မန်ယူအသင်း ဂန္တဝင် နောက်ခံ ကစားသမားဟောင်း ဖာဒီနန်က လီဗာပူးလ်အသင်းဟာ လာမယ့် နှစ်များစွာကို စိုးမိုးတော့မှာ ဖြစ်ပြီး လီဗာပူးလ်အသင်းအတွက် ဆုဖလားတွေ ရောက်ရှိလာပါပြီလို့ ပြောကြားလိုက်ပါတယ်။ လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ နှစ်ကတည်းက ခြေစွမ်းတည်ငြိမ်လာပြီး ပြီးခဲ့တဲ့ ရာသီမှာ မန်စီးတီးအသင်းနဲ့ (၁) မှတ်အကွာ အဆင့် (၂) နေရာနဲ့ ရာသီကုန်ခဲ့ပေမဲ့လည်း လက်ရှိရာသီမှာ မန်စီးတီးအသင်းကို (၂၂) မှတ် ဖြတ်ပြီး အဆင့် (၁) နေရာကို စိုးမိုးထားပါတယ်။

Photo Credit: Liverpoolecho

မန်စီးတီးအသင်းဟာ လက်ရှိရာသီမှာသာ ပရီးမီးယားလိဂ် ဖလား ရရှိနိုင်မယ်ဆိုရင် (၃) နှစ်ဆက် ရရှိတော့မှာ ဖြစ်ပြီး (၂၀၀၉) ခုနှစ်က မန်ယူအသင်း (၃) နှစ်ဆက် ရရှိထားတဲ့ စံချိန်ကို မှီနိုင်မှာ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ နှစ်ပေါင်း (၃၀) ကျော်ကြာ စောင့်စားခဲ့ရတဲ့ ပရီးမီးယားလိဂ် ဖလားကို ရရှိဖို့ သေချာသလောက် ရှိနေပြီ ဖြစ်တာကြောင့် မန်ယူ နောက်ခံ ကစားသမားဟောင်း ဖာဒီနန်က လီဗာပူးလ်အသင်းအတွက် ဆုဖလားတွေ ရောက်ရှိလို့ လာပါပြီလို့ ပြောသွားပါတယ်။

Photo Credit: Liverpoolecho

ဖာဒီနန်က “လူတိုင်းအတွက် ကြောက်စရာ ဖြစ်လာတာက လီဗာပူးလ်အသင်းလို့ ကျွန်တော်တော့ ထင်ပါတယ်။ ဒီနေ့ပဲ ကြောက်စရာ ကောင်းတာ မဟုတ်ပါဘူး။ သူတို့က ကာလရှည်ကြောက်စရာ ကောင်းလာတော့မှာပါ။ သူတို့က ကာလရှည်အတွက် တည်ဆောက်ထားတဲ့ အသင်း ဖြစ်ပါတယ်။ ကလော့ပ်က ချက်ချင်း အောင်မြင်လာတာ မဟုတ်ဘဲ (၄) နှစ် ဒါမှမဟုတ် (၆) နှစ် ကြာခဲ့ပါတယ်။ အခု ဆုဖလားတွေက လီဗာပူးလ်အသင်းအတွက် ရောက်ရှိလို့ လာပါပြီ”လို့ ပြောသွားခဲ့ပါတယ်။