ ၈ ရက်နေ့၊ သုဝဏ္ဏအားကစားကွင်းမှာ ကျင်းပမယ့် ONE: Reign of Valor ပွဲအတွက် Zebaztian Kadestam, Georgiy  Kichigin, Bozhena Antoniyar, Tial Thang နဲ့ ဖိုးသော်တို့ရဲ့   ကြိုတင်လေ့ကျင့်ကြပုံတွေကို အနီးကပ်လေ့လာနိုင်မှာ ဖြစ်ပါတယ်။

မတ်လ ၈ ရက်နေ့မှာတော့ ONE: Reign of Valor ပြိုင်ပွဲကြီးကို ကျင်းပသွားမှာဖြစ်ပြီး အဓိကတွဲဆိုင်း အနေနဲ့ ONE ရဲ့ဝယ်သာဝိတ်တန်း ကမ္ဘာ့ချန်ပီယံဖြစ်သူ ဆွီဒင်နိုင်ငံသား Zebaztian Kadestam မှ ကာဇက်စ္စတန် နိုင်ငံသား Georgiy  Kichigin နဲ့ထိုးသတ်သွားမှာပါ။ မြန်မာနိုင်ငံသူ Bozhena Antoniyar ကတော့ မလေးရှားက Audreylaura Boniface နဲ့ရင်ဆိုင်သွားမှာဖြစ်ပြီး မြန်မာအားကစားသမား ဖိုးသော်ကလည်း အင်ဒိုနီးရှားက Yohan Mulia Legowo နဲ့ယှဉ်ပြိုင်တိုက်ခိုက်သွားမှာ ဖြစ်ပါတယ်။