မန်ချက်စတာယူနိုက်တက်အသင်း ရွှေထီးဆောင်းခဲ့တဲ့ အချိန်အခါတုန်းကဆိုရင် အိုးထရက်ဖိုဒ့်မှာ လာရောက်ရင်ဆိုင်ရမယ့်အခါတိုင်း အသင်းတိုင်းလိုလို (အထူးသဖြင့် ပြိုင်ဘက်ကောင်းမဟုတ်တဲ့ အသင်းတွေ) က “ဒီနေရာမှာ ငါတို့တွေ ရှံးဦးမှာပဲ” လို့ မှတ်ထင်ကြပြီး လာမကစားခင်ကတည်းက ရှိန်နေကြပါတယ်။ ဒါပေမယ့် နည်းပြဖာဂူဆန်ခေတ်လွန်မှာတော့ ယူနိုက်တက်အသင်းရဲ့အရှိန်အဝါတွေက တဖြည်းဖြည်းကျဆင်းလာခဲ့ရာ အခုဆိုရင် ကွင်းမရွေး အသင်းမရွေး ခြေချော်နေခဲ့တာမို့ အိုးထရက်ဖိုဒ့်မှာတောင် ယူနိုက်တက်က အသင်းငယ်တွေရဲ့ လေးစားမှုကို ကင်းမဲ့လာခဲ့ရတဲဲ့ အသင်းတစ်သင်းလို ဖြစ်လာခဲ့ရပါတယ်။

Photo Credit : Getty Images

အခုလည်း ယူနိုက်တက်အသင်းက နှစ်ပေါင်းခြောက်ဆယ်နီးပါးလောက် အိုးထရက်ဖိုဒ့်ကွင်းအတွင်းမှာ တစ်ခါမှ မရှံးဖူးသေးတဲ့ ဘန်လေအသင်းကိုပါ ၂ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ရပြီး ချေပဂိုးတစ်ဂိုးတောင် ပြန်မသွင်းနိုင်ခဲ့ပဲ အရှက်တကွဲ အရှံးပေးခဲ့ရပါတယ်။ ဒီရှံးပွဲဲကြောင့်  ယူနိုက်တက်အသင်းက ဒီရာသီမှာ အိမ်ကွင်းရှံးပွဲ၂ပွဲအထိ ရှိလာခဲ့သလို သူတို့ရှံးခဲ့တာကလည်း ခရစ္စတယ်ပဲလေ့စ်နဲဲ့ ဘန်လေတို့ဖြစ်နေတာကြောင့် ပိုပြီးစိတ်ပျက်စရာ ဖြစ်စေခဲ့ရပါတယ်။ ယူနိုက်တက်အသင်းဟာ ဒီရာသီမှာလည်း ရှံးပွဲ၈ပွဲထိ ကြုံတွေ့ထားခဲ့ရပြီး အာဆင်နယ် လီဗာပူးလ်တို့ကို ရှံးခဲ့တာကလွဲရင် ကျန်တဲ့ရှံးပွဲတွေက ဘန်လေ ဝက်ဖိုဒ့် ဝက်စ်ဟမ်း နယူးကာဆဲလ် ဘုန်းမောက် ခရစ္စတယ်ပဲလေ့စ်တို့လို အသင်းတွေနဲ့ တွေ့ဆုံစဉ်မှာ ရှံးခဲ့ရတာပဲဖြစ်ပါတယ်။

