ကိုရိုနာဗိုင်းရပ်စ်ပြသာနာကြောင့် ဘောလုံးပွဲတွေကို (၂)လနီးပါးလောက် ရပ်နားထားခဲ့ရာကနေ အခုဆိုရင်တော့ ဘောလုံးပွဲတွေကို ပြန်လည်စတင်တော့မှာဖြစ်သလို ဂျာမန်ဘွန်ဒစ်လီဂါဆိုရင်လည်း ခပ်စောစော ပြန်လည်စတင်ခဲ့ရာ အခုဆိုရင် ပွဲစဉ်(၃၀)အထိတောင် ရောက်ရှိနေပြီဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ဘောလုံးပရိသတ်တွေ အနှစ်သက်ဆုံး လိဂ်တစ်ခုဖြစ်တဲ့ ပရီးမီးယားလိဂ်ဟာဆိုရင်လည်း လာမယ့်ဇွန်(၁၇)ရက်နေ့မှာပဲ ပွဲစဉ်တွေကို ပြန်လည်စတင်တော့မှာဖြစ်တဲ့အတွက် ဘောလုံးပရိသတ်တွေ ရင်ခုန်စိတ်လှုပ်ရှားနေကြမှာတော့ သေချာပါတယ်။

Photo Credit : Sky Sport

ဘွန်ဒစ်လီဂါကတော့ ပြိုင်ပွဲပြန်လည်မစတင်ခင်မှာပဲ ကလပ်အသင်းတွေ ပိုမိုအဆင်ပြေစေနိုင်ဖို့အတွက် ပြိုင်ပွဲတွေအတွင်း လူစားလဲလှယ်ခွင့်ကို (၃)ယောက်ကနေ (၅)ယောက်အထိ တိုးမြှင့်ပေးခဲ့သလို မကြာခင် ပြန်လည်စတင်တော့မယ့် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း ကစားသမားလဲလှယ်မှုကို (၅)ဦးအထိ ခွင့်ပြုပေးသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။ အဓိကအားဖြင့် လက်ကျန်ပွဲတွေကို ရက်အနည်းငယ်လေးအတွင်း စုပေါင်းကျင်းပတဲ့အခါမှာ ကစားသမားတွေ ဒဏ်ရာအနာတရမရအောင်နဲ့ ကြံခိုင်မှုပိုင်း အားမနည်းနေနိုင်အောင်အတွက် စီစဉ်ပေးထားခဲ့ပါတယ်။ အခုလို လူစားလဲလှယ်ခွင့်တွေ ထပ်တိုးပေးခဲ့သလို အရန်ကစားသမားစာရင်းကိုလည်း (၉)ယောက်အထိ တိုးမြုင့်ပေးထားခဲ့ပါသေးတယ်။

Photo Credit : BBC

ပရီးမီးယားလိဂ်ပြိုင်ပွဲကို လာမယ့်(၁၇)ရက်နေ့မှာ စတင်မှာဖြစ်ကာ စတင်မယ့်နေ့မှာတော့ ပွဲစဉ်(၂၈) အက်စတွန်ဗီလာနဲ့ ရှက်ဖီးယူနိုက်တက်ပွဲ မန်စီးတီးနဲ့ အာဆင်နယ်ပွဲ ပွဲကျန်(၂)ပွဲကို တပြိုင်နက်တည်း ကျင်းပမှာဖြစ်ပြီး ပွဲစဉ်(၃၀)ရဲ့ ပွဲပေါင်း(၁၀)ပွဲကိုတော့ လာမယ့်(၂၀)ရက်နေ့ ည(၈)နာရီခွဲအချိန်မှာ တပြိုင်နက်တည်း ကျင်းပမှာဖြစ်ပါတယ်။ ပွဲစဉ်(၃၀)ရဲ့ ပွဲစဉ်တွေကတော့

အက်စတွန်ဗီလာ နဲ့ ချယ်လ်ဆီး

ဘုန်းမောက် နဲ့ ခရစ္စတယ်ပဲလေ့စ်

ဘရိုက်တန် နဲ့ အာဆင်နယ်

အဲဗာတန် နဲ့ လီဗာပူးလ်

မန်စီးတီး နဲ့ ဘန်လေ

နယူးကာဆဲလ် နဲ့ ရှက်ဖီး

နော်ဝစ်ချ် နဲ့ ဆောက်သမ်တန်

စပါး နဲ့ မန်ချက်စတာယူနိုက်တက်

ဝက်ဖိုဒ့် နဲ့ လက်စတာ

ဝက်စ်ဟမ်း နဲ့ ဝုလ်ဗ်