နိုင်ဂျီရီးယားလက်ရွေးစင် တိုက်စစ်ကစားသမား အိုဒီယွန်အီဂါလိုဟာ ပြီးခဲ့တဲ့ ဆောင်းရာသီအပြောင်းစျေးကွက်တုန်းကပဲ ရှန်ဟိုင်းရှန်ဟွာအသင်းကနေ မန်ချက်စတာယူနိုက်တက်အသင်းဆီကို ရာသီကုန်အငှားစာချုပ်နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး သူငယ်ငယ်ကတည်းက နှစ်သက်စွဲလန်းရတဲ့ အသင်းဖြစ်တဲ့ ယူနိုက်တက်အသင်းမှာ ပါဝင်ကစားရဖို့အတွက် ရှန်ဟိုင်းရှင်ဟွာ သူရရှိခဲ့တဲ့ လစာပေါင်(၃)သိန်း ပမာဏကိုမှ (၄၀)%ထိ လျှော့ယူခဲ့ကာ အသင်းဆီကို ရောက်ရှိလာခဲ့ရတာဖြစ်ပါတယ်။

သူငယ်ငယ်ကတည်းက အားပေးခဲ့ရတဲ့ ယူနိုက်တက်အသင်းဆီမှာ ပါဝင်ကစားရဖို့အတွက် လက်ရှိရရှိနေတဲ့ လစာပမာဏကိုတောင် လျှော့ယူခဲ့တဲ့ အီဂါလိုကို ယူနိုက်တက်အသင်းဘက်ကတော့ အပိုဆုကြေးတွေအဖြစ်တော့ မြောက်များစွာပေးထားခဲ့ပြီး သွင်းဂိုး(၁)ဂိုးသွင်းယူနိုင်ရင် အပိုဆုကြေးအဖြစ် ပေါင်(၈)ထောင်အထိကို ချီးမြှင့်တယ်လို့ သိရှိရပါတယ်။ အသက်(၃၀)အရွှယ်ရှိ တိုက်စစ်ကစားသမား ယူနိုက်တက်အသင်းအတွက် ပါဝင်ခွင့်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲတိုင်းမှာ အနိုင်ရလဒ်ယူနိုင်ခဲ့မယ်ဆိုရင် ပေါင်(၉)ထောင်အထိ အပိုဆုကြေးရသလို သရေကျမယ်ဆိုရင် ပေါင်(၃)ထောင် ပိုင်ဆိုင်ခဲ့သူလည်းဖြစ်ပါတယ်။

အီဂါလိုဟာ လက်ရှိမှာ ယူနိုက်တက်အသင်းအတွက် ပရီးမီးယားလိဂ် ယူရိုပါလိဂ်နဲ့ အက်အေဖလား ပြိုင်ပွဲစုံမှာ (၈)ပွဲအထိ ပါဝင်ထားနိုင်ခဲ့ပြီး (၄)ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။ ဒါကြောင့် လက်ရှိမှာဆိုရင် အီဂါလိုဟာ အပိုဆုကြေးချည်းပဲကို စတာလင်ပေါင်(၃၂၀၀၀)အထိ ပိုင်ဆိုင်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ အီဂါလိုဟာ လက်ရှိမှာ ယူနိုက်တက်ကစားသမားတစ်ယောက်အဖြစ် ရပ်တည်နေရခြင်းအပေါ် ဝမ်းသာလျက်ရှိနေသလို သူရဲ့အသင်းအပေါ် အကောင်းဆုံးကြိုးစားအားထုတ်ပေးမှုတွေကြောင့် ယူနိုက်တက်ဘက်ကနေလည်း အပြီးသတ်ခေါ်ယူဖို့ ဆန္ဒရှိလို့နေပါတယ်။ အီဂါလိုရဲ့လက်ရှိအသင်းဖြစ်တဲ့ သူတို့ကစားသမားကို ပေါင်(၁၅)သန်းဝန်းကျင်လောက်နဲ့ ယူနိုက်တက်ဘက်ကနေ တရားဝင်ကမ်းလှမ်းလာခဲ့မယ်ဆိုရင်တော့ ရောင်းချသွားဖွယ်ရှိနေပြီး အီဂါလိုကိုယ်တိုင်က ယူနိုက်တက်မှာ ဆက်လက်ရှိနေနိုင်ဖို့အတွက် လစာပိုင်းတွေကို လျှော့ယူဖို့ စီစဉ်လျက်ရှိနေပါတယ်။