ဒီေန႔ညမွာ ယွဥ္ၿပိဳင္ကစားခဲ႔ၾကတဲ့ MMA နာမည္ေက်ာ္ ၿပိဳင္ပြဲႀကီးတစ္ရပ္ျဖစ္တဲ႔ One Championship ရဲ႕ Reign of Valor ၿပိဳင္ပြဲမွာ ျမန္မာဖုိက္တာမ်ားျဖစ္ၾကတဲ့ အန္တုိနီယာ  ထီရယ္ထန္နဲ႔ ဖုိးေသာ္တုိ႔ ၃ဦးလုံးကေတာ့ ႏုိင္ပြဲေတြကုိယ္စီ ရယူသြားႏုိင္ခဲ႔ပါတယ္။

ၿပိဳင္ပြဲအတြက္ ၃လခြဲေလာက္အထိ အခ်ိန္ယူၿပီး ေလ့က်င့္ခဲ႔တဲ႔ ျမန္မာအမ်ိဳးသမီးဖိုက္တာ ကယန္းတုိင္းရင္းသူ အန္တုိနီယာကေတာ့ မေလးရွားႏုိင္ငံသူ ဘုိနီေဖ့စ္နဲ႔ ယွဥ္ၿပိဳင္ထုိးသတ္ခဲ႔ရမွာ ဒုတိယအခ်ီအတြင္း အခ်ဳပ္တုိက္ကြက္နဲ႔ အႏုိင္ရသြားခဲ႔ပါတယ္။ အန္တုိနီယာဟာ သူမရဲ႕ ေနာက္ဆုံးပြဲစဥ္မွာ အရွုံးပြဲေတြ႕ထားေပမယ့္လည္း အခုသူမရဲ႕ One Championship ကစားသမားဘဝ တတိယပြဲမွာေတာ့ ေအာင္ပြဲခံသြားခဲ႔ပါတယ္။

One Championship ၿပိဳင္ပြဲကုိ ပထမဆုံးအႀကိမ္အျဖစ္ စတင္ထုိးသတ္တဲ႔ ခ်င္းတုိင္းရင္းသား ထီရယ္ထန္ကေတာ့ အဖြင့္လွသြားခဲ႔ရပါတယ္။ ေအာင္လအန္ဆန္ရဲ႕ တပည့္ေက်ာ္ ထီရယ္ထန္ဟာ သူရဲ႕ One Championship ကစားသမားဘဝ အဖြင့္ပြဲမွာ ကေမာၻဒီးယားႏုိင္ငံသား ဆာေရာ့နဲ႔ ဆုံေတြ႔ခဲ႔ၿပီး အလွည့္မထုိးႏုိင္ခဲ႔ေပမယ့္လည္း ဒုိင္လူႀကီးေတြေပးတဲ႔ ရမွတ္ေတြနဲ႔ ဆာေရာ့ကုိ အႏုိင္ယူႏုိင္ခဲ႔ပါတယ္။

ဒီညရဲ႕ ေနာက္ဆုံးေသာ ျမန္မာဖုိက္တာပြဲစဥ္ျဖစ္တဲ႔ ဖုိးေသာ္နဲ႕ အင္ဒုိနီးရွားဖုိက္တာယုိဟန္တုိ႔ပြဲမွာ ဖုိးေသာ္က ပထမအခ်ီၿပီးခါနီးေလးမွာ လက္သီးလုံးေပါင္းမ်ားစြာနဲ႔ ယုိဟန္ကုိ ထုိးသတ္ခဲ႔ၿပီး ဒုိင္ပြဲရပ္နဲ႔ အႏုိင္ယူခဲ့ပါတယ္။ ေနာက္ဆုံးပြဲမွာ မေလးရွားႏုိင္ငံသားကုိ ရွုံးနိမ့္ထားခဲ႔တဲ႔ ဖုိးေသာ္ကေတာ့ ဒီတစ္ခါမွာ သူရဲ႕ အေကာင္းဆုံးစြမ္းေဆာင္ရည္ကုိ ျပသခဲ႔ၿပီး ႏုိင္ပြဲတစ္ပြဲကုိ ရယူႏုိင္ခဲ႔ပါတယ္။