Photo Credit : Getty Images

အခုလို ယူနိုက်တက်အသင်းကို သူတို့ရဲ့အိုးထရက်ဖိုဒ့်ကွင်းကြီးအတွင်းမှာ အနိုင်ယူခဲ့တာနဲ့ပတ်သက်ပြီး ဘန်လေအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တဲ့ ခရစ်ဝုဒ်က “အခုတော့ အိုးထရက်ဖိုဒ့်က ကျွန်တော်တို့အတွက် ခြိမ်းခြောက်နေတဲ့ နေရာတစ်ခုလို့ မမြင်မိတော့ပါဘူး။ လွန်ခဲ့တဲဲ့ ၂နှစ်လောက်ကတည်းက ဒီနေရာကိုလာခဲ့တယ်။ ဒီအသင်းကိုပဲ ကျွန်တော်တို့က သွင်းဂိုးတွေ စတင်သွင်းယူခဲ့တယ်။ ဒါပေမယ့် ရလဒ်ကိုတော့ မထိန်းသိမ်းနိုင်ခဲ့ဘူး။ ဒီနေ့မှာတော့ အကောင်းဆုံးစိတ်ဓါတ် စွမ်းဆောင်ရည်တွေနဲ့ ကျွန်တော်တို့ တိုက်ပွဲဝင်ခဲ့ရာကနေ နိုင်ပွဲဲရခဲ့တာပါ” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ဘန်လေအသင်းဟာ လွန်ခဲ့တဲ့ ၂နှစ်ကနေစတင်ပြီး အိုးထရက်ဖိုဒ့်မှာ ယူနိုက်တက်အသင်းကို ရင်ဆိုင်ရချိန်တိုင်းမှာ သွင်းဂိုး၂ဂိုး စတင်ဦးဆောင်သွင်းယူနိုင်ခဲ့ပြီး ဒီရာသီကလွဲပြီး ကျန်တဲ့၂နှစ်အတွင်းမှာတော့ ယူနိုက်တက်ဘက်ကနေ ဂိုးပြန်သွင်းနိုင်ခဲ့ကာ သရေတစ်မှတ်ကို ယူဆောင်နိုင်ခဲ့ပါသေးတယ်။

(Zawgyi)

အုိးထရက္ဖုိဒ့္က သူတုိ႔အတြက္ ေၾကာက္လန္႔စရာေနရာမဟုတ္ေတာ့ဘူးလုိ႔ ခရစ္ဝုဒ္ဆုိ

မန္ခ်က္စတာယူႏုိက္တက္အသင္း ေရႊထီးေဆာင္းခဲ႔တဲ႔ အခ်ိန္အခါတုန္းကဆုိရင္ အုိးထရက္ဖုိဒ့္မွာ လာေရာက္ရင္ဆုိင္ရမယ့္အခါတုိင္း အသင္းတုိင္းလုိလုိ (အထူးသျဖင့္ ၿပိဳင္ဘက္ေကာင္းမဟုတ္တဲ႔ အသင္းေတြ) က “ဒီေနရာမွာ ငါတုိ႔ေတြ ရွံးဦးမွာပဲ” လုိ႔ မွတ္ထင္ၾကၿပီး လာမကစားခင္ကတည္းက ရွိန္ေနၾကပါတယ္။ ဒါေပမယ့္ နည္းျပဖာဂူဆန္ေခတ္လြန္မွာေတာ့ ယူႏုိက္တက္အသင္းရဲ႕အရွိန္အဝါေတြက တျဖည္းျဖည္းက်ဆင္းလာခဲ႔ရာ အခုဆုိရင္ ကြင္းမေရြး အသင္းမေရြး ေျခေခ်ာ္ေနခဲ႔တာမုိ႔ အုိးထရက္ဖုိဒ့္မွာေတာင္ ယူႏုိက္တက္က အသင္းငယ္ေတြရဲ႕ ေလးစားမႈကုိ ကင္းမဲ႔လာခဲ႔ရတဲဲ႔ အသင္းတစ္သင္းလုိ ျဖစ္လာခဲ႔ရပါတယ္။

