နှစ်အတန်ကြာမှ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီကို ပြန်လည်တတ်လှမ်းလာနိုင်ခဲ့ရတဲ့ ဥရောပချန်ပီယံဟောင်း နော်တင်ဟမ်ဖောရက်စ်အသင်းဟာ အသင်းရဲ့ ကစားသမားအင်အားကို ဖြည့်တင်းသွားနိုင်ဖို့အတွက် ဂျာမန်ဘွန်ဒစ်လီဂါကလပ် အူန်ယွန်းဘာလင်အသင်းက တိုက်စစ်ကစားသမား အန်ဝူနီရီကို ခေါ်ယူသွားဖို့ အနီးစပ်ဆုံး အခြေအနေကို ရောက်ရှိနေပြီလို့ နာမည်ကျော် ဘောလုံးသတင်းထောက် ဖာဘရီဇီယိုရိုမာနိုက ဖော်ပြသွားပါတယ်။

Liverpool's £6.5m transfer trick could backfire, but time will tell with Taiwo Awoniyi - Liverpool.com

Photo Credit : Liverpool

ချန်ပီယံရှစ် ပလေးအော့မှာ ဟတ်ဒါဖီးလ်အသင်းကို အနိုင်ယူပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ပြန်လည်ရောက်ရှိလာခဲ့ရတဲ့ နော်တင်ဟမ်အသင်းဟာ ပရီးမီးယားလိဂ်မှာ ဆက်လက်ယှဉ်ပြိုင်ခွင့် ရရှိစေဖို့အတွက် ကစားသမားအင်အား ဖြည့်တင်းမှုတွေကို နွေဈေးကွက်အတွင်းမှာ ဆက်တိုက် လုပ်ဆောင်သွားဖွယ် ရှိနေပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အင်္ဂလန်ဂိုးသမား ဒင်းဟန်ဒါဆန်ကို ခေါ်ယူနိုင်ဖို့ အလားအလာကောင်းနေတဲ့ နော်တင်ဟမ်ဟာ အခုလက်ရှိမှာလည်း ပရီးမီးယားလိဂ် ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ တိုက်စစ်မှူး အန်ဝူနီရီကိုပါ ဆက်လက်ခေါ်ယူသွားဖို့ အခြေအနေကောင်းလာခဲ့ရပါတယ်။

Taiwo Awoniyi: "Any player would enjoy playing alongside Max Kruse" | Bundesliga

Photo Credit : Bundesliga

အသက်(၂၄)နှစ်အရွယ်ရှိ နိုင်ဂျီးရီးယား လက်ရွေးစင် တိုက်စစ်ကစားသမား အန်ဝူနီရီဟာ လန်ဒန်မှာ ကျင်းပခဲ့တဲ့ ကိုကာကိုလာ ဘောလုံးပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ရင်းနဲ့ ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့ရပါတယ်။ (၅)နှစ်အကြာမှာတော့ လီဗာပူးလ်အသင်းဆီ ပြောင်းရွှေ့ခွင့်ရခဲ့ပြီး လီဗာပူးလ်အတွက် တစ်ပွဲမှကို မပါဝင်ခဲ့ရပဲ ဖရန့်ဖတ် မိန့်ဇ် အူန်ယွန်းဘာလင်တို့လို ဂျာမန်ကလပ်အသင်းတွေမှာ အငှားကစားသမားအဖြစ် ကျင်လည်ခဲ့ရသလို ၂၀၂၁ခုနှစ်မှာပဲ အူန်ယွန်းအသင်းဆီ အပြီးသတ် ပြောင်းရွှေ့ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက အူန်ယွန်းအသင်းအတွက် ပြိုင်ပွဲစုံမှာ သွင်းဂိုး(၂၀)အထိကို သွင်းယူပေးနိုင်ခဲ့တဲ့ အန်ဝူနီရီဟာ အခုတော့ သူလုံးဝကို မယှဉ်ပြိုင်ဖူးသေးတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဝင်ရောက်ဆင်နွဲနိုင်ဖို့ အခြေအနေကောင်းနေပြီဖြစ်ပြီး နော်တင်ဟမ်အသင်းဆီ ယူရိုသန်း(၂၀)နဲ့ ပြောင်းရွှေ့ဖို့လည်း နီးစပ်နေပြီဖြစ်ပါတယ်။ အန်ဝူနီရီရဲ့ အပြောင်းအရွှေ့သာ အထမြောက်လာခဲ့မယ်ဆိုရင် ဒီအပြောင်းအရွှေ့မှာ အန်ဝူနီရီရဲ့ အသင်းဟောင်း လီဗာပူးလ်ကလည်း ပြောင်းရွှေ့ကြေးရဲ့ (၁၀)%ကိုပါ အကျိုးခံစားခွင့် ရရှိသွားဦးမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။