(Unicode)

ဒီနေ့ညမှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ MMA နာမည်ကျော် ပြိုင်ပွဲကြီးတစ်ရပ်ဖြစ်တဲ့ One Championship ရဲ့ Reign of Valor ပြိုင်ပွဲမှာ မြန်မာဖိုက်တာများဖြစ်ကြတဲ့ အန်တိုနီယာ  ထီရယ်ထန်နဲ့ ဖိုးသော်တို့ ၃ဦးလုံးကတော့ နိုင်ပွဲတွေကိုယ်စီ ရယူသွားနိုင်ခဲ့ပါတယ်။

ပြိုင်ပွဲအတွက် ၃လခွဲလောက်အထိ အချိန်ယူပြီး လေ့ကျင့်ခဲ့တဲ့ မြန်မာအမျိုးသမီးဖိုက်တာ ကယန်းတိုင်းရင်းသူ အန်တိုနီယာကတော့ မလေးရှားနိုင်ငံသူ ဘိုနီဖေ့စ်နဲ့ ယှဉ်ပြိုင်ထိုးသတ်ခဲ့ရမှာ ဒုတိယအချီအတွင်း အချုပ်တိုက်ကွက်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ အန်တိုနီယာဟာ သူမရဲ့ နောက်ဆုံးပွဲစဉ်မှာ အရှုံးပွဲတွေ့ထားပေမယ့်လည်း အခုသူမရဲ့ One Championship ကစားသမားဘဝ တတိယပွဲမှာတော့ အောင်ပွဲခံသွားခဲ့ပါတယ်။

One Championship ပြိုင်ပွဲကို ပထမဆုံးအကြိမ်အဖြစ် စတင်ထိုးသတ်တဲ့ ချင်းတိုင်းရင်းသား ထီရယ်ထန်ကတော့ အဖွင့်လှသွားခဲ့ရပါတယ်။ အောင်လအန်ဆန်ရဲ့ တပည့်ကျော် ထီရယ်ထန်ဟာ သူရဲ့ One Championship ကစားသမားဘဝ အဖွင့်ပွဲမှာ ကမ္ဘောဒီးယားနိုင်ငံသား ဆာရော့နဲ့ ဆုံတွေ့ခဲ့ပြီး အလှည့်မထိုးနိုင်ခဲ့ပေမယ့်လည်း ဒိုင်လူကြီးတွေပေးတဲ့ ရမှတ်တွေနဲ့ ဆာရော့ကို အနိုင်ယူနိုင်ခဲ့ပါတယ်။

ဒီညရဲ့ နောက်ဆုံးသော မြန်မာဖိုက်တာပွဲစဉ်ဖြစ်တဲ့ ဖိုးသော်နဲ့ အင်ဒိုနီးရှားဖိုက်တာယိုဟန်တို့ပွဲမှာ ဖိုးသော်က ပထမအချီပြီးခါနီးလေးမှာ လက်သီးလုံးပေါင်းများစွာနဲ့ ယိုဟန်ကို ထိုးသတ်ခဲ့ပြီး ဒိုင်ပွဲရပ်နဲ့ အနိုင်ယူခဲ့ပါတယ်။ နောက်ဆုံးပွဲမှာ မလေးရှားနိုင်ငံသားကို ရှုံးနိမ့်ထားခဲ့တဲ့ ဖိုးသော်ကတော့ ဒီတစ်ခါမှာ သူရဲ့ အကောင်းဆုံးစွမ်းဆောင်ရည်ကို ပြသခဲ့ပြီး နိုင်ပွဲတစ်ပွဲကို ရယူနိုင်ခဲ့ပါတယ်။