မန်ယူ နည်းပြ ဆိုးလ်ရှားကတော့ တိုက်စစ်မှူး အီဟာလိုကို သူ့ရဲ့ ပထမဆုံး ပရီးမီးယား လိဂ် အိမ်ကွင်း ပွဲဦးထွက် ပွဲစဉ်မှာ ဂိုးသွင်းဖို့ မျှော်လင့်ပါတယ်လို့ အခိုင်အမာ ပြောသွားခဲ့ပါတယ်။ အီဟာလိုဟာ ယနေ့ည (၈း၃၀) အချိန်မှာ မန်ယူအသင်းအတွက် ပထမဆုံး ပရီးမီးယားလိဂ် အိမ်ကွင်း ပွဲဦးထွက် ပွဲစဉ် ကစားမှာ ဖြစ်ပြီး အသင်းဟောင်း ဝက်ဖို့ဒ်အသင်းနဲ့ ကစားရမှာပါ။ အီဟာလိုဟာ ဝက်ဖို့ဒ်အသင်းမှာ (၃) နှစ်ကြာ ကစားခဲ့ပြီး ချန်ပီယံရှစ် ပြိုင်ပွဲမှာ (၁) ရာသီ နဲ့ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ (၂) ရာသီကြာ ကစားခဲ့ပြီး သွင်းဂိုးပေါင်း (၃၆) ဂိုး သွင်းခဲ့ပါတယ်။

 

Photo Credit: MEN

အီဟာလိုဟာ ဝက်ဖို့ဒ်အသင်းကနေ တရုတ်ကလပ်အသင်းကို ပြောင်းသွားခဲ့ပေမဲ့ လွန်ခဲ့တဲ့ ဇန်နဝါရီလ အပြောင်းအရွှေ့ ဈေးကွက်မှာ မန်ယူအသင်းကို အငှားနဲ့ ပြောင်းလာခဲ့ပါတယ်။ တိုက်စစ်မှူး အီဟာလိုဟာ ယနေ့ည (၈း၃၀) အချိန်မှာတော့ အသင်းဟောင်း ဝက်ဖို့ဒ်အသင်း နဲ့ ပြန်ရင်ဆိုင်ရမှာ ဖြစ်ပြီး နည်းပြ ဆိုးလ်ရှား မျှော်လင့်သလို ဖြစ်မလား စောင့်ကြည့်ရမှာပါ။ နည်းပြ ဆိုးလ်ရှားကတော့ ဒီဇင်ဘာလမှာ ဝက်ဖို့ဒ်အသင်းကို အဝေးကွင်းမှာ (၂-ဝ) ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ယနေ့ည အိမ်ကွင်းမှာ ပြန်မရှုံးအောင် ကစားမယ်လို့ပါ ပြောခဲ့ပါတယ်။

Photo Credit: MEN

နည်းပြ ဆိုးလ်ရှားက “ဒီနေ့က သူ့အတွက် အထူးနေ့ရက်ဖြစ်မှာပါ။ သူ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ သွင်းဂိုး ရရှိဖို့ မျှော်လင့်ပြီး ဝက်ဖို့ဒ်အသင်းနဲ့ ပွဲစဉ်မှာ ဂိုးသွင်းနိုင်ဖို့ မျှော်လင့်မိပါတယ်။ နည်းပြ ပီယာဆန်က သူ့ရဲ့ကစားသမားတွေနဲ့ မယုံနိုင်စရာ လုပ်ရပ်တွေကို လုပ်ပြသွားခဲ့ပါတယ်။ သူ့ရဲ့ မယုံနိုင်စရာ လုပ်ရပ်မှာ ကျွန်တော်တို့က ပထမဆုံး ခံရတဲ့ အသင်း ဖြစ်ပြီး ကျွန်တော်တို့အနေနဲ့ ဒါကို ထပ်ဖြစ်ဖို့ ခွင့်မပြုသင့်ပါဘူး။ ကျွန်တေ်ာတို့မှာ အခွင့်အရေးတွေ ရှိခဲ့ပြီး ကျွန်တော်တို့ဟာ အဝေးကွင်း သွင်းဂိုးတွေကို လွယ်လွယ်နဲ့ ခွင့်ပြုခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အသင်းအနေနဲ့ ဘောလုံးကို ကောင်းမွန်စွာ ပြန်ကစားဖို့၊ တိုက်စစ်ဆင် ကစားဖို့ လိုအပ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့အနေနဲ့ သူတို့ကို အသာစီးပြီး ဖိကစားဖို့ မျှော်လင့်ပါတယ်”လို့ ပြောသွားခဲ့ပါတယ်။