ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲကို ဂျာမနီ အစိုးရက ယခုလ၊ မေလ၊ အလယ်မှာ ပြန်လည် စတင်ကြဖို့ ခွင့်ပြုပေးလိုက်ပြီ ဖြစ်တဲ့ အတွက် ဘွန်ဒက်စ်လီဂါ အသင်းတွေ အားလုံးအနေနဲ့ မနက်ဖြန်မှာ လိဂ်ပြိုင်ပွဲ ပြန်စဖို့အတွက် အသေးစိတ် ဆွေးနွေးသွားကြတော့မှာ ဖြစ်ပါတယ်။ ဂျာမနီနိုင်ငံက တရားရေးရာ ဝန်ကြီးချုပ် အန်ဂျယ်လာ မာကယ်လ် (Angela Merkel) ဟာ နိုင်ငံ ဝန်ကြီးတွေနဲ့ ဗီဒီယို အစည်းအဝေး ပြုလုပ်ခဲ့ပြီး အစည်းအဝေးမှာ ဂျာမနီ ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲကို ယခုလ မတ်လ အလယ်မှာ ကွင်းပိတ် ကစားကြဖို့ ခွင့်ပြုပေးလိုက်တာ ဖြစ်ပါတယ်။

Photo Credit: Skysport

ဂျာမနီနိုင်ငံ အခြေစိုက် Bild သတင်းက ဂျာမနီ အစိုးရက ဘွန်ဒက်စ်လီဂါ အဖွဲ့အစည်းကို ဘယ်အချိန်မှာ ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲ ပြန်စမလဲ ဆိုတာ ရွေးချယ်ရမယ်လို့ တာဝန်ပေးသွားခဲ့ပြီး အစောဆုံးအနေနဲ့ ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲကို မတ်လ (၁၅) ရက်နေ့မှာ ပြန်စနိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။ ဂျာမနီအစိုးရဟာ ယနေ့ ဗုဒ္စဟူးနေ့မှာ ပြည်တွင်းလိဂ် ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲ ပြန်စတင်နိုင်ပြီလို့ တရားဝင် ဆုံးဖြတ်ချက်ချခဲ့ပြီး လက်ရှိမှာတော့ ဘွန်ဒက်စ်လီဂါ အဖွဲ့အစည်းအနေနဲ့ လာမယ့် မတ်လ (၁၅) ရက်နေ့ ဒါမှမဟုတ် (၂၂) ရက်နေ့၊ ဘယ်နေ့ ပြန်စမလဲကို ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။

Photo Credit: Skysport

ဂျာမနီနိုင်ငံရဲ့ တရားရေးရာ ဝန်ကြီးချုပ် မာကယ်လ်ဟာ ဒီကနေ့၊ ဗုဒ္စဟူးနေ့၊ ဂျာမနီနိုင်ငံ စံတော်ချိန်၊ မနက် (၁၀) မှာ ဂျာမနီနိုင်ငံရဲ့ ဝန်ကြီး (၁၆) ဦးကို ဗီဒီယို အစည်းအဝေး ခေါ်ခဲ့ပြီး အစည်းအဝေးမှာ ဂျာမနီနိုင်ငံရဲ့ ကိုရိုနာ ဗိုင်းရပ် ရောဂါ အရေးကို ဆွေးနွေးသွားခဲ့ကြတာ ဖြစ်ပါတယ်။ ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲဟာ ပြိုင်ပွဲ (၂၅) ပွဲ ကစားပြီးတဲ့နောက် ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် ပြီးခဲ့တဲ့ မတ်လမှာ ပြိုင်ပွဲကို ရပ်နားခဲ့ရပြီး ပြိုင်ပွဲ ရပ်နားခဲ့တဲ့ အချိန်မှာ ဘိုယ်ယန်အသင်းက အဆင့် (၂) နေရာက ဒေါ့မွန်အသင်းကို (၄) မှတ် ဖြတ်ပြီး ထိပ်ဆုံးက ဦးဆောင်ထားပါတယ်။ ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲကို ပြန်စတင်တဲ့ အချိန်မှာ ပရိသတ် မပါဘဲ ကွင်းပိတ် ကစားသွားရမှာ ဖြစ်ပြီး ဥရောပ တစ်ခွင်မှာ လိဂ် ပြိုင်ပွဲ ပြန်စတဲ့ ပထမဆုံး လိဂ် ပြိုင်ပွဲ ဖြစ်သွားနိုင်ပါတယ်။