MySport Myanmar

မန်ယူ ချယ်လ်ဆီးတို့ထက် ဘိုင်ယန်ကိုသာ ရွေးချယ်ရတဲ့ အကြောင်းကို အိုလီဆီ ဖွင့်ဟ

ခရစ္စတယ် ပဲလေ့စ်အသင်းကနေ မန်ချက်စတာ ယူနိုက်တက် ၊ ချယ်လ်ဆီးတို့လို ပရီးမီးယားလိဂ် ကလပ်အသင်းကြီးတွေဆီ ပြောင်းရွှေ့ခြင်း မရှိပဲ ဘိုင်ယန်မြူးနစ်အသင်းဆီကို ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့ရတဲ့ အကြောင်းအရင်းတွေကို မိုက်ကယ် အိုလီဆီက ထုတ်ဖော် ပြောကြားမှုတွေ လုပ်ဆောင်သွားခဲ့ပါတယ်။

အသက် (၂၂)နှစ်အရွယ် ပြင်သစ် ယူ-၂၁ တောင်ပံနဲ့ ကွင်းလယ်တိုက်စစ် ကစားသမားလေး အိုလီဆီဟာ အာဆင်နယ် ချယ်လ်ဆီး မန်စီးတီးတို့ရဲ့ လူငယ် အကယ်ဒမီတွေမှာ လူငယ်ကစားသမားဘဝကို ဖြတ်သန်းခဲ့သလို ပဲလေ့စ်အသင်းဆီ ရောက်ရှိသွားချိန်မှာလည်း သူရဲ့ အရည်အသွေးကောင်းတွေကို ပြသနိုင်ခဲ့လို့ ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေရဲ့ စိတ်ဝင်စားမှုကိုပါ ရရှိလာခဲ့ပါတယ်။

Photo Credit : Transfermarket

ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ချယ်လ်ဆီးအသင်းဆီ ပြောင်းရွှေ့ဖို့ အနီးစပ်ဆုံး အခြေအနေအထိ ရောက်ရှိခဲ့ပြီး ဒီနွေမှာလည်း ချယ်လ်ဆီး မန်ယူနိုက်တက်အသင်းဆီကိုပါ ပြောင်းရွှေ့ကစားဖို့ နီးစပ်ခဲ့ပြန်ပေမယ့်လည်း နောက်ဆုံးမှာတော့ ဗင်းဆင့် ကွန်ပနီရဲ့ ဘိုင်ယန်အသင်းဆီကိုသာ ပြောင်းရွှေ့သွားခဲ့ပါတယ်။

အိုလီဆီဟာ ပဲလေ့စ်ကနေ ဘိုင်ယန်အသင်းဆီ ပြောင်းရွှေ့ကြေး ပေါင် သန်း(၅၀)တည်းနဲ့ ပြောင်းရွှေ့သွားခဲ့တာဖြစ်ပြီး ချယ်လ်ဆီး ယူနိုက်တက်တို့နဲ့ သတင်းတွေ တောက်လျှောက် ထွက်ပေါ်ခဲ့စဉ်တုန်းကတော့ အိုလီဆီရဲ့ တန်ကြေးဟာ အနည်းဆုံး ပေါင် သန်း(၆၀)လောက်အထိကို ရှိခဲ့ရပါတယ်။

Photo Credit : FC Bayern Muchen

အခုလို ချယ်လ်ဆီး မန်ယူနိုက်တက်တို့ထက် ဘိုင်ယန်ဆီကိုသာ ပြောင်းရွှေ့ခဲ့ရတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး အိုလီဆီက “ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်ရတာက အရမ်း အပြုသဘောဆောင်ခဲ့ပါတယ်။ နောက်ပြီး ဒီလောက် ကြီးကျယ်ခမ်းနားတဲ့ အသင်းကြီးအတွက် ကစားပေးရတော့မှာကိုလည်း အရမ်း ပျော်ရွှင်မိပါတယ်။”

“ဒါက ကျွန်တော့်အတွက်လည်း ကြီးမားတဲ့ စိန်ခေါ်မှုကြီးတစ်ခု။ ကျွန်တော် သေချာပေါက်ကို ရှာဖွေနေတဲ့ စိန်ခေါ်မှုတစ်ခုပါပဲ။ ဒီအဆင့်မှာ ကျွန်တော် ကိုယ့်ကိုကိုယ် သက်သေပြချင်ပြီး လာမယ့်နှစ်တွေထဲ ကျွန်တော့်အသင်းနဲ့အတူ ရယူနိုင်သမျှ ဆုဖလားတွေကို များများ ရယူသွားနိုင်ဖို့က ကျွန်တော့်အတွက် အခန်းကဏ္ဍမှာ သေချာပေါက် ပါဝင်လို့နေပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။

Exit mobile version