ချယ်လ်ဆီးအသင်းဟာ ဒီနှစ်နွေစျေးကွက်အတွင်းမှာပဲ လိုက်ပ်ဇစ်အသင်းရဲ့ဂျာမန်တိုက်စစ်ကစားသမား တီမိုဝါနာကို ခေါ်ယူခဲ့ပြီး အသင်းရဲ့တိုက်စစ်ပိုင်းအတွက် အင်အားမြင့်တင်ခဲ့ပေမယ့် ဝါနာရောက်ရှိလာခဲ့လို့ အသင်းရဲ့ရှိရင်းစွဲ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ တမ်မီအေဘရာဟမ်နဲ့ အိုလီဗာဂျရှုးတို့က ပုံမှန်ပွဲထွက်ခွင့်တွေတော့ လျှော့နည်းလာနိုင်တဲ့အပေါ်မှာတော့ ဝါရင့်တိုက်စစ်မှူးကြီးဂျရှုးးက စိုးရိမ်နေခြင်းမရှိပဲ ပုံမှန်ပွဲထွက်ကစားခွင့်တွေ ပိုင်ဆိုင်ရနိုင်အောင် တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Daily Express

အသက်(၃၃)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် တိုက်စစ်ကစားသမားကြီး ဂျရှုးးဟာ ပြီးခဲ့တဲ့ဘောလုံးရာသီအစပိုင်းက နည်းပြဖရန့်လမ်းပတ်ရဲ့နေရာပေးမှုကို သိပ်မရရှိခဲ့ပဲ ရာသီဝက်လောက်မှသာ လမ်းပတ်ရဲ့နေရာပေးမှုတွေနဲ့ ပွဲထွက်ခွင့်တွေ ပြန်ရလာချိန်မှာ သွင်းဂိုးတွေပါ သွင်းလာနိုင်တာကြောင့် ချယ်လ်ဆီးအသင်းအနေနဲ့ ဆောင်းရာသီစျေးကွက်မှာ ကစားသမားသစ် ခေါ်ယူခဲ့ခြင်းမရှိခဲ့တာဖြစ်ပါတယ်။ အခုလည်း အသင်းကို ဝါနာရောက်လာခဲ့ချိန်မှာ သူရဲ့ပွဲထွက်ခွင့် အရေအတွက်တွေက နည်းပါးလာနိုင်ပေမယ့်လည်း ဂျရှုးကတော့ ဒီလိုစိန်ခေါ်မှုကို နှစ်သက်တယ်လို့ ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Yahoo! Sports

ဂျရှုးက “ကျွန်တော်က လမ်းပတ်နဲ့တော့ စကားပြောဆိုထားခြင်းတော့ မရှိသေးပါဘူး။ သေချာတာတစ်ခုကတော့ ကျွန်တော်တို့ကြားက ယှဉ်ပြိုင်မှုတွေက ကျွန်တော်တို့ကို ပိုတိုးတတ်စေမယ်ဆိုတာပါပဲ။ အသင်းကောင်းတစ်သင်းမှာကလည်း တိုက်စစ်ကို လိုအပ်သလို ရွေးချယ်နိုင်ဖို့အတွက် မတူကွဲပြားတဲ့ တိုက်စစ်ကစားသမားတွေကို လိုအပ်ပါတယ်။ ကျွန်တော်တို့အားလုံးက ဆုဖလားတွေအတွက်လည်း တိုက်ပွဲဝင်ချင်နေတဲ့သူတွေပါ။ ကျွန်တော်လည်း မနှစ်က ဘောလုံးရာသီအတွင်း အကောင်းဆုံးကစားပြနိုင်ခဲ့သလို နည်းပြကိုလည်း ကျွန်တော်ရဲ့စွမ်းဆောင်ရည်တွေ ဘယ်လောက်ရှိသေးလဲဆိုတာ ပြသနိုင်ခဲ့ပါတယ်။ ဝါနာက ကျွန်တော်နဲ့တော့ ပုံစံချင်းမတူညီတဲ့ တိုက်စစ်ကစားသမားပါ။ ကျွန်တော်လည်း အသင်းမှာ ပွဲကစားခွင့်တချို့တော့ ရနိုင်လိမ့်မယ်လို့ မျှော်လင့်မိတယ်” လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ ဂျရှးဟာ လက်ရှိမှာ ချယ်လ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်တိုးမြှင့်ထားခဲ့တာဖြစ်လို့ လာမယ့်ဘောလုံးရာသီအတွင်းမှာ အသင်းမှာ သေချာပေါက်ရှိနေမှာဖြစ်ပြီး ဝါနာ အေဘရာဟမ်တို့နဲ့အတူ တိုက်စစ်မှာ ပွဲထွက်ရဖို့အတွက် တိုက်ပွဲဝင်သွားရမှာဖြစ်ပါတယ်။