ပြီးခဲ့တဲ့လကမှ ပရီးမီးယားလိဂ်ကလပ် ဝုဗ်အသင်းနဲ့ နှစ်ဦးသဘောတူ လမ်းခွဲထားတဲ့ ပေါ်တူဂီလူမျိုး နည်းပြ နူနိုဆန်းတို့စ်ဟာ နည်းပြသစ် ရှာပုံတော် ဖွင့်နေတဲ့ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးအသင်းရဲ့ နည်းပြသစ် ဖြစ်လာဖို့ အတွက် နီးစပ်နေကြောင်း ဗြိတိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြလာပါတယ်။ စပါးအသင်းဟာ အသင်းရဲ့ စူပါလိဂ်ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်မယ့် ဆုံးဖြတ်ချက်ကို ကန့်ကွက်ခဲ့တဲ့ နည်းပြ မော်ရင်ဟိုကို ရာထူးကနေ ရုတ်တရတ် ထုတ်ပယ်ပြီးနောက် အသင်းရဲ့ လူငယ်အသင်း နည်းပြ မေဆန်ကို ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့ပေမယ့် အဆင်မပြေတာကြောင့် အမြဲတမ်း နည်းပြသစ်ကို ရှာဖွေနေတဲ့ အသင်းလည်း ဖြစ်ပါတယ်။

Photo Credit: Mirror

စပါးအသင်းဟာ မော်ရင်ဟိုကို ထုတ်ပယ်ပြီးနောက် ရိုးမားအသင်းရဲ့ နည်းပြဟောင်း ဖွန်ဆီကာ ၊ နာပိုလီ နည်းပြဟောင်း ဂတ်တူဆိုတို့ကို နည်းပြသစ် အဖြစ် ခန့်အပ်နိုင်ဖို့ ကြိုးစားခဲ့ပေမယ့် လစာကိစ္စတွေကြောင့် ဆွေးနွေးမှုတွေ ပျက်ပြယ်ခဲ့ရပြီးနောက် ဝုဗ်အသင်းရဲ့ နည်းပြဟောင်း ဆန်းတို့စ်ကို ခေါ်ယူဖို့ ကြိုးစားလာတာပါ။ နူနို ဆန်းတို့စ်ဟာ သူ့ရဲ့ နည်းပြဘဝမှာ ဆုဖလားအောင်မြင်မှု များစွာ ရရှိထားခြင်း မရှိပေမယ့် ဝုဗ်အသင်းကို ချန်ပီယံရှစ်အသင်းအဆင့် ကနေ ပရီးမီးယားလိဂ်ရဲ့ ဖျက်မြင်းအသင်း ဖြစ်လာအောင် ပျိုးထောင်ပေးနိုင်ခဲ့တဲ့ သူ့ရဲ့ အရည်အချင်းဟာ စပါးအသင်းရဲ့ ဥက္ကဌ လီဗိုင်းကို မျက်စိကျစေကြောင်း စပါးအသင်းနဲ့ နီးစပ်သူတွေက ဆိုကြပါတယ်။

Photo Credit: Mirror

လက်ရှိမှာတော့ စပါးအသင်းဟာ နူနို ဆန်းတို့စ်ကို အသင်းရဲ့ နည်းပြသစ် အဖြစ် ခန့်အပ်နိုင်ဖို့ ဆွေးနွေးမှုတွေ စတင်နေပြီး နူနို ဆန်းတို့စ်ကလည်း ခရစ္စတယ်ပဲလေ့စ် ၊ အဲဗာတန် စတဲ့ အသင်းတွေရဲ့ ကမ်းလှမ်းမှုတွေကို ရရှိထားပေမယ့် စပါးအသင်းကို ကိုင်တွယ်ဖို့ စိတ်ဝင်စားနေကြောင်း ပေါ်တူဂီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြလာပါတယ်။ နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Goal ဌာနရဲ့ ဖော်ပြချက်အရ နူနို ဆန်းတို့စ်ဟာ စပါးအသင်းရဲ့ နည်းပြရာထူးကို လက်ခံဖို့ အတွက် ခရစ္စတယ်ပဲလေ့စ် ၊ အဲဗာတန် စတဲ့ အသင်းတွေရဲ့ ကမ်းလှမ်းမှုတွေကို ငြင်းဆန်ဖို့ ရှိသလို စပါးအသင်းကလည်း နူနိုဆန်းတို့စ်ကို ၃နှစ် သက်တမ်း ရှိတဲ့ စာချုပ်နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်ထားကြောင်း သိရပါတယ်။