ပရီးမီးယားလိဂ် တန်းတတ် ကလပ်အသင်း တစ်သင်းဖြစ်တဲ့ နော်တင်ဟမ်ဖောရက်စ်အသင်းဟာ နှစ်ပေါင်းများစွာ အကြာမှ ပရီးမီးယားလိဂ်ကို ပြန်ရောက်လာခဲ့တဲ့ ဘောလုံးရာသီမှာပဲ ဈေးကွက်နှစ်ခုအတွင်း ကစားသမားသစ် ခေါ်ယူဖြည့်တင်းမှုတွေကို အယောက်(၃၀)အထိတောင် ပြုလုပ်ထားခဲ့တယ်လို့ သိရှိရပါတယ်။

Photo Credit : Marca

နော်တင်ဟမ်အသင်းဟာ မနေ့ညကပဲ ဝက်စ်ဟမ်းနဲ့ ဆွမ်ဆီးကစားသမားဟောင်းကြီး အန်ဒရေအယူးကို အလွတ်ပြောင်းရွေ့ကြေးနဲ့ ခေါ်ယူခဲ့ပြီးနောက်မှာ ဒီရာသီ သူတို့ရဲ့ ကစားသမားသစ် ခေါ်ယူမှု အရေအတွက်က အယောက်(၃၀)အထိကို ဖြစ်သွားခဲ့ရပါတယ်။ ကစားသမားသစ် အယောက်(၃၀)ထဲမှာ အငှားနဲ့ ခေါ်ယူမှုက (၄)ယောက် အလွတ်ပြောင်းရွေ့ကြေးနဲ့ ခေါ်ယူခဲ့တာက (၇)ယောက်ရှိပြီး ကျန်တဲ့ကစားသမားတွေကိုတော့ ပြောင်းရွေ့ကြေးတွေနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ နော်တင်ဟမ်အသင်း ခေါ်ယူခဲ့တဲ့ ကစားသမားထဲမှာ ဝုလ်ဗ် ကစားသမားဟောင်း မော်ဂန်ဂစ်ဝှိုက်ကတော့ ယူရို(၂၉.၅)သန်းနဲ့ ပြောင်းရွေ့ကြေး အမြင့်ဆုံး ဖြစ်ခဲ့ရပါတယ်။

Photo Credit : Foot The Ball

နော်တင်ဟမ်ဟာ ကစားသမားသစ် အယောက်(၃၀)အတွက် စုစုပေါင်း ပြောင်းရွေ့ကြေးအဖြစ် ယူရို(၁၈၄)သန်းအထိ သုံးစွဲခဲ့ပြီး ဒီလို ကစားသမားတွေ တစ်သင်းစာလောက် ခေါ်ယူအားဖြည့်ရတဲ့ ရည်ရွယ်ချယ်ကလည်း အသင်းကို ပရီးမီးယားလိဂ်မှာ ဆက်လက် ကျန်ရှိနေဖို့သာ ဖြစ်ပါတယ်။ ဒါပေမယ့် အရေအတွက် ခပ်များများ ခေါ်ယူမှုကတော့ အသင်းမှာ ကစားသမားဦးရေ ဖောင်းပွမှု ဖြစ်စေခဲ့ရပြီး တချို့ကစားသမားတွေလည်း နေရာရဖို့ ခက်ခဲသွားသလို ဖြစ်စေရပါတယ်။ ပီအက်စ်ဂျီနဲ့ အသက်လက်တီကိုမက်ဒရစ်တို့က ကစားသမားတွေအထိ ခေါ်ယူနိုင်ခဲ့တာကတော့ နော်တင်ဟမ်ရဲ့ ကစားသမား ခေါ်ယူမှုကို အသိအမှတ်ပြုချင်စရာ ဖြစ်နေရသလို ဥရောပထိပ်တန်း ကလပ်အသင်းကြီးတွေ လိုက်နေတဲ့ အသက်(၂၁)နှစ်အရွယ် ဘရာဇီးလ် ကစားသမားလေး ဒန်နီလိုကို ခေါ်ယူနိုင်မှုနဲ့ ချန်ပီယံလိဂ်ဖလား(၃)ကြိမ်တောင် ပိုင်ဆိုင်ဖူးခဲ့သူ ဂိုးသမားကြီး ကေလာနာဗက်စ်ကို ခေါ်ယူခဲ့တာတွေက နော်တင်ဟမ်အတွက် အကျိုးရှိလာစေနိုင်ပါတယ်။ လက်ရှိမှာတော့ နော်တင်ဟမ်ဟာ အမှတ်ပေးဇယားရဲ့ အဆင့်(၁၃)နေရာကို ရောက်ရှိနေပေမယ့် တန်းဆင်းဇုန်နဲ့က အမှတ်ကွာဟမှု အလွန်နည်းနေသေးတာဖြစ်လို့ ကစားသမားသစ်တွေရဲ့ အကောင်းဆုံး စွမ်းဆောင်မှုတွေနဲ့ တန်းဆင်းဇုန်နဲ့ ဝေးသနိုင်သမျှ ဝေးအောင် လုပ်ဆောင်ရတော့မှာပဲ ဖြစ်ပါတယ်။