မန်ယူ နည်းပြ ဆိုးလ်ရှားကတော့ ရာသီကုန်မှာ ရရှိခဲ့တဲ့ အဆင့်က ကိုယ်နဲ့ ထိုက်တန်တဲ့ အဆင့် ဖြစ်တယ်လို့ အခိုင်အမာ ပြောသွားခဲ့ပြီး လက်ရှိရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အခြားအသင်း နဲ့ ချဲလ်ဆီးအသင်းတို့တွေရဲ့ ရလဒ်ကိုလည်း မစိုးရိမ်ဘူးလို့ သတင်းထောက်တွေကို အခိုင်အမာ ပြောကြားသွားလိုက်တာပဲ ဖြစ်ပါတယ်။ နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်းဟာ ဆောက်သမ်တန်အသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ အနိုင်မရဘဲ သရေ ကျခဲ့တာကြောင့် အဆင့် (၄) နေရာအတွင်း ဝင်ခွင့် ရရှိဖို့ လွဲချော်သွားခဲ့တာ ဖြစ်ပြီး ပရီးမီးယားလိဂ် လက်ကျန် ပွဲစဉ် (၃၅) ပွဲ ကစားပြီးတဲ့ အချိန်မှာတော့ ရမှတ် (၅၉) မှတ်နဲ့ အဆင့် (၅) နေရာမှာ ရပ်တည်လျက် ရှိပါတယ်။

Photo Credit: Goal

မန်ယူအသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် (၃) ပွဲသာ ကစားဖို့ ကျန်တော့တဲ့ အချိန်မှာ လက်ကျန် ပရီးမီးယားလိဂ် ပွဲစဉ် (၃) ပွဲကိုသာ အကုန်လုံး အနိုင်ရရှိသွားမယ် ဆိုရင် အဆင့် (၄) နေရာအတွင်း ဝင်ခွင့် ရရှိသွားမှာ ဖြစ်ပြီး နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ (၁၈) ပွဲဆက် ရှုံးပွဲ မရှိသေးဘဲ သရေ နဲ့ အနိုင်သာ ရရှိခဲ့တာ ဖြစ်ပါတယ်။ မန်ယူအသင်းဟာ လက်ရှိရာသီမှာ အက်ဖ်အေ ဖလား နဲ့ ယူရိုပါလိဂ် ဖလား ရရှိနိုင်ချေ ရှိသေးပြီး မန်ယူ နည်းပြ ဆိုးလ်ရှားကတော့ လက်ရှိရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ချဲလ်ဆီးအသင်း ဘာတွေ လုပ်နေသလဲ ဆိုတာကို မစိုးရိမ်ဘူးလို့ မန်ယူအသင်းရဲ့ တရားဝင် ဝက်ဆိုဒ်မှာ အခိုင်အမာ ပြောကြားသွားလိုက်တာပဲ ဖြစ်ပါတယ်။

Photo Cre dit: Goal

နည်းပြ ဆိုးလ်ရှားဟာ အခွင့်အရေး လက်လွတ်ခဲ့တာက ပြဿနာ ဖြစ်ပါသလားလို့ အမေးခံရတဲ့ အချိန်မှာ သူက “လုံးဝ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ကစားသမားတွေထဲက ဘယ်သူကမှ ဒီအကြောင်းကို တွေးမှာ မဟုတ်ပါဘူး။ ဒီအပတ်မှာ ချဲလ်ဆီးအသင်း ကစားခဲ့တဲ့ ပုံစံကိုလည်း တွေးမိကြမှာ မဟုတ်ပါဘူး။ လုံးဝ တွေးမှာ မဟုတ်ပါဘူး။ ဒါက ပွဲစဉ် တစ်ပွဲ ဖြစ်သွားတဲ့ နည်းလမ်းပါပဲ။ ကျွန်တော်တို့ အားလုံးက တူညီတဲ့ အသင်းတွေနဲ့ ကစားရပြီး ပွဲစဉ် (၃၈) ပွဲကို ကစားရမှာ ဖြစ်ပါတယ်။ ဒါက ရာသီရှည် ကစားရမယ့် ပွဲစဉ်တွေပါပဲ။ နောက်ဆုံး ရရှိခဲ့တဲ့ အဆင့်က ကိုယ်နဲ့ ထိုက်တန်တဲ့ အဆင့် ဖြစ်ပါတယ်။ အသင်းရဲ့ ကစားသမားတွေရဲ့ စိတ်ဓါတ်က အလွန် ကောင်းပါတယ်။ ကျွန်တော်တို့ လက်ရှိရာသီမှာ နောက်ပြန်သွားတဲ့ ပွဲစဉ်တွေ ရှိခဲ့ပါတယ်။ ဒါက ကျွန်တော်တို့အတွက် နောက်ထပ် စိန်ခေါ်မှုပါပဲ။ ကျွန်တော်တို့ သူတို့ကို ယုံကြည်ပါတယ်” လို့ ပြောခဲ့ပါတယ်။