MySport Myanmar

ချယ်လ်ဆီးကို မပြောင်းလိုက်ရတာက သူ့အတွက် ပိုကောင်းသွားစေခဲ့တယ်လို့ အိုမိုရိုဒီယန် ဖွင့်ဟ

ပေါ်တိုအသင်းရဲ့ တိုက်စစ်ကစားသမားလေး ဆမူ အိုမိုရိုဒီယန်က ပြီးခဲ့တဲ့ နွေဈေးကွက်မှာ ချယ်လ်ဆီးအသင်းဆီ ပြောင်းရွှေ့ရလုနီးပါးအထိ ဖြစ်ခဲ့ပြီးမှ အပြောင်းအရွှေ့က ပျက်သွားခဲ့ပြီး ပေါ်တိုအသင်းဆီသာ ပြောင်းရွှေ့ခဲ့ရခြင်းက သူ့အတွက် ပိုကောင်းသွားစေခဲ့ရတယ်လို့ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

အသက် (၂၀)အရွယ်သာ ရှိနေသေးတဲ့ စပိန် လူငယ် တိုက်စစ်ကစားသမား အိုမိုရိုဒီယန်ဟာ ၂၀၂၃ကတည်းက အသက်လက်တီကိုအသင်းဆီ ရောက်ရှိနေခဲ့ပေမယ့် အသက်လက်တီကိုအတွက် တစ်ပွဲမှ ကစားရခြင်း မရှိပဲ ပြီးခဲ့တဲ့ ရာသီတုန်းက အလာဗက်စ်အသင်းမှာသာ တစ်ရာသီ အငှားစာချုပ်နဲ့ သွားရောက် ကစားခဲ့ရပါတယ်။

Photo Credit : Opta Analyst

နွေစေးျကွက်တုန်းကတော့ ချယ်လ်ဆီးနဲ့ အသက်လက်တီကိုအသင်းတို့ကြားက ဂယ်လက်ဂါနဲ့ အိုမိုရိုဒီယန်တို့ရဲ့ အပြောင်းအရွှေ့ ဖြစ်ပေါ်လာဖို့ အတော်လေး နီးစပ်ခဲ့ပြီး အိုမိုရိုဒီယန်ဟာလည်း ချယ်လ်ဆီးနဲ့့here we go ပါ ဖြစ်သွားခဲ့ရပေမယ့် ဒီအပြောင်းအရွှေ့က မမျှော်လင့်ပဲ ပျက်သွားခဲ့ရသလို ချယ်လ်ဆီးက ဂျာအို ဖီးလစ်ကိုသာ ခေါ်ယူသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီ အိုလံပစ်တုန်းက စပိန် အိုလံပစ်အသင်းနဲ့အတူ ရွှေတံဆိပ်ပါ ရရှိထားတဲ့ အိုမိုရိုဒီယန်ဟာ ချယ်လ်ဆီးလို အသင်းကြီးဆီကို ပြောင်းရွှေ့ရလုနီးပါး ဖြစ်ခဲ့ရပေမယ့် ဒီအခွင့်အရေးက ပျက်ဆီးသွားခဲ့ပြီး ပေါ်တိုအသင်းဆီသာ ရောက်သွားခဲ့ရခြင်းအပေါ် “ကျွန်တော် အရမ်းခက်ခဲတဲ့ ကာလတစ်ခုကို ဖြတ်သန်းခဲ့ရပါတယ်။”

Photo Credit : Transfermarket

“ဘာကြောင့်လဲဆိုတော့ ကျွန်တော့်ကို ချယ်လ်ဆီးအသင်းက ခေါ်ယူတော့မယ်ဆိုတာ လူတိုင်း သိနေပါတယ်။ ဒါပေမယ့် တကယ်တမ်းမှာတော့ ဒါက မဖြစ်လာခဲ့ပါဘူး။ ဒါဟာ အကြောင်းပြချက်တစ်ခုကြောင့်ပါပဲ။ ဘုရားသခင်က ဒီအပြောင်းအရွှေ့ ဖြစ်လာမှာကို မလိုလားလို့ပါ။”

“ကျွန်တော် အရမ်းပျော်ရွှင်ပါတယ်။ ဒီအသင်းမှာ ရှိနေရတာကို အရမ်းပျော်မိပါတယ်။ တကယ်တော့ အရာအားလုံးက ကျွန်တော့်အတွက် ကောင်းမွန်ဖို့ ဖြစ်လာခဲ့ပြီးတော့ ကျွန်တော် တက်စွမ်းသမျှကို ဆက်လက် ပြသသွားချင်ပါတယ်။” လို့ အိုမိုရိုဒီယန်က ပြောဆိုသွားခဲ့ပါတယ်။ အိုမိုရိုဒီယန်ဟာ ပေါ်တိုအတွက် ပြိုင်ပွဲစစုံ (၇)ပွဲသာ ကစားထားရသေးချိန် (၇)ဂိုးသွင်းယူခဲ့ပြီး မန်ယူနိုက်တက်နဲ့ ကစားခဲ့ရတဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာလည်း သွင်းဂိုး (၂)ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

Exit mobile version