လီဗာပူးလ် မန်ချက်စတာစီးတီးအသင်းတွေကို အိမ်ကွင်း အိုးထရက်ဖို့်ဒ်မှာ (0-5) (0-2) ဆိုတဲ့ ရလဒ်တွေနဲ့ ရှုံးနိမ့်ခဲ့ပြီး ဝက်ဖို့ဒ်အသင်းကိုလည်း အဝေးကွင်းမှာ (4-1) နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ရပြီးနောက် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြရာထူးကနေ ဖယ်ရှားခံခဲ့ရတဲ့ နည်းပြအိုလေဂန်နာဆိုးလ်ရှားဟာ ယူနိုက်တက်နဲ့ လက်တွဲဖြုတ်ပြီးနောက်မှာ အမည်ဖော်ပြထားခြင်း မရှိတဲ့ ပရီးမီးယားလိဂ် ကလပ်အသင်း တစ်သင်းရဲ့ ကမ်းလှမ်းမှုကို ရရှိခဲ့ပေမယ့်လည်း ဆိုးလ်ရှားကို ချဉ်းကပ်ခဲ့ပေမယ့်လည်း ဆိုးလ်ရှားကတော့ ဒီကမ်းလှမ်းမှုကို ပယ်ချခဲ့ပါတယ်။

Photo Credit : Sky Sports

နော်ဝေလူမျိုး ဘောလုံးသမားဟောင်းကြီး ဆိုးလ်ရှားက ယူနိုက်တက်အသင်းနဲ့ လမ်းခွဲခဲ့ရချိန်မှာ နောက်ထပ် အသင်းတစ်သင်းကို ချက်ချင်းပြောင်းလဲကိုင်တွယ်ဖို့ အဆင့်သင့် မဖြစ်သေးတဲ့အတွက် အမည်ဖော်ပြထားခြင်း မရှိတဲ့ ပရီးမီးယားလိဂ် ကလပ်အသင်းရဲ့ ကမ်းလှမ်းချက်ကို ငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိမှာ အသင်းလက်မဲ့ ဖြစ်နေရတဲ့ ဆိုးလ်ရှားက သိပ်မကြာခင်မှာပဲ ဘောလုံးအသင်း တစ်သင်းသင်းကို ကိုင်တွယ်သွားဖို့ ဆန္ဒရှိနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပြီး လာမယ့် ၂၀၂၂-၂၀၂၃ ဘောလုံးရာသီမှာ သူရဲ့နည်းပြအလုပ်ကို ထပ်မံရှေ့ဆက်သွားချင်နေတယ်လို့ သိရပါတယ်။

Ole Gunnar Solskjaer is ready for a dugout return after snubbing a Premier League side this season

Photo Credit : The Sun

အသက်(၄၉)နှစ်အရွှယ်ရှိ နည်းပြဆိုးလ်ရှားဟာ သူရဲ့ ဘောလုံးသမားဘဝကို ၁၉၉၆ခုနှစ်ကနေ ၂ဝဝရခုနှစ်အထိ ယူနိုက်တက်အသင်းမှာပဲ ဖြတ်သန်းခဲ့တာဖြစ်ပြီး ဘောလုံးသမားဘဝကနေ အနားယူပြီး နည်းပြနယ်ပယ်ထဲ ဝင်ရောက်လာချိန်မှာလည်း ယူနိုက်တက်လူငယ်နည်းပြအဖြစ် ၂၀၀၈ခုနှစ်ကနေ ၂၀၁၁ခုနှစ်အထိ နည်းပြခဲ့ပါတယ်။ အဲ့ဒီနောက် နော်ဝေကလပ် မိုလ်ဒီမှာ (၃)နှစ် ကာဒစ်မှာ (၁)နှစ်နဲ့ မိုလ်ဒီမှာပဲ နောက်ထပ် (၃)နှစ် နည်းပြခဲ့ပြီး ၂၀၁၈ခုနှစ်မှာတော့ ယူနိုက်တက် ယာယီနည်းပြအဖြစ် စတင်ဆောင်ရွှက်ခဲ့ရပါတယ်။ လပိုင်းလေးအတွင်းမှာပဲ ယူနိုက်တက် အမြဲတမ်းနည်းပြပါ ဖြစ်လာခဲ့ရတဲ့ ဆိုးလ်ရှားဟာ သူ့လက်ထက်မှာ ယူနိုက်တက်ကို ဆုဖလား အောင်မြင်မှုတွေ ပိုင်ဆိုင်နိုင်ဖို့ရော ရလဒ်ကောင်းတွေ ဆက်တိုက်ပိုင်ဆိုင်ဖို့ပါ မစွမ်းဆောင်နိုင်ခဲ့တာကြောင့် ၂၀၂၁ခုနှစ် နိုဝင်ဘာလမှာ အသင်းကနေ ထုတ်ပယ်ခံလိုက်ရတာ ဖြစ်ပါတယ်။ လက်ရှိချိန်ထိ အသင်းလက်မဲ့ ဖြစ်နေရတဲ့ ဆိုးလ်ရှားအနေနဲ့ ဘန်လေ အဲဗာတန် လိဒ်စ်ယူနိုက်တက်နဲ့ ဝက်ဖို့ဒ်အသင်းတွေရဲ့ နည်းပြသစ် ဖြစ်လာနိုင်ပြီး ပရီးမီးယားလိဂ်ကနေ ချန်ပီယံရှစ်ဆီ တန်းဆင်းရဖို့ အခြေအနေများနေတဲ့ ဝက်ဖို့ဒ်အသင်းရဲ့ နည်းပြသစ် ဖြစ်လာဖို့က အခြေအနေအများဆုံး ဖြစ်နေရပါတယ်။