Photo Credit : Getty Images

အခုလည္း ယူႏုိက္တက္အသင္းက ႏွစ္ေပါင္းေျခာက္ဆယ္နီးပါးေလာက္ အုိးထရက္ဖုိဒ့္ကြင္းအတြင္းမွာ တစ္ခါမွ မရွံးဖူးေသးတဲ့ ဘန္ေလအသင္းကုိပါ ၂ဂုိးျပတ္နဲ႔ အေရးနိမ့္ခဲ႔ရၿပီး ေခ်ပဂုိးတစ္ဂုိးေတာင္ ျပန္မသြင္းႏုိင္ခဲ႔ပဲ အရွက္တကြဲ အရွံးေပးခဲ႔ရပါတယ္။ ဒီရွံးပြဲဲေၾကာင့္  ယူႏုိက္တက္အသင္းက ဒီရာသီမွာ အိမ္ကြင္းရွံးပြဲ၂ပြဲအထိ ရွိလာခဲ႔သလုိ သူတုိ႔ရွံးခဲ႔တာကလည္း ခရစၥတယ္ပဲေလ့စ္နဲဲ႔ ဘန္ေလတုိ႔ျဖစ္ေနတာေၾကာင့္ ပုိၿပီးစိတ္ပ်က္စရာ ျဖစ္ေစခဲ႔ရပါတယ္။ ယူႏုိက္တက္အသင္းဟာ ဒီရာသီမွာလည္း ရွံးပြဲ၈ပြဲထိ ႀကံဳေတြ႕ထားခဲ႔ရၿပီး အာဆင္နယ္ လီဗာပူးလ္တုိ႔ကုိ ရွံးခဲ႔တာကလြဲရင္ က်န္တဲ႔ရွံးပြဲေတြက ဘန္ေလ ဝက္ဖုိဒ့္ ဝက္စ္ဟမ္း နယူးကာဆဲလ္ ဘုန္းေမာက္ ခရစၥတယ္ပဲေလ့စ္တုိ႔လုိ အသင္းေတြနဲ႔ ေတြ႕ဆုံစဥ္မွာ ရွံးခဲ႔ရတာပဲျဖစ္ပါတယ္။

Photo Credit : Getty Images

အခုလုိ ယူနုိက္တက္အသင္းကုိ သူတုိ႔ရဲ႕အုိးထရက္ဖုိဒ့္ကြင္းႀကီးအတြင္းမွာ အႏုိင္ယူခဲ႔တာနဲ႔ပတ္သက္ၿပီး ဘန္ေလအတြက္ ဦးေဆာင္ဂုိးကုိ သြင္းယူေပးခဲ႔တဲ႔ ခရစ္ဝုဒ္က “အခုေတာ့ အုိးထရက္ဖုိဒ့္က ကြ်န္ေတာ္တုိ႔အတြက္ ၿခိမ္းေျခာက္ေနတဲ႔ ေနရာတစ္ခုလုိ႔ မျမင္မိေတာ့ပါဘူး။ လြန္ခဲ့တဲဲ႔ ၂ႏွစ္ေလာက္ကတည္းက ဒီေနရာကုိလာခဲ႔တယ္။ ဒီအသင္းကုိပဲ ကြ်န္ေတာ္တုိ႔က သြင္းဂုိးေတြ စတင္သြင္းယူခဲ႔တယ္။ ဒါေပမယ့္ ရလဒ္ကုိေတာ့ မထိန္းသိမ္းႏုိင္ခဲ႔ဘူး။ ဒီေန႔မွာေတာ့ အေကာင္းဆုံးစိတ္ဓါတ္ စြမ္းေဆာင္ရည္ေတြနဲ႔ ကြ်န္ေတာ္တုိ႔ တုိက္ပြဲဝင္ခဲ႔ရာကေန ႏုိင္ပြဲဲရခဲ႔တာပါ” လုိ႔ ထုတ္ေဖာ္ေျပာဆုိသြားခဲ႔ပါတယ္။ ဘန္ေလအသင္းဟာ လြန္ခဲ႔တဲ႔ ၂ႏွစ္ကေနစတင္ၿပီး အုိးထရက္ဖုိဒ့္မွာ ယူႏုိက္တက္အသင္းကုိ ရင္ဆုိင္ရခ်ိန္တုိင္းမွာ သြင္းဂုိး၂ဂုိး စတင္ဦးေဆာင္သြင္းယူႏုိင္ခဲ႔ၿပီး ဒီရာသီကလြဲၿပီး က်န္တဲ႔၂ႏွစ္အတြင္းမွာေတာ့ ယူႏုိက္တက္ဘက္ကေန ဂုိးျပန္သြင္းႏုိင္ခဲ႔ကာ သေရတစ္မွတ္ကုိ ယူေဆာင္ႏုိင္ခဲ႔ပါေသးတယ္။