မန်ချက်စတာယူနိုက်တက်အသင်းကတော့ မနေ့က ညနေပိုင်းလောက်မှာပဲ သူတို့အသင်းရဲ့ ကာလရှည်ပစ်မှတ်ဖြစ်သူ ဘရူနိုဖာနန်ဒက်ဇ်ကို စပို့တင်းလစ္စဘွန်းအသင်းကနေ ခေါ်ယူဖို့အတွက် သဘောတူညီမှု ရယူနိုင်ခဲ့ပြီး ယူနိုက်တက်ရဲ့ဝက်ဆိုဒ်ကနေပါ တရားဝင်ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒါပေမယ့် အသင်းမှာက တိုက်စစ်ပြသာနာကိုလည်း ရင်ဆိုင်နေရတဲဲ့ အခြေအနေတွေ ရှိနေသေးတာကြောင့် ဆောင်းရာသီစျေးကွက်မပိတ်သိမ်းခင်မှာ ဝက်ဖိုဒ့်အသင်းရဲ့ တိုက်စစ်ကစားသမားဟောင်းဖြစ်သူ အိုဒီယွန်အီဂါလိုကို တရုတ်စူပါလိဂ်ကလပ် ရှန်ဟိုင်းရှင်ဟွာအသင်းကနေ အငှားနဲ့ ခေါ်ယူဖွယ်ရှိနေပါတယ်။
Photo Credit : Getty Images
ယူနိုက်တက်အသင်းဟာ ဒီရာသီ အသင်းရဲ့ဂိုးသွင်းအများဆုံးသော တိုက်စစ်ကစားသမားဖြစ်သူ မားကပ်ရပ်ဖိုဒ့်ကို ကျောဒဏ်ရာကြောင့်  အနားပေးခဲ့ရတဲ့နောက်ပိုင်းမှာ ယူနိုက်တက်ရဲ့တိုက်စစ်က စွမ်းဆောင်ရည်တွေကျဆင်းလာခဲ့ပြီး မာစီယဲလ်ကလည်း အားကိုးရလောက်တဲ့ အနေအထားမှာ ရှိမနေတာကြောင့် စျေးကွက်မပိတ်သိမ်းခင် ရက်ပိုင်းအလိုမှာ တိုက်စစ်ကို အားဖြည့်တဲ့အနေနဲဲ့ ပရီးမီးယားလိဂ်မှာ ကျင်လည်ခဲ့ဖူးတဲ့ အသက်၃၀အရွှယ် နိုင်ဂျီးရီးယားတိုက်စစ်ကစားသမား အီဂါလိုကို ရာသီကုန်အငှားစာချုပ်နဲဲ့ ခေါ်ယူသွားဖို့ ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။
Photo Credit : Getty Images
အီဂါလိုကတော့ ၂၀၁၇ခုနှစ်ကမှ ဝက်ဖိုဒ့်ကနေ ချန်ချွန်ယက်တိုင်းအသင်းဆီကို ပေါင်သန်း၂၀နဲဲ့ ရောက်ရှိလာခဲ့ပြီး ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တာကြောင့် ရှန်ဟိုင်းရှင်ဟွာအသင်းဆီ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ တရုတ်စူပါလိဂ်မှာ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တယ်ဆိုပေမယ့်လည်း လက်ရှိတရုတ်နိုင်ငံမှာက ကိုရိုနာအဆုတ်ရောင်ဗိုင်းရပ်စ် ပြန့်ပွားနေမှုကြောင့် ဘောလုံးပွဲတွေကိုလည်း ကွင်းပိတ်ကျင်းပရတာတို့ ရက်ရွှေ့ဆိုင်းရတာတွေ လုပ်ဆောင်နေရကြောင့် အီဂါလိုအနေနဲ့ ယူနိုက်တက်ရဲ့ကမ်းလှမ်းချက်ကို လက်ခံသွားနိုင်တဲ့ အနေအထားမျိုးတောင် ဖြစ်နေပါတယ်။ အီဂါလိုကို မနှစ်က ဘောလုံးရာသီ ဒီလိုကာလမျိုးမှာလည်း ဘာစီလိုနာအသင်းကနေ အငှားစာချုပ်နဲ့ ကမ်းလှမ်းခဲ့သေးကြောင်း ကစားသမားကိုယ်တိုင် ထုတ်ဖော်ပြောဆိုခဲ့ပြီး အရန်တိုက်စစ်မှူးအဖြစ်သာ ကစားရမှာဖြစ်လို့ ကမ်းလှမ်းချက်ကိုလည်း ငြင်းဆန်ခဲ့ပါသေးတယ်။
(Zawgyi)
ဈေးကွက်မပိတ်ခင်မှာ ဝက်ဖိုဒ့်တိုက်စစ်မှူးကို အငှားခေါ်ယူသွားဖို့ စိတ်ဝင်စားနေတဲ့ ဆိုးလ်ရှား
ယူနိုက်တက်အသင်းဟာ ဒီရာသီ အသင်းရဲ့ဂိုးသွင်းအများဆုံးသော တိုက်စစ်ကစားသမားဖြစ်သူ မားကပ်ရပ်ဖိုဒ့်ကို ကျောဒဏ်ရာကြောင့်  အနားပေးခဲ့ရတဲ့နောက်ပိုင်းမှာ ယူနိုက်တက်ရဲ့တိုက်စစ်က စွမ်းဆောင်ရည်တွေကျဆင်းလာခဲ့ပြီး မာစီယဲလ်ကလည်း အားကိုးရလောက်တဲ့ အနေအထားမှာ ရှိမနေတာကြောင့် ဈေးကွက်မပိတ်သိမ်းခင် ရက်ပိုင်းအလိုမှာ တိုက်စစ်ကို အားဖြည့်တဲ့အနေနဲ့ ပရီးမီးယားလိဂ်မှာ ကျင်လည်ခဲ့ဖူးတဲ့ အသက်၃၀အရွှယ် နိုင်ဂျီးရီးယားတိုက်စစ်ကစားသမား အီဂါလိုကို ရာသီကုန်အငှားစာချုပ်နဲ့ ခေါ်ယူသွားဖို့ ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။