MySport Myanmar

အင်တာက ဒီရာသီ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲသွားနိုင်တယ်လို့ ဂျရတ် ခန့်မှန်း

အင်တာမီလန်အသင်းဟာ ဒီရာသီ ချန်ပီယံလိဂ် ဖိုင်နယ်မှာ မန်စီးတီး ဒါမှမဟုတ် ရီးယဲလ်မက်ဒရစ် ဘယ်အသင်းပဲ တက်လာတက်လာ အနိုင်ယူ ဗိုလ်စွဲနိုင်ဖို့ လုံလောက်တဲ့ အင်အားမျိုး ရှိနေတယ်လို့ လီဗာပူးလ်နဲ့ အင်္ဂလန် ကစားသမားဟောင်းကြီး စတီဗင်ဂျရတ်က မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Daily Mail

ဆီမြွန်နီအင်ဇာဂီရဲ့ အင်တာမီလန်အသင်းဟာ ဆီမီးဖိုင်နယ်အဆင့်မှာ မီလန်မြို့ခံအသင်းကို နှစ်ကျော့ပေါင်းရလဒ် (3-0) နဲ့ အပြတ်အသတ် အနိုင်ယူပြီး ချန်ပီယံလိဂ် ဖိုင်နယ်ဆီ (၁၃)နှစ်အကြာမှ ပထမဆုံးအကြိမ်အဖြစ် တက်လှမ်းနိုင်ခဲ့ရပါတယ်။ တူရကီနိုင်ငံမှာ အစ္စတန်ဘူလ်မြို့မှာ ကျင်းပမယ့် ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဖိုင်နယ်ဆီ တက်လှမ်းထားနိုင်တဲ့ အင်တာက ဒီနေ့ညမှာ ယှဉ်ပြိုင်မယ့် မန်စီးတီး နဲ့ ရီးယဲလ်အသင်းတို့ကနေ အနိုင်ရလာမယ့် အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး စီးတီး (သို့) ရီးယဲလ်တို့ထဲက တစ်သင်းသင်းသာ ဗိုလ်စွဲဖို့ အပြတ်သတ် ရေပန်းစားနေခဲ့ပါတယ်

Photo Credit : Daily Mail

အင်တာဟာ underdog အသင်းအဖြစ် သတ်မှတ်ထားခြင်း ခံနေရပေမယ့်လည်း ချန်ပီယံလိဂ် ဖိုင်နယ်မှာ တစ်ခုခု လုပ်ပြနိုင်လိမ့်မယ်လို့ ခံစားနေမိကြောင်း ဂျရတ်က ပြောဆိုလာပါတယ်။ “သူတို့တွေ(အင်တာမီလန်) အနိုင်ရသွားမယ်လို့ ခံစားမိပါတယ်။ သူတို့ဟာ ချန်ပီယံလိဂ်မှာ အခွင့်အရေး ရရှိထားပြီး အဲ့ဒီအခွင့်အရေးကလည်း သူတို့ ထိုက်တန်ပါတယ်။ သူတို့က စုစုစည်းစည်းနဲ့ ပရော်ဖယ်ရှင်နယ်လည်း ဆန်တယ်။ သူတို့ကို အနိုင်ယူဖို့ ခက်ခဲတယ်။ သူတို့ရဲ့ ခံစစ်ကလည်း အရမ်း ကျစ်လစ်လွန်းသလို သူတို့ရဲ့တိုက်စစ် ဧရိယာတွေထဲအထိ ခြိမ်းခြောက်မှုတွေကို သယ်ဆောင်လာကြပါတယ်။ ဖိုင်နယ်မှာ ဘယ်အသင်းနဲ့ သူတို့ ရင်ဆိုင်ရပါစေ သူတို့က အကောင်းဆုံး စိတ်ဓါတ်နဲ့ ရင်ဆိုင်သွားလိမ့်မယ်” လို့ ဂျရတ်က သုံးသပ်သွားခဲ့ပါတယ်။

Photo Credit : Daily Mail

အင်တာမီလန်က ဒီရာသီ ချန်ပီယံလိဂ်မှာ အုပ်စုကျပ်ထဲကနေ အုပ်စု ဒုတိယနေရာနဲ့ နောက်တစ်ဆင့် တက်လှမ်းခဲ့တာဖြစ်ပြီး (၁၆)သင်းအဆင့်မှာ ပေါ်တို ကွာတားအဆင့်မှာ ဘင်ဖီကာ နဲ့ ဆီမီးအဆင့်မှာ အေစီမီလန်အသင်းတို့ကို ကျော်ဖြတ်လာခဲ့ကာ ဖိုင်နယ်ကို တတ်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ အင်တာမီလန်က လွန်ခဲ့တဲ့ ၂၀၀၉-၂၀၁၀ ဘောလုံးရာသီမှာပဲ ချန်ပီယံလိဂ်တွင် ဗိုလ်စွဲနိုင်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ ချန်ပီယံလိဂ်ဖလားကို (၃)ကြိမ် ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

Exit mobile version