စပါးအသင်းရဲ့ ကစားသမားဟောင်း ဂျေမီ အိုဟာရာကတော့ လက်ရှိရာသီမှာ ပရီးမီးယားလိဂ် ပြိုင်ပွဲကို မပြီးဆုံးဘူး ဆိုရင်တောင် နည်းပြ ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းကို ပရီးမီးယားလိဂ် ဆုဖလား ပေးသင့်တယ်လို့ talkSPORT သတင်းမှာ အခိုင်အမာ ပြောသွားခဲ့တာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ပြိုင်ပွဲဟာ ကိုရိုနာ ဗိုင်းရပ်ရောဂါကြောင့် ဧပြီလ (၄) ရက်နေ့အထိ ရပ်နားခဲ့ပြီး အိုဟာရာကတော့ ပရီးမီးယားလိဂ် ပြိုင်ပွဲကို ဧပြီလမှာ ပြန်မစနိုင်လောက်ဘူးလို့ ပြောသွားခဲ့ပါတယ်။

Photo Credit: talkSPORT

လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲစကတည်းက နှစ် (၃၀) အတွင်းမှာ ပရီးမီးယား လိဂ် ဆုဖလားကို တစ်ကြိမ်မှ မရခဲ့ဘဲ လက်ရှိရာသီမှာတော့ ပရီးမီးယားလိဂ် ဖလားကို ရရှိဖို့ နောက်ထပ် ရမှတ် (၆) မှတ်သာ လိုအပ်နေတာကြောင့် ရရှိနိုင်ဖို့ အလွန် နီးစပ်နေပါတယ်။ ပရီးမီးယားလိဂ် ရာသီကို ဖျက်သိမ်းမယ် ဆိုရင် လီဗာပူးလ်အသင်းကို ပရီးမီးယားလိဂ် ဖလားပေးသင့်တယ်လို့ ပြောဆိုတဲ့ သူတွေ အများကြီး ရှိပြီး အိုဟာရာကလည်း လီဗာပူးလ်အသင်းကို ပရီးမီးယားလိဂ် ဆုဖလား ပေးသင့်တယ်လို့ ပြောသွားခဲ့ပါတယ်။

Photo Credit: talkSPORT

talkSPORT မှာ ဂျေမီ အိုဟာရာက “တကယ်လို့ လီဗာပူးလ်အသင်းက ပရီးမီးယားလိဂ် ဖလားမရဘူး ဆိုရင် မမျှတဆုံး လုပ်ရပ် ဖြစ်မှာပါ။ လီဗာပူးလ်အသင်းအနေနဲ့ ပရီးမီးယားလိဂ် ဖလား ရသင့်ပါတယ်။ ဒါပေမဲ့ လူတိုင်းကတော့ အခု အခြအနေကို နှိုင်းယှဉ်မှု ပြုလုပ်ကြပါလိမ့်မယ်။ ဘာလို့လဲဆိုရင် လက်ရှိရာသီကို ဆက်မကစားဖွယ်ရှိလို့ပါပဲ။ လက်ရှိရာသီ မပြီးနိုင်ဖွယ်ရှိလို့ပါ။ ကျွန်တော်တို့ လက်ရှိရာသီမှာ ဘောလုံး ပြိုင်ပွဲကို ကစားသွားဖွယ် မရှိပါဘူး။ ကျွန်တော်တို့က လက်ရှိရာသီမှာ ပွဲစဉ်တွေ ကစားဖွယ် မရှိပါဘူး။ ကျွန်တော်တို့ ဗိုင်းရပ်ကို ထိပ်ဆုံးမှာ ထားပြီး လေးနက်စွာ ဖြေရှင်းဖို့ လိုပါတယ်။ ဧပြီလမှာ ပြန်ကစားမယ် ဆိုတာ မဖြစ်နိုင်လောက်ပါဘူး”လို့ ပြောသွားပါတယ်။