မန်ချက်စတာယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားလို့ free agent player ဖြစ်လာခဲ့ရတဲ့ ဂျက်ဆီလင်ဂတ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူချင်နေတဲ့ ကလပ်အသင်းတွေ များစွာရှိနေကြပြီး ဒီအသင်းတွေထဲမှာ ပရီးမီးယားလိဂ် တန်းတတ်အသင်း နော်တင်ဟမ်ဖောရက်စ်ပါ ပါဝင်လာခဲ့ကာ ကမ်းလှမ်းမှုပါ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

Photo Credit : Manchester United

အသက်(၇)နှစ်အရွယ်ကတည်းက စတင် ပူးပေါင်းခဲ့တဲ့ မန်ယူနိုက်တက်အသင်းနဲ့ အပြီးသတ် လမ်းခွဲထားခဲ့ရတဲ့ အင်္ဂလန် ကွင်းလယ်လူ လင်ဂတ်ဟာ အခုဆိုရင် အသင်းလက်မဲ့ ကစားသမားတစ်ဦး ဖြစ်နေခဲ့ရပြီး သူပြောင်းရွှေ့လိုတဲ့ ကလပ်အသင်း တစ်သင်းသင်းဆီကို စိတ်ကြိုက်ရွေးချယ် ပြောင်းရွှေ့နိုင်မယ့် အခြေအနေမှာ ရှိနေရပါတယ်။ ကွင်းလယ်တိုက်စစ်နေရာနဲ့ ဘယ်ညာ တောင်ပံနှစ်ဖက်မှာပါ ကစားနိုင်သူ လင်ဂတ်ကို ပရီးမီးယားလိဂ် ကလပ်အသင်းများစွာအပြင် မေဂျာလိဂ်အသင်းတွေရော စီးရီးအေနဲ့ လာလီဂါအသင်းတွေကပါ ခေါ်ယူချင်နေတဲ့အတွက် ချိတ်ဆက်မှုတွေ လုပ်ဆောင်လျက် ရှိနေပြီး ဒီအသင်းတွေထဲမှာ ပရီးမီးယားလိဂ်ရဲ့ တန်းတတ်အသင်း နော်တင်ဟမ်ပါ ပါဝင်လာခဲ့ပါတယ်။

Image

Photo Credit : Twitter

၁၉၉၈-၁၉၉၉ ဘောလုံးရာသီနောက်ပိုင်း ပရီးမီးယားလိဂ်ပြိုင်ပွဲနဲ့ အလှမ်းဝေးသွားခဲ့ရတဲ့ နော်တင်ဟမ်ဖောရက်စ်အသင်းဟာ ပြီးခဲ့တဲ့နှစ် ချန်ပီယံရှစ် ပလေးအော့ဖိုင်နယ်မှာ ဟတ်ဒါဖီးလ်အသင်းကို အနိုင်ယူခဲ့ပြီး ပရီးမီးယားလိဂ်ကို ပြန်လည် တတ်လှမ်းလာနိုင်ခဲ့တာ ဖြစ်ပါတယ်။ အခုလို နှစ်ပေါင်းများစွာအကြာမှ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ပြန်ရောက်လာခဲ့တဲ့ နော်တင်ဟမ်အသင်းဟာ လက်ရှိ နွေရာသီ အပြောင်းအရွှေ့ဈေးကွက်အတွင်း ပရီးမီးယားလိဂ် ကလပ်အသင်းတွေထဲမှာ ကစားသမား ခေါ်ယှုမှု အရေအတွက် အများဆုံး လုပ်ဆောင်ထားတဲ့ အသင်းတစ်သင်း ဖြစ်နေရပြီး အသုံးစရိတ်ကိုလည်း ပေါင်(၅၉)သန်းအထိ သုံးစွဲထားခဲ့ပါတယ်။ အန်တိုဝိုယီ နီကိုဝီလီယမ် ဒင်းဟန်ဒါဆန် အပါအဝင် ကစားသမားသစ်(၉)ယောက်အထိ ခေါ်ယူအားဖြည့်ထားတဲ့ နော်တင်ဟမ်ဟာ အခုလည်း အသင်းအတွက် (၁၀)ယောက်မြောက် ကစားသမားသစ်အဖြစ် အသင်းပေါင်းများစွာ အလိုရှိနေတဲ့ လင်ဂတ်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့ပြီး ကမ်းလှမ်းမှုပါ လုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ လင်ဂတ်ကို ကမ်းလှမ်းထားတဲ့ အသင်းတွေထဲမှာ ဝက်စ်ဟမ်းယူနိုက်တက်အသင်းက အခြားအသင်းတွေထက် လက်ဦးမှု ရယူနိုင်ဖို့ အခြေအနေ အကောင်းဆုံး ဖြစ်နေရပေမယ့်လည်း လင်ဂတ်ကိုယ်တိုင်ကတော့ ဘယ်အသင်းကို ရွေးချယ်ရမလဲဆိုတာကို မကြာခင်မှာ ဆုံးဖြတ်သွားတော့မှာပဲ ဖြစ်ပါတယ်။