၂၀၂၂ခုနှစ်ရဲ့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or ဆုပေးပွဲကြီးကိုတော့ မနေ့ညကပဲ ပြင်သစ်နိုင်ငံမှာ ကျင်းပခဲ့ရာ အားလုံး ထင်မှတ်ထားကြတဲ့အတိုင်း ရီးယဲလ်တိုက်စစ်မှူးကြီး ဘန်ဇီမာက Ballon d’Or ဆုရှင် ဖြစ်လာခဲ့ပေမယ့် တချို့ဆုတွေမှာတော့ ပရိသတ်တွေရဲ့ စိတ်တိုင်းမကျမှုတွေနဲ့ ကြုံတွေ့ခဲ့ရသလို ပြီးခဲ့တဲ့ရာသီက အကောင်းဆုံး စွမ်းဆောင်ခဲ့သလောက် အဲ့ဒီစွမ်းဆောင်မှုအပေါ် အသိအမှတ် မပြုခံရတဲ့ ကစားသမားတွေလည်း ရှိနေရပါတယ်။ သူတို့ထဲကမှ ဒါဝင်နူနက်ဇ်နဲ့ ကန်ဆယ်လိုတို့ နှစ်ဦးကတော့ Ballon d’Or Winner ဆုအတွက် vote ပေးခံရခြင်း လုံးဝတောင် မရှိခဲ့ဘူးလို့ သိရပါတယ်။

Photo Credit : Sky Sports

လက်ရှိ လီဗာပူးလ်အသင်းမှာ ပါဝင်ကစားနေတဲ့ ဥရုဂွေး တိုက်စစ်မှူး ဒါဝင်နူနက်ဇ်က မနှစ်ကဘောလုံးရာသီအတွင်း ဘင်ဖီကာအသင်းမှာ အတော်လေးကို တောက်ပခဲ့တဲ့ တောင်အမေရိကကြယ်ပွင့် ဖြစ်ခဲ့ပါတယ်။ နူနက်ဇ်ဟာ ပြီးခဲ့တဲ့ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီမှာ ဘင်ဖီကာအသင်းအတွက် ပြိုငါပွဲစုံ (၄၁)ပွဲ ကစားခဲ့ပြီး (၃၄)ဂိုး သွင်းယူခဲ့သလို (၄)ဂိုးအထိ ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒီလို စွမ်းဆောင်ရည်ကောင်းတွေကြောင့်ပဲ လီဗာပူးလ်က ပြောင်းရွှေ့ကြေး ယူရို(၇၅)သန်း+အပိုဆုကြေး ယူရို(၂၅)သန်းနဲ့ ခေါ်ယူခဲ့ရတာ ဖြစ်ပေမယ့်လည်း Ballon d’Or Top 30 စာရင်းမှာသာ သူရဲ့performance ကြောင့် နံပါတ်(၂၅)နဲ့ ပါဝင်ခဲ့ရပြီး vote တစ်ခုမှတော့ မရခဲ့ဘူးလို့ သိရပါတယ်။

Photo Credit : Sports Illustrated

 

အလားတူပဲ top 30 lists ထဲမှာ အဆင့်(၂၅) ရရှိခဲ့သူ ကန်ဆယ်လိုမှာလည်း ပြီးခဲ့တဲ့ ဘောလုံးရာသီက မန်စီးတီးအသင်းမှာ အတော်လေးကို ခြေစွမ်းပြသနိုင်ခဲ့သူ ဖြစ်ပါတယ်။ မနှစ်က ဘောလုံးရာသီအတွင်းမှာ မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ ဂိုးဖန်တီးမှု (၁၀)ကြိမ်ထိ ပြုလုပ်ပေးနိုင်ခဲ့ပြီး right-back left-back ကို လိုသလို ကစားပေးနိုင်တဲ့အပြင် သွင်းဂိုးတချို့ကိုပါ သွင်းယူနိုင်ခဲ့တဲ့ ကန်ဆယ်လိုဟာ စီးတီးအတွက် တကယ့်ကို အရေးပါလှတဲ့ ကစားသမားတစ်ဦး ဖြစ်ခဲ့ရပါတယ်။ ဒါကြောင့်လည်း သူ့ကို အဆင့်(၂၅)နေရာမှာ နူနက်ဇ် ကင်မက်စ်ချ် မီနွန် ရူဒီဂါ အန်ကွန်ကူတို့ ပူးတွဲ သတ်မှတ်ခဲ့ပေမယ့် Ballon d’Or အတွက် မဲပေးရာမှာတော့ တစ်မဲမှကို မရရှိခဲ့ပါဘူး။