MySport Myanmar

ယူနိုက်တက်က အင်္ဂလန်ရဲ့ အကြီးမားဆုံးကလပ်ပါလို့ ကြွေးကြော်လိုက်တဲ့ အိုနာနာ

ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နံပါတ်တစ် ဂိုးသမားသစ် အိုနာနာက သူတို့ရဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ အင်္ဂလန်ရဲ့ အကြီးမားဆုံးကလပ်ပါလို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ကြွေးကြော်သွားခဲ့ပါတယ်။

အသက် ၂၇နှစ် အရွယ် ကင်မရွန်းကြယ်ပွင့် ဂိုးသမား အိုနာနာက မကြာသေးမီကမှ အီတလီ ထိပ်သီးကလပ် အင်တာမီလန် ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေး ယူရို ၅၂သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပါတယ်။

Photo Credit: Standard

အိုနာနာက မန်ချက်စတာ ယူနိုက်တက်နဲ့ ၂၀၂၈ခုနှစ် အထိ သက်တမ်း ရှိတဲ့ ကာလရှည် စာချုပ်တရပ် ချုပ်ဆိုထားပြီး သူ့ရဲ့ လက်စွမ်းကောင်းတွေကြောင့်ပဲ စပိန်ကြယ်ပွင့် ဂိုးသမား ဒီဂီယာ အလွန်မှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂိုးပေါက်ကို စောင့်ရှောက် ကာကွယ်နိုင်မယ့်သူ အဖြစ် သတ်မှတ်ခံထားရပါတယ်။

အိုနာနာက မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့လာတာ ရက်ပိုင်းပဲ ရှိသေးပေမယ့် ဆရာရင်း တန်ဟက်ဂ် ၊ အသင်းဖော်ဟောင်းတွေ ဖြစ်တဲ့ မာတီနက်ဇ် ၊ အန်တိုနီတို့ကြောင့် မန်ချက်စတာ ယူနိုက်တက်မှာ ခပ်မြန်မြန်ပဲ အထိုင်ကျခဲ့သလို အသင်းဖော်သစ်တွေနဲ့ အတော်လေး အဆင်ပြေတာကိုလည်း မြင်တွေ့နေရပါတယ်။

Photo Credit: Team Talk

နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ အိုနာနာက မန်ချက်စတာ ယူနိုက်တက်ဟာ အင်္ဂလန်ရဲ့ အကြီးမားဆုံးအသင်း ဖြစ်တာကြောင့် သူတို့တွေက ရာသီသစ်မှာ ဆုဖလားတွေ အားလုံးအတွက် တိုက်ပွဲဝင်သွားမယ်လို့ ကြွေးကြော်သွားခဲ့ပါတယ်။

အိုနာနာက – “ကျွန်တော်တို့ရဲ့ အသင်းဟာ အင်္ဂလန်ရဲ့ အကြီးမားဆုံးကလပ်ပါ။ ကျွန်တော်တို့က ကမ္ဘာ့အကြီးဆုံး ဘောလုံးအသ်ငးတွေထဲက တသင်းလည်း ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ဆုဖလားတွေ ရယူနိုင်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့က ဆုဖလားတွေ ရယူနိုင်ဖို့ စတင် ကြိုးစားတော့မယ်။ ကျွန်တော်တို့က ဆုဖလားတွေ အားလုံးအတွက် တိုက်ပွဲဝင်သွားပါမယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

Exit mobile version