ဘွန်ဒက်လီဂါပြိုင်ပွဲရဲ့ အင်အားကြီး အသင်း တစ်သင်းဖြစ်တဲ့ ဒေါ့မွန်အသင်းရဲ့ အင်္ဂလန် လူငယ်တောင်ပံ ကစားသမား ဂျေဒန်ဆန်ချိုကို ခေါ်ယူဖို့အတွက် ပရီးမီးယားရဲ့ အသင်းကြီးတွေ ဖြစ်တဲ့ မန်ယူအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ဟာ အပြိုင်အဆိုင် ဖြစ်နေကြတာကို အားလုံးလဲ သိကြမှာပါ။ အသက်၂၀အရွယ် ဆန်ချိုဟာ လက်ရှိ ဘွန်ဒက်လီဂါဘောလုံးပြိုင်ပွဲမှာ ၂၃ပွ​ဲ ပါဝင်ကစားထားရာမှာ ၁၄ဂိုးသွင်းယူထားပြီး ၁၅ဂိုး ဖန်တီးပေးထားနိုင်ခဲ့သူ ဖြစ်ကာ အင်္ဂလန် အသင်းအတွက် အနာဂတ်မှာ အားကိုးရမယ့် ကစားသမားအဖြစ် ဘောလုံးကျွမ်းကျင်သူတွေရဲ့ ရှုမြင်ခြင်းကို ခံထားရပြီး လတ်တလောမှာ တော့ မန်ယူအသင်းဟာ ဆန်ချိုကို ခေါ်ယူဖို့ အတွက် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိခဲ့ပြီ ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

Photo Credit: Standard.com

ဒါပေမယ့် ယနေ့မနက်ပိုင်းမှာ ထွက်ပေါ်လာတဲ့ သတင်းတွေအရတော့ ချယ်လ်ဆီးအသင်း ဟာ ဆန်ချိုကို ခေါ်ယူဖို့အတွက် လက်မလျော့ သေးဘူးလို့ သိရပြီး အသင်းမှာ ရှိရင်းစွဲ ကစားသမားတွေဖြစ်တဲ့ အိုဒွိုင်း ၊ အေဗရာဟမ်စတ​ဲ့ ကစားသမားတွေနဲ့ ဆန်ချိုနဲ့ ကြားမှာ ရင်းနှီးတဲ့ ဆက်ဆံရေးတွေ ရှိတာကြောင့် အဆိုပါ ကစားသမားတွေကို အသုံးချပြီး ဆန်ချိုကို ခေါ်ယူသွားမယ်လို့ သိရပါတယ်။ အဆိုပါ သတင်းတွေ ထွက်ပေါ်လာအပြီးမှာပဲ ချယ်လ်ဆီးအသင်းရဲ့ လူငယ်တောင်ပံ ကစားသမားဖြစ်တဲ့ အိုဒွိုင်းက ဆန်ချိုကို သူကစားနေတဲ့ ချယ်လ်ဆီးအသင်းမှာ လာကစားဖို့အတွက် တရားဝင် ဖိတ်ခေါ်စကား ဆိုလာခဲ့ပါတယ်။

Photo Credit: Standard.com

ဆန်ချိုကို ချယ်လ်ဆီးအသင်းထံ ပြောင်းရွှေ့လာဖို့ အိုဒွိုင်းက ” ကျွန်တော်နဲ့ ဆန်ချိုတို့ကြား မှာ အရမ်းကောင်းတဲ့ ဆက်ဆံရေးတွေ ရှိနေပါတယ်။ ကျွန်တော်တို့ဟာ ကွင်းထဲမှာ အတူ တွဲကစားတဲ့ အခါတွေမှာလည်း ဘယ်သူက ဘယ်နားမှာ ရှိနေမလဲဆိုတာကို တန်းပြီးတော့ သိပါတယ်။ ပြီးတော့ ကျွန်တော်တို့တွေဟာ အတူ တွဲကစားရတာကိုလည်း နှစ်သက်ကြပါတယ်။ သူ ဒီနေရာ(ချယ်လ်ဆီး)ကို ပြောင်းလာမလားဆိုတာ ကျွန်တော် မသိပါဘူး။ ဒါပေမယ့် သူ ချယ်လ်ဆီးအသင်းမှာ ကစားတာကို မြင်ချင် မိပါတယ်။ ကျွန်တော်နဲ့ ဆန်ချိုရဲ့ကြားမှာ အရမ်းကို ကောင်းတဲ့ နားလည်မှုတွေလည်း ရှိပါတယ်။ ဒီတော့ သူသာ ဒီနေရာကို ပြောင်းလာတဲ့အခါ ကျွန်တော်တို့ရဲ့ နားလည်မှုတွေက အရင် လို ရှိနေဦးမှာပါပဲ ” လို့ တိုက်တွန်းပြောဆို သွားခဲ့ပါတယ်။