အသက်လက်တီကိုမက်ဒရစ်အသင်းနဲ့ ပြီးခဲ့တဲ့ ၂၀၂၀ လအကုန်ပိုင်းလောက်မှာ စာချုပ်ဖျက်သိမ်းလိုက်ပြီးနောက်ပိုင်း အခုလက်ရှိ အချိန်အထိကို အသင်းသစ်တစ်သင်းဆီ မပြောင်းရွှေ့နိုင်သေးတဲ့ စပိန် ဝါရင့်တိုက်စစ်မှူးကြီး ဒီယေဂိုကော်စတာက ဒီရက်ပိုင်းမှာ လီဂူးကလပ် မာဆေးလ်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်ခဲ့ရပေမယ့်လည်း မာဆေးလ်ဘက်ကတော့ ကော်စတာကို ခေါ်ယူသွားဖို့ စိတ်ဝင်စားခြင်း မရှိဘူးလို့ ငြင်းဆန်သွားခဲ့ပါတယ်။

Photo Credit : Qlur

အသက်(၃၂)နှစ်အရွှယ်ရှိ စပိန်လက်ရွေးစင်ဟောင်း တိုက်စစ်မှူးကြီး ဒီယေဂိုကော်စတာဟာ ဒဏ်ရာပြသာနာများနဲ့ ခြေစွမ်းပိုင်း ကျဆင်းမှုတွေကြောင့် အသက်လက်တီကိုအသင်းနဲ့ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းခဲ့ပြီး လက်ရှိအချိန်ထိကို အသင်းလက်မဲ့ ဖြစ်နေရတာဖြစ်ပါတယ်။ ကော်စတာဟာ အသက်လက်တီကို ချယ်လ်ဆီးတို့လို ထိပ်တန်းကလပ်အသင်းတွေမှာ ပါဝင်ကစားခဲ့ဖူးတဲ့ ထိပ်တန်းတိုက်စစ်ကစားသမားတစ်ယောက်ဖြစ်ပြီး ယူရိုပါလိဂ် ဥရောပစူပါဖလား လာလီဂါနဲ့ ပရီးမီးယားလိဂ်တို့လို အဓိကဆုဖလားများစွာကို ပိုင်ဆိုင်နိုင်ခဲဖူးတဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။

Photo Credit : Goal

ဒီလို အတွေ့အကြုံရှိ တိုက်စစ်ကစားသမားကြီး ကော်စတာကို အသင်းပေါင်းများစွာကနေ ခေါ်ယူချင်နေကြပြီး ကော်စတာက အသင်းဟောင်း အသက်လက်တီကိုမှာ တစ်ပတ်လုပ်ခ ပေါင်(၂)သိန်းခွဲလောက်အထိ ရရှိနေတာဖြစ်လို့ သူရဲ့မြင့်မားတဲ့ လခကို ကလပ်အသင်းတွေကနေ ပေးချေဖို့ ခက်ခဲနေရတာဖြစ်ပါတယ်။ ကော်စတာကို တူရကီ ကလပ်အသင်းတွေဖြစ်တဲ့ ဖီနာဘာချီ ဂါလာတာစာရေး ဘက်ရှီးတပ်စ်အသင်းတွေအပြင် ပေါ်တူဂီကလပ် ဘင်ဖီကာအပါအဝင် ပြင်သစ်လီဂူးကလပ် မာဆေးလ်အသင်းတွေကပါ ခေါ်ယူဖို့ ချိတ်ဆက်ခဲ့ပေမယ့် ကော်စတာရဲ့ လုပ်ခလစာက မြင့်မားလွန်းနေတာကြောင့် ခေါ်ယူစာချုပ်ချုပ်နိုင်ဖို့က ခက်ခဲနေရတာဖြစ်သလို စည်းကမ်းပိုင်းလည်း အားနည်းတတ်ပြီး ပြသာနာရှာတတ်တဲ့ ကစားသမား ဖြစ်နေတာကြောင့် ခေါ်ယူဖို့အတွက် တွန့်ဆုတ်နေရတာဖြစ်ပါတယ်။ ဒီလို အခြေအနေတွေကြောင့် ကော်စတာအနေနဲ့ အသင်းသစ်ကို ရှာတွေ့ဖို့ ခက်ခဲနေရတာဖြစ်ပေမယ့် ကော်စတာလို ဥရောပ အတွေ့အကြုံကောင်းတွေ ပိုင်ဆိုင်ထားတဲ့ တိုက်စစ်ကစားသမားတစ်ဦးကိုတော့ တိုက်စစ်ပိုင်း လိုအပ်ချက်ရှိတဲ့ ကလပ်အသင်းတစ်သင်းသင်းက ဒီနွေစျေးကွက်အတွင်းမှာပဲ ခေါ်ယူနိုင်ဖွယ် ရှိနေပါတယ်။