MySport Myanmar

ဘရိုက်တန် တိုက်စစ်ကစားသမား မူပေးကိုပါ ထပ်မံ ခေါ်ယူသွားဦးမယ့် နော်တင်ဟမ်

ဒီနှစ် နွေရာသီ အပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ ကစားသမားသစ် ခေါ်ယူမှုတွေ အမြောက်အများ လုပ်ဆောင်ထားခဲ့တဲ့ ပရီးမီးယားလိဂ် တန်းတတ်အသင်း နော်တင်ဟမ်ဖောရက်စ်ဟာ ဒီရက်ပိုင်းထဲမှာ ကစားသမား(၃)ဦး ခေါ်ယူထားခဲ့ပေမယ့်လည်း နောက်ထပ် ကစားသမား ခေါ်ယူမှုအဖြစ်နဲ့ ဘရိုက်တန် တိုက်စစ်မှူး နီးလ်မူပေးကိုပါ ခေါ်ယူနိုင်ဖို့ အနီးစပ်ဆုံး ဖြစ်နေပြီလို့ သိရပါတယ်။

Photo Credit : The Sun

ပရီးမီးယားလိဂ်ပြိုင်ကို နှစ်ပေါင်း(၂၃)နှစ်အကြာမှ ပြန်လည် တတ်လှမ်းလာနိုင်ခဲ့တဲ့ နော်တင်ဟမ်အသင်းဟာ ပရီးမီးယားလိဂ်မှာ အချိန်ကြာမြင့်စွာ ကျင်လည်နိုင်ဖို့နဲ့ အချိန်တိုလေးအတွင်းမှာပဲ တန်းမဆင်းရဖို့အတွက် ကစားသမား အင်အားဖြည့်တင်းမှုတွေကို မထင်ထားလောက်အောင် လုပ်ဆောင်နေပြီး လက်ရှိအချိန်ထိ ခေါ်ယူထားတဲ့ ကစားသမားသစ် အရေအတွက်က (၁၅)ယောက်တောင် ရှိနေပြီ ဖြစ်ပါတယ်။ နော်တင်ဟမ်အသင်းဟာ ဒီရက်ပိုင်းအတွင်းမှာပဲ ကွင်းလယ်ခံစစ်ကစားသမား ကူယာတေးကို အလွတ်ပြောင်းရွှေ့ကြေး ဝက်ဖို့ဒ်တိုက်စစ်မှူး အီမန်နူရယ်ဒန်းနစ်ကို ပေါင်သန်း(၂၀) အတ္တလန်တာကွင်းလယ်လူ ဖရူလာကို ပေါင်(၇.၅)သန်းနဲ့ ခေါ်ယူထားခဲ့ပြီး အခုလည်း ဘရိုက်တန် တိုက်စစ်ကစားသမား မူပေးကိုပါ ထပ်မံ ခေါ်ယူသွားဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

Photo Credit : Daily Mail

အာဝိုနီယီနဲ့ ဒန်းနစ်တို့လို တိုက်စစ်ကစားသမားနှစ်ဦး ခေါ်ယူအားဖြည့်ထားတဲ့ နော်တင်ဟမ်အသင်းဟာ နောက်ထပ် အထောင်တိုက်စစ်ကစားသမား မူပေးကို ထပ်မံဖြည့်တင်းသွားချင်နေပြီး အပိုဆုကြေး အပါအဝင် ပြောင်းရွှေ့ကြေး ပေါင်(၁၅)သန်းနဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ ပြင်သစ်တိုက်စစ်ကစားသမား မူပေးဟာ လက်ရှိမှာ ဘရိုက်တန်အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိနေတော့တာဖြစ်ပြီး အသင်းနဲ့ သက်တမ်းတိုးဖို့ထက် နော်တင်ဟမ်အသင်းဆီ ပြောင်းရွှေ့ဖို့သာ ဆန္ဒရှိနေကာ ၂၀၂၆ခုနှစ်အထိ သက်တမ်းရှိတဲ့ (၄)နှစ်စာချုပ်ပါ ချုပ်ဆိုသွားဖွယ်လည်း ရှိနေပါတယ်။ ဥရောပချန်ပီယံဟောင်း နော်တင်ဟမ်အသင်းဟာ နွေဈေးကွက်အတွင်း ဂိုးသမားဒင်းဟန်ဒါဆန် ဂျက်ဆီလင်ဂတ် နီကိုဝီလီယံစ် ဖရူလာ ဒန်းနစ်နဲ့ အာဝိုနီယီတို့လို ကစားသမားကောင်းတွေကို ခေါ်ယူနိုင်ခဲ့ပြီး မနေ့ညက ဝက်စ်ဟမ်းအသင်းနဲ့ ရင်ဆိုင်သွားခဲ့ရတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၂)မှာ တိုက်စစ်မှူးသစ် အာဝိုနီယီရဲ့ သွင်းဂိုးတစ်ဂိုးတည်းနဲ့ နိုင်ပွဲ စတင်ရရှိခဲ့သလို အဖိုးတန် (၃)မှတ်ကိုလည်း စတင် ပိုင်ဆိုင်သွားခဲ့ပါတယ်။ လာမယ့်တစ်ပတ်မှာတော့ နော်တင်ဟမ်အသင်းက ဒီရာသီမှာ တစ်မှတ်မှ မပိုင်ဆိုင်နိုင်သေးတဲ့ အဲဗာတန်အသင်းနဲ့ ဂွတ်ဒီဆင်ပတ်ခ်မှာ ထိပ်တိုက်ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။

Exit mobile version