မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်ဟာ လက်ရှိအချိန်မှာတော့ အသင်းရလဒ် ဆိုးရွှားနေမှုတွေကြောင့် ပရီးမီးယားလိဂ် နည်းပြတွေထဲ ထုတ်ပယ်ခံရဖို့ ရေပန်စားနေတဲ့ စာရင်းမှာ အဆင့်(၄)နေရာထိပါ ရပ်တည်နေခဲ့ပါတယ်။
နယ်သာလန်လူမျိုး အေဂျက်စ်နည်းပြဟောင်း တန်ဟက်ဂ်ဟာ မနှစ်က ဘောလုံးရာသီမှာပဲ ယူနိုက်တက်အသင်းနည်းပြအဖြစ် စတင် ဆောင်ရွက်ခဲ့တာဖြစ်ပြီး သူရဲ့ ပွဲဦးထွက်ရာသီမှာ အသင်းကို လိဂ်ဖလား ချန်ပီယံဖြစ်အောင် နဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရအောင်ပါ စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။
Photo Credit : Goal
ဒါပေမယ့် သူရဲ့ ဒုတိယမြောက် ဘောလုံးရာသီမှာတော့ တန်ဟက်ဂ်က အရင်နှစ်ကထက် ပိုမို တောင့်တင်းတဲ့ ကစားသမား အစုအဖွဲ့ကို ပိုင်ဆိုင်ထားရပေမယ့်လည်း ဒဏ်ရာရ ကစားသမား အရေအတွက် များပြားလာတာရယ် ကွင်းအတွင်း ကွင်းပြင် ပြသာနာတွေကြောင့် ဆန်ချို အန်တိုနီတို့လို ကစားသမားတွေကို အသုံးပြုလို့ မရပဲ ဖြစ်ခဲ့ပါတယ်။
ဒီလို အခြေအနေတွေအပြင် အသစ် ခေါ်ယူထားတဲ့ ကစားသမားတွေဆီက မျှော်လင့်ထားတဲ့ စွမ်းဆောင်ရည်တွေ မရလာသေးတာကလည်း အသင်းရဲ့ စွမ်းဆောင်ရည်နဲ့ ရလဒ်ပိုင်းတွေအတွက် ထိခိုက်သွားစေခဲ့ရပါတယ်။
Photo Credit : Goal
အခုဆိုရင် တန်ဟက်ဂ်ရဲ့ ယူနိုက်တက်အသင်းဟာ ဒီရာသီအတွင်း ပြိုင်ပွဲစုံ (၉)ပွဲ ကစားထားခဲ့ရင်း ရှံးပွဲက (၅)ထိ ရှိထားခဲ့ရသလို ပရီးမီးယားလိဂ်မှာဆိုရင်လည်း (၇)ပွဲ ကစားထားပြီးထားချိန် ရှံးပွဲက (၅)ပွဲအထိတောင် ရှိနေရပါတယ်။
အဲ့ဒီရှုံးပွဲတွေထဲ နောက်ဆုံး ရှုံးပွဲ (၂)ပွဲက အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ရှုံးခဲ့တာဖြစ်လို့ ဒါက ယူနိုက်တက်အတွက် အတော်လေးကို ထိုးနှက်ချက် ဖြစ်စေရပါတယ်။ ဒါကြောင့်လည်း ယူနိုက်တက်နည်းပြ တန်ဟက်ဂ်က ရှက်ဖီးနည်းပြ ဟက်ကင်းဘောတွန် ၊ အဲဗာတန်နည်းပြ ရှောင်ဒိုက် ၊ ဝုလ်ဗ်နည်းပြ အိုနေးလ်တို့အပြီး ထုတ်ပယ်ခံရနိုင်ခြေ အမြင့်ဆုံး ရေပန်းအစားဆုံး စတုတ္ထနေရာကနေ ရေပန်းစားနေခဲ့ပါတယ်။